သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို   (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ ရွာလယ်လမ်း၊ အိမ်အမှတ် (၃၁၁/၂၀၈၆) ရှိ “Htet Aung” အလှမွေးတိရိစ္ဆာန်နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်း လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(3:0၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခရပ်ကွက်၊ နယ်မြေ ၆၊ အိမ်အမှတ် ၆/၇၅ ရှိ “May Lin” အလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်းလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၁) လမ်းရှိ Say Paing Footwear & T-Shirt” ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

 DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ Min Bhone May May” ကလေးအသုံးအဆောင်ပစ္စည်းနှင့် အထည်အလိပ်များရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

 DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(:၃၀) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ Zar Lay” အလှကုန် ပစ္စည်းများရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

လှိုင်ရတနာဈေးတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

       ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာဈေးတွင်ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ခံ ဦးဇော်အောင်တို့နှင့် ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လှိုင်ရတနာဈေးတွင်ရောင်းချနေသော  အသင့်သောက်အချိုရည်များဖြစ်သော Sunkit၊ Pocari Sweat၊ Kick၊ KATO၊ Ve Ve၊ Genbo၊ Speed အစရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိခဲ့ရပါသည်။ ဈေးများတွင်ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အ သားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာပါရှိသော စားသောက်ကုန်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

          (၁၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် Yoma Nominee Co.,Ltd ရုံးခန်းတွင် စီးပွားရေးလုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၄) ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်စနစ်ဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခင်စီးပွားရေး လုပ်ငန်းရှင်များအား မြေပြင်စစ်ဆေးခြင်းမပြုဘဲ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားခဲ့ရာ ယခုအခါတွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို လုပ်ငန်းရှင် (၂)ဦးတက်ရောက်ပြီး ဆွေးနွေးပွဲကို (၁၃:၂၀) နာရီမီးနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မင်းဘူးမြို့ပေါ်ရှိ "ဘူးမင်း" အာလူးကြော်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ် တာ ဝန်ခံဦးမြင့်ကြည်နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ထုတ်လုပ်သော ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြစေရေးအတွက် စည်ပင် သာ ယာရေးအဖွဲ့တို့ပူးပေါင်း၍ (-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:30)အချိန်တွင် မင်းဘူးမြို့၊ အမှတ်() ရပ်ကွက်၊ ရှမ်းစုရပ်ရှိ "ဘူးမင်း" အာလူးကြော်လုပ်ငန်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် မင်းဘူးမြို့နယ်တာဝန်ခံမှ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသောအခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား()ချက်အား ပြည့်စုံ မှန်ကန်စွာထည့်သွင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဦးစာပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ လိုက်နာရမည့်တာဝန်များကိုသိရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည် ရွယ်ချက်များသိရှိစေရန် ရည်ရွယ်၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီခန်းမ၌ ကျင်းပပြုလုပ်သော လပိတ်လုပ်ငန်းညှိအစည်းအဝေး  အခမ်းအနားတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် မင်းဘူးမြို့နယ်တာဝန်ခံမှဌာန၏ သမိုင်းကြောင်း၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ် အသား()ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုရေး၊ တိုင်ကြားခွင့်၊ ကုစားခွင့်များအကြောင်းအား အသိပညာပေး ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် မြို့နယ်ခွဲရုံးခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးက စားသုံးသူ၏ အဓိပ္ပါယ်၊ အွန်လိုင်းစနစ် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အခွင့်အရေး (၈) ချက်၊ တာဝန်(၄)ချက် အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်းအတွက် အားသာချက်၊ အားနည်းချက်များအား ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့်နေရာများနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၇)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲသို့ (၁၁:၀၀) နာရီအချိန် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ