သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အေးချမ်းမိုးသောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌‌‌ဒေးရဲမြို့နယ်ဦးစီးမှူးရုံးမှ  မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည် (၂၀.၄.၂၀၂၆)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင်ဒေးဒရဲမြို့‌ ချောင်းဖျား‌ကျေးရွာရှိ အေးချမ်းမိုးသောက် ရေသန့်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပုဒ်မ(၄၁)နှင့်ကိုက်ညီခြင်းရှိ/ မရှိကို ဈေးကွက်မရောက်မီ ကုန်စည်များကို သွားရောက်စိစစ်ခဲ့ပါသည်။
              ထိုသို့စိစစ်ခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ နှင့် FDA ထောက်ခံချက် ရှိ/ မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအားစိစစ်ခဲ့ပြီး၊ စက်ရုံတာ၀န်ခံအားသောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ လိုအပ်သလို အခြားသက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

စာဖတ်ပြည်သူများအားစားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြော

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်(၁၀)ဦးအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။         
         ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံက စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအားရှင်းလင်းပြောကြားခဲ့ပြီးစားသုံးသူများသာမက  ကုန်စည်၀န်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များပါစားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်သိရှိလိုသည်များကိုမည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်းအသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထွန်းရနာလင်း ဆန်စက်သို့MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

           ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ    မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည်   ဘုရားက ‌လေးကျေးကွင်း‌ကျေးရွာရှိ “ထွန်းရတနာလင်း” ဆန်စက်သို့ ၂၀၂၆ခုနှစ်၊‌ဧပြီလ (၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
        မြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပက်သက်၍ ဆန်ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး၊ ထုတ်လုပ်သော ကုန်စည်ပေါ်တွင် တံဆိပ်ရိုက်နှိပ်ထားရှိမှု၊ ထုပ်ပိုးမှု နည်းစနစ် များ၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေနှင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေ၊ ဆန်စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကို အခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှု အခြေအနေများနှင့်  ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ်မြေပြင် သိုလှောင်မှုအခြေအနေမှန် စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၈၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

 

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 7,၂၈၅ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန် များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် မတ်လအတွင်း ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ပခုက္ကူပညာရေး ဒီဂရီကောလိပ်၌ တွဲဖက်ပါမောက္ခ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်း ဆရာ/ဆရာမများ၊ အဝေးပြေးကားကွင်း ဂိတ်တာဝန်ခံနှင့် ယာဉ်မောင်းများ (အသင်းအဖွဲ့)အား စားသုံးသူကာကွယ်ရေး အသိ ပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ် အနေဖြင့် မြို့နယ်တာဝန်ခံမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ပြန်/ဆက် ရုံး၌ဖွင့်လှစ်သော  အကြီးတန်းအခမဲ့ ပန်းချီသင်တန်းကျောင်း၌ အသိပညာပေးခြင်း၊  ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ပြန်/ဆက်ရုံး ၌ဖွင့်လှစ်သော အခမ်းအနားမှူး သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ (၂)ကြိမ်၊ စုစုပေါင်း(၈)ကြိမ် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊မြို့မဈေးအတွင်းရှိစားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးကင်း လုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး အတွက် (၃.၄.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချ လျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိ သည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

    ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၁  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ) နှင့်ဝန်ထမ်း (၂) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့်ပူးပေါင်း၍ ပုပ္ဗ သီရိမြို့နယ်အတွင်းရှိ  ရွာတော်မင်္ဂလာဈေးတွင်  စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊        ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင်  စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့် မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း        သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

ဘီးလင်းမြို့ မင်္ဂလာဈေးအတွင်း ရောင်းချရသော ယိုမျိုးစုံတို့အား ကွင်းဆင်းစစ်ဆေး

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံသည် (၁၀.၄.၂၀၂၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ မင်္ဂလာဈေးအတွင်းရှိ မုန့်မျိုးစုံရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ယိုမျိုးစုံတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းစေရေး ရည်ရွယ်၍ ယိုမျိုးစုံတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံဖော်ပြထားခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါ တို့ကို အထူးဦးစားပေး စစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသည့် ကုန်စည်များအား ရောင်းချဖြန့်ဖြူးခြင်း မပြုရန် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မုန့်မျိုးစုံရောင်းချနေကြသော ဆိုင်ရှင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ မှတ်သားလိုက်နာရမည့် အချက်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်ဦးဆောင်၍ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်တို့သည် ၂၁-၄-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းမြောက်ရပ်ကွက် ရှိ Win (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ One Tea အမှတ်တံဆိပ်ပါ နို့စိမ်းသည် နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း  ဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါထားမှုမရှိသော ကုန်စည်များကို ဝယ်ယူရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် ဆင်တူ ရိုးမား အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCAကချင်)

ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               ၂၀၂၆  ခုနှစ် ၊ ဧပြီ ၁၀ ရက်နေ့ ၊ နံနက် (၈း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့၊စည်ပင်သာယာစျေးအတွင်းရှိ ကုန်စုံဆိုင်များ အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူသူပြည်သူများ‌ဘေးအန္တရာယ် ကင်း ရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး နှင့်စားသောက်ကုန်များအား သက်တမ်းကုန်လွန်ခြင်းများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင်မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန် ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ