သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းမှုများပြားလာ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများဆောင်ရွက်ရာတွင် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများ ကို ကာကွယ်နိုင်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ဇွန်လ ၂၂ ရက် နံနက်ပိုင်တွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။ စားသုံးသူပြည်သူများသည် နေ့စဉ်လူမှုဘဝတွင် ဝယ်ယူသုံးစွဲနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ နှင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို သိရှိလိုသဖြင့် 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း  Consumer Call Center နံပါတ် 1535 သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင် ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ စားအုန်းဆီ ကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကာ  စားသုံးသူမိဘပြည်သူများ လက်ဝယ်သို့ ဆီအမှန်တကယ်ရောက်ရှိစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် စနစ်တကျခွဲတမ်းချ ရောင်းချပေးနေမှုရှိ/ မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် မိမိသဘောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မတရားသဖြင့် ဈေးကစားခြင်းများရှိ/ မရှိ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆီများကို သုံးစွဲနိုင်ရန် စားအုန်းဆီ အရည်အသွေး မှန်ကန်မှု ရှိ/ မရှိနှင့် ဝယ်ယူသူများ နစ်နာမှုမရှိစေရန် အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိ/ မရှိ၊ စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းပြီး ဈေးကစားခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။"

          ယခုကဲ့သို့ ကွင်းဆင်းကြီးကြပ်ခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသည် စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူရရှိလျက်ရှိကြောင်းနှင့် ဆီလာရောက်ဝယ်ယူသူ စားသုံးသူပြည်သူများကိုလည်း စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကိုပါ တစ်ပါတည်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်မျိုးစုံ လက်လီ/ လက္ကားရောင်းချနေသော လုပ်ငန်းရှင်များအား အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ခြင်း

     ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၂၃ )ရက်နေ့၊ နေ့လယ် ( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းများ လက်လီ/လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ရာ မိတ်ဖက်ဌာနဆိုင်ရာဝန်ထမ်း( )ဦးနှင့် လုပ်ငန်းရှင် ( ၂၀ )ဦး တက်ရောက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး( ပြည်နယ်ဦးစီးမှုး ) က စားသောက်ကုန် ပစ္စည်းများ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ဖြန့်ဖြူးရောင်းချသော စားသောက်ကုန် များအား စားသုံးသူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ် ထားသော အချက်အလက်များထည့်သွင်းသွားရန်လိုအပ်ပါကြောင်း၊ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာသော စားသောက်ကုန်ပစ္စည်းများ မရောင်းချကြရန်လိုအပ်ပါကြောင်း  အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသောက်ကုန်ပစ္စည်းများ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချနေ သော လုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ ပြီး  တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် ( ၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

“ ပြည်တွင်းရှိMSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အေးသာယာရပ်ကွက်၊ သဇင်(၁၀) လမ်းရှိ “စူပါ”ပါပလာကြော်နှင့် ပါပဘာ(အစိမ်း)များ ဖြန့်ဖြူးရောင်းချသည့် (MSME)လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်မှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ဇွန်လ(၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၎င်းလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် “စူပါ” တံဆိပ်ဖြင့် ပါပလာကြော်နှင့် ပါပလာ(အစိမ်း)တို့တွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးပြီး ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် ပြည်တွင်းရှိ (MSME)လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများအား အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊မင်းဘူးမြို့ အ.ထ.က(ခွဲ)မြို့မကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်တာဝန်ခံဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့အပါအဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၃..၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၊ ..က (ခွဲ)မြို့မကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ()နှင့်()တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်းဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင် ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၇)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးသင်တန်းအမှတ်စဉ် (၃/၂၀၂၆)ကြိမ်မြောက်ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ ဝန်ထမ်း များအနေဖြင့် အသိပညာဗဟုသုတများ ရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊  အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရာ၌အဆင်ပြေချော မွေ့မှုရှိစေရန်နှင့် စွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍  (၁၁.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ(၁၂..၂၀၂၆)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာ ပေးသင်တန်း အမှတ်စဉ်(၃/၂၀၂၆) ကိုကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။

          အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌါန်း ထားသော အခန်း(၇)စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၈)စားသုံးသူရေးရာ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊   အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့််အခန်း (၁၂)ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ်စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေး စသည့်အခန်းများအား မှတ်သားရာတွင် လွယ်ကူစေရေးအတွက် အခန်းအလိုက်ပါဝင်သည့် ပုဒ်မ   အဓိကအကြောင်းအရာများအားလမ်းညွှန်မှုပြုထားသည်နှင့်အညီပါဝါပွိုင့်ဖြင့်ရှင်းလင်းပို့ချခဲ့ပြီး ဝန်ထမ်း များနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဦးစားပေး ကုန်စည်(၁၀)မျိုး မှ အသင့်စားမုန့် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၂၂..၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင်ပခုက္ကူမြို့၊ အမှတ်()အခြေခံ ပညာအထက်တန်းကျောင်း မုန့် ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ-၄၁ ()နှင့် ()ပါ ကုန်စည်၏ အမျိုးအစည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး  (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက် အလက်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ အသိပညာ ပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့် ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့အစား အစာမုန့်မျိုးမျိုး၊ မုန့်ဟင်းခါး/ခေါက်ဆွဲသုပ်များနှင့် ကြာဇံကြော်များကိုသာ အများဆုံးရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။     

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိစားသောက်ဆိုင်များသို့သွားရောက်၍ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၂..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင် များသို့ သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ပူးပေါင်းအဖွဲ့များသည် အစား အသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစား အသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ် သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက် များကို အသိပေး ဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် လိုအပ်ကြောင်း သို့မှသာ စားသုံးသူ၏ အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး  စားသောက်ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက်ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှဒု-ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ ပေါ်ရှိအွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းကို (၂၂.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင်ထား သည့် လုပ်ငန်းရှင်ထံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများအား ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချ ခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း၊ အွန်လိုင်း ရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင် လက်မှတ်ရရှိပြီးနောက် တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ ကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိ ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ် ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ ဆောင်ရွက်လျက်ရှိပါသည်။

    ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် FDA၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍(၁၉.၆.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အာလူးကြော် လုပ်ငန်းရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည် များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန် လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးက ပြောကြားခဲ့ပြီး အလုပ်ရုံ၏လုပ်ငန်းလည်ပတ် နေမှုအခြေအနေအား လေ့လာခဲ့ပါသည်။  ဈေးကွက်မရောက်မီ ဖြန့်ဖြူးမည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာပါဝင်သည်ကို သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ