သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       ဖျာပုံမြို့နယ်၊ အ.မ.က(၁၄)မြို့ဦးကျောင်း၌ ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲ တွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အကြောင်းများ ဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတု အရောင်ဆိုးဆေး များ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန် ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကြည့်ဝယ်ရန်တို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ၊ မဲဇလီ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ပြန်/ဆက်ဦးစီးဌာန၊ အား/ကာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မဲဇလီကျေးရွာ၊ မဲဇလီ အ.မ.က  ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ အကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်း၊ ဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း (၈၆ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ(၁၆) ရက်နေ့တွင် ဆီလုပ်ငန်းရှင် (၁၁) ဦးဖြင့် ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အမှုဆောင် အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ/ လက်ကား ကိုယ်စားလှယ်များ အား ကျေးရွာ၊ရပ်ကွက်၊ အိမ်ထောင်စုများကို ဆီစာအုပ်ဖြင့် ရောင်းချ နေမှုအခြေအနေများအား စနစ်တကျ ဆောင်ရွက်ထားရန် ၊ အရည်အသွေး ပြည့်ဝသော ဆီများ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်စွာ ရောင်းချပေးရန် ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပတ်စဉ် ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြိုနယ် ဆန်စက်ပိုင်ရှင်များအား MyROတွင်မှန်ကန်စွာ စာရင်းရေးသွင်း တွေ့ဆုံ ဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒီဇင်ဘာလ လဆန်း ၇ ရက်အတွင်း မိမိဆန်စက်၊ သိုလှောင်ရုံ၏ အမှန်တကယ်သိုလှောင်မှု စာရင်းအားMyROတွင်ပုံမှန်ရေးသွင်းဆောင်ရွက်ရေးကို ဆန်စက် လုပ်ငန်း ရှင်(၁၉)ဦးအား ၅-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အသိပေးဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် မအူပင်ခရိုင်ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ဆန်စက် လုပ်ငန်းရှင်များ ကိုMyRO လုပ်ငန်းကို စတင်လုပ်ဆောင်ရခြင်းမှာ စပါး/ဆန်သိုရုံများ သိုလှောင်မှု အမှနမ်စာရင်းကို သိနိုင်ရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်စာရင်းပြုလုပ်ခြင်းမှာ ပထမ အခြေခံအချက်ဖြစ်ပြီး၊ နိုင်ငံတော်မှ စီမံခန့်ခွဲမှု နယ်မြေအချက်အလက်မှန်မှ စာရင်းအမှန်ကို အများပြည်သူနှင့် နိုင်ငံတကာသိရှိနိုင်အောင် တင်ပြဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  လစဉ် လဆန်း ၁ရက်မှ ၇ရက်အတွင်း မိမိသိုလှောင်မှု အမှန်ကို မဖြစ်အမနေစာရင်းသွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  လုပ်ငန်းရှင်တို့ဘက်မှ စာရင်းဖြ်ည့သွင်းရန် မသိရှိသောအချက်အလက်မျာကို မေးမြန်းတင်ပြကြသည့်အခါ တာဝန်ရှိသူမှ လုပ်ငန်းရှင်များကို ကိုယ်တိုင်ဖြည့်သွင်း‌ဆောင်ရွက်နိုင်ရန် နည်းလမ်းပြသ သင်ကြားပေးခဲ့ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း မိမိတို့ဌာန၏ ညွှန်ကြာချက်အရ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြီး ဆန်စက်မှ ရန်ကိုတင်ပို့မှုရှိပါက  ကုန်ပစ္စည်းများ တင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူ သတင်းပေးပိုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့်အတူ နယ်စပ်ရေးရာ သင်တန်းကျောင်းတွင် ၅-၁၂-၂၀၂၅ ရက်နေ့  နံနက် ၉ နာရီ ၃၀မိနစ် အချိန်က မြို့သစ်ရပ်ကွက် အ.ထ.က ကျောင်း တွင် ကျောင်းသား/သူ ၁၂၀ ဦး အား ဟောပြောခဲ့ ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်းက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက် အလက်များသိရှိရန်၊ စားသုံးသော အစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ရိုင် ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းလုပ်ရှာမှုများကို ဦးစီးဌာန၏ WEBSITE တွင်ဝင်ရောက်ကြည်ရှုလေ့လာနိုင်ကြောင်းကို  အသိပညာပေး ဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

  မင်းလှမြို့နယ်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောခြင်း

    ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနရုံး၌ အွန်းလိုင်း စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ကုန်စည်အုပ်စု(၂၂)အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု (၁၄)အုပ်စု သတ်မှတ်၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လျှောက်ထားရန် အခြေခံလိုအပ် ချက်များအား သိရှိရန်လိုအပ်ပါကြောင်း အွန်လိုင်းရောင်းဝယ်ခြင်း လုပ်ငန်းသည့် အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာ စာအ  မှတ်(၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်ထုတ်ဝေခဲ့ပါကြောင်း မည်သူမဆိုအွန်လိုင်းဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံ တင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး (၆)လပြည့် သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅)အရ အရေးယူခံရမည်ကိုသိရှိစေရန်နှင့် အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မှတ်ပုံတင် ရယူ၍  ရောင်းဝယ်ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 “ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအား GAP/GHP သင်တန်းပို့ချခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပဲစိုက်တောင်သူများ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ရာတွင် GAP/GHP နည်းစနစ်များအတိုင်းစိုက်ပျိုးပြီး ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော အရည်အသွေးမြင့် ပဲတီစိမ်းများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ တောင်သူ နည်းပညာပေးသင်တန်းကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ခရမ်းမြို့ နယ်အားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။

      ထိုတောင်သူနည်းပညာသင်တန်းသို့ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်သွေးစီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးပွင့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်တို့ တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ ပဲစိုက်တောင်သူများအား ပဲတီစိမ်းစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများအား ဆွေးနွေးပို့ချခဲ့ ပြီးသင်တန်းသို့ ပဲစိုက်တောင်သူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများအား နည်းပညာပေးစာအုပ်များ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လက်ပံတန်းမြို့နယ်စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မြို့မရပ်ကွက်(၂)လမ်း၌စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် (၁၆.၁၂.၂၀၂၅) ရက်နေ့ ၊ နေ့ လယ်  (၁၃:၀၀ ) နာရီအချိန်တွင်၊ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဦးစီးမှူး-ဒေါ်ခိုင်ခိုင်ရီ  မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှု့၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်း မှန်ကန် သော သတင်းအချက်အလက် များပေးခြင်း၊စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူကလက်ခံသုံးစွဲ  နိုင်သောအရည်အသွေးရှိခြင်း ကုန်စည်၏ အရည်အသွေးအချိန် အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်း စေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက်  သင့်လျော်မှုရှိခြင်းများကို   အထူးအလေးထား ဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့ရေသန့်စက်ရုံကွင်းဆင်း

 

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အမှတ် (၄၆) နှင်းဆီလမ်း၊ချမ်းမြေ့ သာမြေမိုးညိုတန်းရပ်ကွက်ရှိ Jade Land သောက်ရေသန့်စက်ရုံသို့ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိနှင့်ကျန်းမာရေးနှင့်အညီ ထုတ်လုပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          Jade Land သောက်ရေသန့်စက်ရုံသည် 20 liter ရေသန့်ဘူးတစ်မျိုးသာ ထုတ်လုပ်ဖြန့်ဖြူးပြီး တစ်ရက်လျှင် ဘူး၂၅၀ မှ ၃၀၀ အထိ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။စည်ပင်လိုင်စင်၊FDA ထောက်ခံချက် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်လုပ်ဖြန့်ဖြူးခွင့်၊ ကုန်အမှတ်တံဆိပ်များ ပြည့်စုံ ကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်များ ဘေးကင်းလုံခြုံမှုရှိစေရန် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်များ ဘေးကင်းလုံခြုံမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုရှိစေရန် ဒိုက်ဦးမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ