သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးငယ်များဘေးအန္တရာယ် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင် တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် (၈.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀)အချိန်တွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတွင် ကုန် အညွှန်းအမှတ်အသားပြည်စုံစွာပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ရောင်းချနေသာ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများတွင် အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မ တည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ် ပြန်ထားသည့် (၂/၂၀၁၉)ပါ ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန် အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို သာရောင်းချစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ ကျောက်ဆည်မြို့ရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

             ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား သွားရောက်ပြီး တာဝန်ခံနှင့် တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုပတ်သက်သည့် အချက်များအား ဆွေးနွေး ပြောကြားခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာ ဦးစီးဌာနမှ ဦး‌စိုးမင်းထွန်း(ဒု-ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေး များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များစသည့်စားသုံးသူ ကာကွယ်ရေးဥပဒေပါ အချက်မျာအား လိုက်နာရန် လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး ၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက်အရေးကြီးဆုံးသော အင်တာနက်ဝန်ဆောင်မှု တစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရေး ၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ ၊ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့ သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိအောင်ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များ မဖြစ် ပေါ်စေရန်လိုအပ်ကြောင်း ၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှု များနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ နှင့် ရှင်းလင်း ကြိုတင်အသိပေးဆောင်ရွက်သွားရန် နှင့် ဝန်ဆောင်မှုကို  ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်း စည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ် ၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန် ၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှု မရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ပါသည်။

DOCA (မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ဌေးဌေးယိုစုံ လုပ်ငန်းအား ကွင်းဆင်းစိစစ်”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၊ငှက္ကတောင်ရပ်ကွက်ရှိ ဌေးဌေးယိုစုံ လုပ်ငန်းအား အောက်တိုဘာ(၂၈)က်နေ့တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်နှင့် ကုန်အညွန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး (Pre Market) စျေးကွက် မ‌ရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ ပါသည်။ ထိုသို့ စစ်ဆေးရာတွင်  ဌေးဌေးယိုစုံ လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများ စနစ်တကျသိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့်လုပ်ငန်းရှင်မှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရန်အလေးထားဆောင်ရွက်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

DOCA (မန္တလေး)

 

“အွန်လိုင်းအသုံးပြု၍ စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြုလုပ်”

            မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်တာဝန်ခံရုံး၌ အောက်တိုဘာလ(၂၈) ရက်နေ့တွင် အွန်လိုင်းအသုံးပြု၍  စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးသက်လွင်ထူး(ဦးစီးအရာရှိ)က အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူရာတွင် အားနည်းချက် အားသာချက်များ၊ မှတ်ပုံတင်ရမည့် ကုန်စည်/ဝန်ဆောင်မှု အမျိုးအစားများ၊ လိမ်လည်မှု အမျိုးအစား(၂)မျိုး၏အကြောင်းအရာများ၊အွန်လိုင်းဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်စားသုံးသူများ၊သိသင့်သိထိုက်သည့်အကြောင်းအရာများ၊အွန်လိုင်းဖြင့်ရောင်းချပါက www.doca. ecomreg.gov.mm သို့ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း၊  မှတ်ပုံတင် လျှောက်ထားမှုမရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရ မည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်  တာဝန်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကတိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့ကြောင်း၊ ၎င်းဟောပြောပွဲသို့ လုပ်ငန်းရှင်(1၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ၁၁/၂၀၂၅  လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး တိုင်းဒေသကြီးဦးစီးမှူး  ဦးဆောင် ၍ လစဉ်ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်၌ Online virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှတာဝန်ခံများ၊ ခရိုင်ဦးစီးမှူး များနှင့် ဒု-ခရိုင်ဦးစီးမှူးများ၊ ခရိုင်တာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံများမှ လုပ်ငန်းဆောင် ရွက်မှုများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဟောပြောဆွေးနွေးကြရာ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ယခင်လ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ နှင့် ယခု နိုဝင်ဘာလတွင်လည်း ဈေးကွက်ကွင်းဆင်းဆောင်ရွက်မှု၊ အသိပညာပေးဟောပြော ဆွေးနွေးပွဲများ၊ ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းမှုများအား လျာထားချက်ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး မြင်းခြံခရိုင်မှ အရာထမ်း(၃) ဦး၊ အမှုထမ်း(၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)

 

“ ခရမ်းမြို့နယ်၌ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပေးချေရသောတန်ဘိုးနှင့်အညီ အရည်အသွေးပြည့်ဝသော ဆန်များရောင်းချနိုင်စေရန် ရည်ရွယ်၍ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးနှင့် ဈေးပြင်ပတွင် ရောင်းချနေသော ဆန် လက်လီ/လက်ကား အရောင်းဆိုင်များအား နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်လက်လီရောင်းချသော ဦးချစ်ညွှန့်၏ ကရင်ကန်ဆန်ဆိုင်၊ ဦးအောင်ဝင်း၏ ပြည့်ဝဆန်ဆိုင်နှင့် ဈေးပြင်ပတွင် ရောင်းချသော ဒေါ်နှင်းမိုးဇော်၏ ဒေါ်သောင်းသောင်းဆန်ဆိုင်၊ ဦးသိန်းဝင်းအောင်၏ ရွှေခြင်္သေ့ ဆန်ဆိုင်နှင့် ဒေါ်ရီရီ၏ ငြိမ်းဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်ကြမ်း၊ ဆန်ချော တစ်ပြည်၊ တစ်အိတ်ဈေးနှုန်းများ၊ ယခင်ပတ်၊ ယခုပတ်ဈေးနှုန်းများအား ကောက်ခံစစ်ဆေးရာတွင် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းများ ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ဆန်ဆိုင်ပိုင်ရှင်များအား  ဝယ်ယူဈေးထက် အမြတ်ရာခိုင်နှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆန်တန်(၂၅)တန်နှင့်အထက် သိုလှောင်ထားပါက မြန်မာဆန်စပါး အွန်လိုင်း( MyRo) www.myro.com.mmတွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်လက်မှတ်လျှောက်ထား၍ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စာရင်းထည့်သွင်း ဆောင်ရွက်ကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၁.၁၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

           ၁၁.၁၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၃၀၀၀/၁၃၅၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၃၅၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၄၅၀၀အောင်ပန်းထူး-၄ ကျပ် ၅၅၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၅၅၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၃၅၀၊  ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၉၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၅၀၀၊ တောင်သာ (သစ်) ရှယ် ကျပ် ၁၃၅၀၊ တောင်သာ (သစ်) လတ်ကြီး ကျပ် ၁၀၅၀၊ တောင်သာ (သစ်) လတ်သန့် ကျပ် ၇၀၀၊ တောင်သာ (သစ်) လတ်ချော ကျပ် ၄၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၇၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၃၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၉၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၅၅၀၊ ပခုက္ကူ (သစ်) ရှယ် ကျပ် ၁၆၀၀၊ ပခုက္ကူ (သစ်)လတ်ကြီး ကျပ် ၁၃၅၀၊ ပခုက္ကူ (သစ်)လတ်သန့် ကျပ် ၉၅၀၊ ပခုက္ကူ (သစ်)လတ်ချော ကျပ် ၆၀၀ ရှိကြောင်း အောင်ပန်း အိုကေ(သစ်) ကျပ် ၅၀၀၀၊ အောင်ပန်း အက်စ်ဝမ်း(သစ်) ကျပ် ၅၅၀၀၊ အောင်ပန်း အက်စ်တူး(သစ်) ကျပ် ၆၃၀၀၊ တရုတ်အာလူး ကျပ် ၆၅၀၀/၆၇၀၀ ရှိကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ် ၁၀ မှ ကျပ် ၀  ဈေးနှုန်းကျပါကြောင်းနှင့် အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးနှုန်းကျပါကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/ မရှိတို့ကို  (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာ၊ အိမ်အမှတ် ၂၂  ရှိ  “Mom’s Choice   (မေ့မေ့ရွေးချယ်ရာ)” မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်း လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို   (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ ရွာလယ်လမ်း၊ အိမ်အမှတ် (၃၁၁/၂၀၈၆) ရှိ “Htet Aung” အလှမွေးတိရိစ္ဆာန်နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်း လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(3:0၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခရပ်ကွက်၊ နယ်မြေ ၆၊ အိမ်အမှတ် ၆/၇၅ ရှိ “May Lin” အလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်းလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ