သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မဈေးအတွင်းရှိ (Consumer Pack) အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦး မြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း များကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိရာ ၂.၄.၂၀၂၆ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မဈေးအတွင်းရှိ (Consumer Pack) အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့ သည် မိတ်ဖက်ဌာနများဖြစ်သော ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မ ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား (Consumer Pack) အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချ ပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး စစ်ဆေးခဲ့ပါသည်။ ဈေးကွက် စောင့်ကြည့် စစ်ဆေးရာတွင် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မဈေးအတွင်းရှိ (Consumer Pack) အမှတ် တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ရောင်းချသော အရောင်းဆိုင် (ကုန်စုံဆိုင်)များအားလုံး သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်၌စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီရောင်းချ‌ရေးကွင်းဆင်းစစ်ဆေး

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံခံခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက ဦးဆောင်၍ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်း ဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံ ဒေါ်မိုးစန္ဒာနှင့် ဝန်ထမ်းများ မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ၊စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့က စားအုန်းဆီဖြန့်ဖြူး ရောင်းချသူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ  ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာခွဲတမ်းများကို ပြည်သူများထံအမှန်တကယ်ရောင်းချမှု ရှိ/မရှိ ဘူးသွင်းဆီများ ဈေးနှုန်းမြင့်တင်စွာ  ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။မင်းလှမြို့နယ်တွင်  (၁၂) ဦးက ပြည်သူများဝယ်ယူ စားသုံးမှု အစဉ် ပြေစေရေးအတွက် အိမ်ထောင်စုအနည်းအများအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  ဌာနဆိုင်ရာများ အသင်းအဖွဲ့များနှင့် ပင်စင်စားများကိုလည်း ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်၌စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီရောင်းချ‌ရေးကွင်းဆင်းစစ်ဆေး

                       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားအုန်းဆီ လက်လီ/ လက် ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို  တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၏  ကြီးကြပ်ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေး အဖွဲ့ ၊ မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/  မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့သည် မြို့မဈေးနှင့် လက်ကားအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                         ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်အောင် လက်ပံတန်းမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့နှင့်  ခရိုင်/ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ပူးပေါင်းအဖွဲ့သည် စားအုန်းဆီဖြန့် ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲဖြန့် ဖြူးရောင်းချမှု ရှိ/မရှိ၊အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ဆီစာအုပ်များ စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသောဆီပိဿာ ချိန် ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှုရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ လက်ပံတန်းမြို့နယ်အနေဖြင့် မြို့ပေါ်(၄) ရပ်ကွက်၊ကျေးရွာအုပ်စု(၄၉) အုပ်စုရှိ အိမ်ထောင်စု တစ်စု လျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၃)ဦး၊ လက်လီအရောင်း (၅၀) ဦးမှ တစ်လလျှင် ဆီပေပါပေါင်း ၆၁၂ ပေပါ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ နှင့် ပင်စင်စားများကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်း‌‌ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌ၏ ကြီးကြပ် ဦးဆောင်မှုဖြင့် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၆ခုနှစ် ဧပြီလ ၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                   ထိုစစ်ဆေးမှုတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေး အတိုင်းရောင်းချမှုရှိ/မရှိ၊အလေးချိန်မှန်ကန်မှုရှိ/မရှိ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့်  ရရှိသောဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှုရှိ/မရှိကို စစ်ဆေးဆောင်ရွက် ခဲ့သည်။အုတ်ဖိုမြို့နယ်အနေဖြင့် မြို့ပေါ်(၁၀)ရပ်ကွက်၊ကျေးရွာအုပ်စု(၄၆)အုပ်စု၊အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ်(၁)ဦး၊လက်လှကိုယ်စားလှယ် (၄၁) ဦးမှ တစ်လလျှင်ဆီပေပါပေါင်း (၄၁၂)ပေပါဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊အသင်းအဖွဲ့ များ၊ပင်စင်စားများနှင့် သာရေး၊နာရေးဆိုင်ရာကိစ္စများအတွက်ကိုလည်း တစ်လလျှင်တစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည်(၂၀-၄-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ် ငန်းနှင့်စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း မရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ၊ပုဒ်မ (၅)အရအရေးယူခံရမည်ဖြစ်ကြောင်း ယခုအခါအွန်လိုင်းစနစ်ဖြင့် ရောင်းချနေ သော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ် ကိုမှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူ နှစ်ဦးနှစ်ဖက်လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

                   ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့၊ နေ့လည် (:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ မြို့သစ်ရပ်၊ ရပ်ကွက် ()အတွင်းရှိ Popular သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် စက်ရုံဝန်ထမ်း စုစုပေါင်း ()ဦးအား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ စက်ရုံဝန်ထမ်းများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားကာ Consumer Call Center ဖြစ်သည့် (၁၅၃၅) သို့ လက်တွေ့ခေါ်ဆိုမှု ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၄:၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

မော်လမြိုင်မြို့နယ်တာဝန်ခံမှ လောင်စာခဲထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ

    ၂၁.၄.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့၊ ရခိုင်ကုန်းရပ်ကွက်ရှိ “ဆန္ဒပြည့်စုံ” လောင်စာခဲ ထုတ်လုပ် သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံမှ လောင်စာခဲထုတ်လုပ် မှုနှင့်စပ်လျဉ်း၍ ဈေးကွက်ဈေးနှုန်းအခြေအနေများအား မေးမြန်းရာ လောင်စာခဲ ထုတ်လုပ်ရန် မီးသွေးမှုန့်နှင့်ရွံ့စေးကို အသုံးပြုရကြောင်း၊ တစ်နေ့လျှင် လောင်စာခဲ (၂၀) ထုတ်လုပ်နိုင်ကြောင်း၊ လောင်စာခဲထုတ်လုပ်ရန်အတွက် လုပ်သား (၄) ဦး ဖြင့် လုပ်ငန်း လည်ပတ်ကြောင်း၊ လောင်စာခဲတစ်ခဲထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ (၂၀၀) ကျပ် ကုန်ကျပြီး (၄၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချသဖြင့် တွက်ခြေကိုက်မှုရှိကြောင်း၊ လောင်စာ ခဲများကို မော်လမြိုင်မြို့နယ်၊ ဘားအံမြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ လောင်စာခဲများကို ထမင်းဟင်းချက်ရာတွင်လည်းကောင်း၊ အပူပေးရသည့်လုပ်ငန်းများ တွင်လည်းကောင်း အသုံးပြုကြောင်းနှင့် လောင်စာခဲတစ်ခဲအသုံးပြုလျှင် ၂ နာရီခွဲခန့် ကြာရှည်ခံကြောင်း သိရှိရသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       မအူပင်ခရိုင်၊ မအူပင်မြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်း ကလေးအာဟာရ ဖြည့်စွက်စာရောင်းချနေမှုကို ၀-၄-၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြို့မဈေးနှင့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်လျက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကုန်စုံ ဆိုင်များရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန ၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ ညွှန်ကြားချက်အမိန့်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထား သော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/ မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့် ကိုက်ညီမှု ရှိ/ မရှိတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဧပြီလ( ၁၀ ) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဘူးသွင်းဆီအမျိုးမျိုးရောင်းချ နေသောကုန်စုံဆိုင်များသို့  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော ဘူးသွင်းဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် ပိုင်ရှင်များအနေဖြင့် ကုန်စည်များ၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် ဘူးသွင်းဆီများကိုသာ တင်သွင်း ရောင်းချကြရန်၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ဘူးသွင်းဆီများကိုသာရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်၍ ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး) တို့သည် ၂၃-၄-၂၀၂၆ရက်နေ့ (၁၁း၀၀)နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ကောင်းကြိုက် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် UK MILK အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင်မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဆင်တူရိုးမားအတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ