သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

       ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(ဦးစီးမှူး)သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာ(ဈေးများဌာန)တို့နှင့် ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြခြင်းဆိုင်ရာညွှန်ကြားချက်(၂/၂၀၁၉) သတ်မှတ်ချက်များနှင့်အညီ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကိုသာဈေးကွက် အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များ၊ တရားမဝင် ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် အသိပညာ‌ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ပြည်ထောင်စုနယ်မြေ)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား ရေးမှူး) ဦးဆောင်၍ (၁၀.၁၂.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ  လုပ်ငန်းရှင် (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲ၌ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ အွန်လိုင်းစနစ်ဖြင့် မှတ် ပုံတင်သည့်အကြောင်း၊ မှတ်ပုံတင်ပြုလုပ်ရာ၌ ရွေးချယ်ရမည့်ကုန်စည်၊ ဝန်ဆောင်မှု အမျိုးအစား များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ ကုန်အညွှန်းအမှတ်အသားအကြောင်း စသည်တို့နှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအကြောင်း ဟောပြောခဲ့ပြီး    လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

    (၁၂-၁၂-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေ‌ဝေယံဦး (လ/ထညွှန်မှူး)ဦးဆောင်၍ ဝန်ထမ်း (၄)ဦးတို့ သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုအပ်ချုပ်ရေးမှူး၊ စည်ပင်(ဈေးများဌာန)တို့နှင့် ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း၌ မှတ်ပုံတင်လက်မှတ် လျှောက်ထားလာသော Yan San (YS) CO;LTD၊ NAY LA YAUNG CO;LTD နှင့်  PEI XIN CO;LTD တို့အား တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများမှ  သွား‌ရောက်၍ ကုမ္ပဏီတည်ထောင်ထားမှုများ၊ အမှန်တကယ်လုပ်ငန်းတည်ရှိမှု ရှိ/မရှိ၊ လုပ်ငန်းဆောင်ရွက်နေ မှုရှိမရှိ တို့အား သတ်မှတ်ပုံစံများအတိုင်း စနစ်တကျ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၇)ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 1I-6178/ Fuso မော်တော်ယာဥ်နှင့် အလားတူ Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄)ပေပါကို ယာဥ်မောင်း ဦးကျော်လွင်၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဥ်တို့ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးနှင့် ထားဝယ်ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါစားအုန်းဆီစုစုပေါင်း (၁၁၁) ပေပါအား ကုမ္ပဏီ၏ လက်ကား အ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိစစ်ဆေးခြင်း

        (၁၀.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ်၊ ပြည်လမ်း၊ ဘူတာရပ်ကွက်ရှိဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်သန္တာရှိန်၊ ဦးဖြိုးဝေအောင်နှင့် ဒေါ်ဝင်းဝင်းထက်ဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးမှာ ထောပတ်ကွတ်ကီး၊ အာလူးကြော်၊ ထိုင်ဝမ်မုန့်ကျွတ်၊ ကြက်ဥမရွေး၊ ငှက်ပျောသီးကိတ်၊ သီးစုံကိတ်၊ ထောပတ်ခရက်ကာ၊ နို့အရသာကိတ်နှင့် ပေါင်မုန့် ကြက်ဥချောင်းစသော အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        (၁၀.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အမှတ်တံဆိပ်ပါ စားသုံးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား အမှတ်တံဆိပ် ဘူးသွပ်ဆီများဖြင့် ရောင်းချရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်အတွင်းရှိ ဆန်စပါးမှတ်ပုံတင် ပယ်ဖျက်ခွင့်ပြုရန် တင်ပြလာခြင်းအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များရှိ ဆန်သိုလှောင်ရုံထားသောကုမ္ပဏီများဖြစ်သော Paddy Star၊ Myanmar AWBA နှင့် Vivo Co.,Ltd များသို့ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်ထားသော သိုလှောင်ရုံပိုင်များသည် ဆန်စပါးသိုလှောင်ရုံကဏ္ဍမှ ပယ်ဖျက်ခွင့်ပြုနိုင်ပါရန် လျှောက်ထားလာခြင်းအပေါ် သိုလှောင်ရုံနေရာပြောင်း၊ လုပ်ငန်းရပ်ထား၊ ပိုင်ရှင်ပြောင်း၊ ငှားရမ်းသိုလှောင်ရုံ သက်တမ်းကုန်၊ ပိုင်ရှင်အမည်ပြောင်းတို့အတွက် ဖော်ပြပါအချက်များ တစ်ခုခုကြောင့် ပယ်ဖျက်ခွင့်လျှောက်ထားလာခြင်း ဟုတ်/ မဟုတ် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားခြင်းအား ကွင်းဆင်းစစ်ဆေး

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်/ စပါး သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ Mahar Thengkha၊ Paddy Star၊ Shoon Myat၊ BMI နှင့် U Tun Zaw Min Co.,Ltd များမှ မိမိတို့ဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံခြင်းများကို အခြေအနေအရပ်ရပ်ကြောင့် ဆန်စပါးသိုလှောင်ရုံကဏ္ဍများကို Myanmar Rice Onlin-MyRo တွင် ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြေပြင်အမှန်တကယ်ဆောင် ရွက်နေခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရှော့ဗာနာအွန်လိုင်းရှော့လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         (၉.၁၂.၂၀၂၅)ရက်နေ့ ညနေ(၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရှော့ဗာနာအွန်လိုင်းရှော့လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ရှော့ဗာနာအွန်လိုင်းရှော့ပိုင်ရှင် ဦးချမ်းသာဦးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်း စရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ