သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊အမျိုးသားဈေးရှိ လက်လီ/ လက္ကားရောင်းချနေသောဦးလှဝင်းဆန်ဆိုင်အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၈.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀;၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ညောင်ပင်ကြီးဈေးရှိ လက်လီ လက္ကား ရောင်းချနေသောဦးလှဦးဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်ဦးလှဦးအား စားသုံးသူပြည်သူများကို ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ်မှ ထက်ဝေငှက်ပျောကြော်လုပ်ငန်း ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံ ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လက်အောက်ရှိ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် သည် ၈.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ညောင်တုန်းမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အောင်မြေသာစည်လမ်း ထက်ဝေ ငှက်ပျောကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ ၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်း၊ တည်နေရာ လိပ်စာ ထည့်သွင်းဖော်ပြပေးရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှား စွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့သည်။

     စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No.1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စပါး/ဆန် သိုလှောင်သူ လုပ်ငန်းရှင်များအား ရထုတ်ကျန် စာရင်းသတ်မှတ်ရက်အတွင်း မှန်ကန်စွာဖြည့်သွင်းနိုင်ရေး တွေ့ဆုံဆွေးနွေး

    စပါး၊သိုလှောင်ရုံ၊ သိုရုံလုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online My Ro) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်း၁နှစ်ပြည့်မြောက်ပြီးသော လုပ်ငန်းရှင်များမှ သက်တမ်းတိုးခင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက် ရန် အသိပေးပြောကြားဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် ပန်းတနော်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သိုလှောင်ရုံပိုင်ရှင်များကို ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိမိတို့ဌာန အနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ ပန်းတနော်မြို့နယ်ရှိ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်းမျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်း လမ်းများကို သင်တန်းပေး ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူ ရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင် ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး မအူပင်ဆန်စက်လုပ်ငန်း ရှင် (၃၅) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

MyROတွင်မှန်ကန်စွာစာရင်းသွင်းရန်၊ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်လုပ်ငန်းရှင်အား အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဆန်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ဦးခိုင်လွမ်းမိုး က  မိမိတို့ဌာန အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ရန်ကို အမိန်ထုတ်ပြန်ကြေငြာဆောင်ရွက်ပြီး ဆန်သိုလှောင်သူ လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရန် ပထမ ရည်ရွယ်ချက်ဖြစ်ပြီး၊ ဒေသတွင်း ဆန်များကို စီးပွားရေးအလို့ငှာ လုပ်ကိုင်သိုလှောင်သူများသည် မဖြစ်မေနေ သိုလှောင်မှု အရေအတွက်များကို (MyRO) အဖြစ်မနေ လက်ကျန်စာရင်းအမှန်ကို ဖြည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူ၍ မိမိဌာနမှ ထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်’မျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး ဓနုဖြူမြို့နယ် ဆန်ဆိုင်လုပ်ငန်း ရှင် နှင့် သိုလှောင်ရုံလုပ်ငန်းရှင် (၁၂) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       ဖျာပုံမြို့နယ်၊ အ.မ.က(၁၄)မြို့ဦးကျောင်း၌ ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲ တွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အကြောင်းများ ဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတု အရောင်ဆိုးဆေး များ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန် ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကြည့်ဝယ်ရန်တို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ၊ မဲဇလီ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ပြန်/ဆက်ဦးစီးဌာန၊ အား/ကာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မဲဇလီကျေးရွာ၊ မဲဇလီ အ.မ.က  ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ အကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်း၊ ဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း (၈၆ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ(၁၆) ရက်နေ့တွင် ဆီလုပ်ငန်းရှင် (၁၁) ဦးဖြင့် ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အမှုဆောင် အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ/ လက်ကား ကိုယ်စားလှယ်များ အား ကျေးရွာ၊ရပ်ကွက်၊ အိမ်ထောင်စုများကို ဆီစာအုပ်ဖြင့် ရောင်းချ နေမှုအခြေအနေများအား စနစ်တကျ ဆောင်ရွက်ထားရန် ၊ အရည်အသွေး ပြည့်ဝသော ဆီများ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်စွာ ရောင်းချပေးရန် ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပတ်စဉ် ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြိုနယ် ဆန်စက်ပိုင်ရှင်များအား MyROတွင်မှန်ကန်စွာ စာရင်းရေးသွင်း တွေ့ဆုံ ဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒီဇင်ဘာလ လဆန်း ၇ ရက်အတွင်း မိမိဆန်စက်၊ သိုလှောင်ရုံ၏ အမှန်တကယ်သိုလှောင်မှု စာရင်းအားMyROတွင်ပုံမှန်ရေးသွင်းဆောင်ရွက်ရေးကို ဆန်စက် လုပ်ငန်း ရှင်(၁၉)ဦးအား ၅-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အသိပေးဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် မအူပင်ခရိုင်ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ဆန်စက် လုပ်ငန်းရှင်များ ကိုMyRO လုပ်ငန်းကို စတင်လုပ်ဆောင်ရခြင်းမှာ စပါး/ဆန်သိုရုံများ သိုလှောင်မှု အမှနမ်စာရင်းကို သိနိုင်ရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်စာရင်းပြုလုပ်ခြင်းမှာ ပထမ အခြေခံအချက်ဖြစ်ပြီး၊ နိုင်ငံတော်မှ စီမံခန့်ခွဲမှု နယ်မြေအချက်အလက်မှန်မှ စာရင်းအမှန်ကို အများပြည်သူနှင့် နိုင်ငံတကာသိရှိနိုင်အောင် တင်ပြဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  လစဉ် လဆန်း ၁ရက်မှ ၇ရက်အတွင်း မိမိသိုလှောင်မှု အမှန်ကို မဖြစ်အမနေစာရင်းသွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  လုပ်ငန်းရှင်တို့ဘက်မှ စာရင်းဖြ်ည့သွင်းရန် မသိရှိသောအချက်အလက်မျာကို မေးမြန်းတင်ပြကြသည့်အခါ တာဝန်ရှိသူမှ လုပ်ငန်းရှင်များကို ကိုယ်တိုင်ဖြည့်သွင်း‌ဆောင်ရွက်နိုင်ရန် နည်းလမ်းပြသ သင်ကြားပေးခဲ့ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း မိမိတို့ဌာန၏ ညွှန်ကြာချက်အရ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြီး ဆန်စက်မှ ရန်ကိုတင်ပို့မှုရှိပါက  ကုန်ပစ္စည်းများ တင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူ သတင်းပေးပိုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့်အတူ နယ်စပ်ရေးရာ သင်တန်းကျောင်းတွင် ၅-၁၂-၂၀၂၅ ရက်နေ့  နံနက် ၉ နာရီ ၃၀မိနစ် အချိန်က မြို့သစ်ရပ်ကွက် အ.ထ.က ကျောင်း တွင် ကျောင်းသား/သူ ၁၂၀ ဦး အား ဟောပြောခဲ့ ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်းက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက် အလက်များသိရှိရန်၊ စားသုံးသော အစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ရိုင် ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းလုပ်ရှာမှုများကို ဦးစီးဌာန၏ WEBSITE တွင်ဝင်ရောက်ကြည်ရှုလေ့လာနိုင်ကြောင်းကို  အသိပညာပေး ဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

  မင်းလှမြို့နယ်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောခြင်း

    ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနရုံး၌ အွန်းလိုင်း စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ကုန်စည်အုပ်စု(၂၂)အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု (၁၄)အုပ်စု သတ်မှတ်၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လျှောက်ထားရန် အခြေခံလိုအပ် ချက်များအား သိရှိရန်လိုအပ်ပါကြောင်း အွန်လိုင်းရောင်းဝယ်ခြင်း လုပ်ငန်းသည့် အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာ စာအ  မှတ်(၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်ထုတ်ဝေခဲ့ပါကြောင်း မည်သူမဆိုအွန်လိုင်းဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံ တင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး (၆)လပြည့် သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅)အရ အရေးယူခံရမည်ကိုသိရှိစေရန်နှင့် အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မှတ်ပုံတင် ရယူ၍  ရောင်းဝယ်ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ