သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပိုးသတ်ဆေးအရောင်းဆိုင်များအား အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ ပိုးသတ်ဆေး အရောင်းဆိုင်များတွင် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများ စီမံထိန်းချုပ် ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုကို   ဇန်နဝါရီတတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါကွင်းဆင်းစစ်ဆေးမှုအဖွဲ့သည် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများကို စီမံထိန်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်း (၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေး ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈)အရ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သုံးစွဲခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ထုတ်ပြန်ပြီး  (၂)နှစ်တာကာလအထိ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးများအဖြစ် သတ်မှတ်လိုက်သည့်အတွက်  ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ပေးရေဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ပိုးသတ်ဆေးများ ရောင်းချစေရန် ပိုးသတ်ဆေးအရောင်းဆိုင် လုပ်ငန်းရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြိတ်မြို့၊ ကန်ဖျားရပ်၊ ပိတောက်ပင်လမ်းဆုံရှိ နန်းမြင့်မိုရ် အလှကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းစေရေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ ပိတောက်ပင်လမ်းဆုံရှိ နန်းမြင့်မိုရ်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် နန်းမြင့်မိုရ်လုပ်ငန်းမှ ထုတ်လုပ်ထားသော ထုတ်ကုန်များသည် ကုန်အညွှန်းအမှတ်အသားပါရှိသော်လည်း လိုအပ်ချက်များရှိသည့်အတွက် ပြည့်စုံစွာဖော်ပြပါရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီး စာသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံပါက လာရောက်လျောက်ထားရန် ပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူ‌သူများထံမှ ဝက်သားဝယ်ယူမှုစျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၆  ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူသူများထံမှ ဝက်သားဝယ်ယူမှု စျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ စည်ပင်သာယာ‌ ရေးအဖွဲ့၊ ဒု-ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် စီးပွား‌ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကာ ဆွေးနွေးပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့မှ မြိတ်မြို့သို့ပို့‌ဆောင်မည့် စက်လှေအား ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၈း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ဝင်းဖူးခိုင်ဆိပ်ခံတံတားတွင် အကောက် ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စသည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ထားဝယ်မြို့မှ မြိတ်မြို့သို့ ‌အောင်သိန်းမင်း(၁) စက်လှေဖြင့် ပို့‌ဆောင်မည့် ကြက်သွန်နီ အိတ်များအား တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စက်မှုလုပ်ငန်းသုံးစားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်ကြသော တိုင်း/ ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄)ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 7P-7112/ ISUZU မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ (၈၄) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ် မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်စားသုံးသူရေးရာဦးဌာနတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနတွင် စားသုံးသူပြည်သူများနှင့်တွေ့ဆုံကာ စားသုံး သူများဘေးကင်းစေရေးနှင့် ဘေးအန္တရာယ်ကင်းစေရေးစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိ၏ ဌာန အကြောင်းမိတ်ဆက်ပေးခြင်း၊ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ ရှင်းလင်းပြောပြပြီး စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးရှိကြောင်း၊ ထုတ်ကုန်များသုံးစွဲရာတွင် မိမိတို့ ဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားကိုကြည့်ရှုပြီး ဝယ်ယူကြရန်၊ စားသုံးသူနစ်နာမှု ဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်းကြားနိုင်မည့်နည်းလမ်းများနှင့် စားသုံးသူများလိုက်နာဆောင် ရွက်ရမည့်တာဝန်များကို ရှင်လင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသိူ့ စားသုံး သူပြည်သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ကြီးမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဦးဝါရ၊ မြစန္ဒာနှင့် ခွန်ရာဇာ စိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာမိတ်ဖက် ဌာနများဖြစ်သည့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုံးပစ္ခည်းများဖြစ်သော ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့်  ဓာတ်မြေဩဇာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ပေါ်ဆန်းဆန်၊ ဧည့်မထ(ဒေသ) ဆန်၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်းဆန်နှင့် ဧည့်မထ(ဒေသ)ဆန်ဈေးနှုန်း ကျဆင်းရခြင်းမှာ ဆန်(အသစ်)ဈေးနှုန်း ဖြစ်သောကြောင့်လည်းကောင်း၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန် ဖြစ်သောကြောင့်ဖြစ်ပါသည်။ ပဲဆီ၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါ သည်။ ယင်းသို့ ပဲဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

    ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉ꓽ၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အ.ထ.က (၂)အတွင်းရှိ မုန့်အရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု  ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ