သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဦးလန်ဘား”ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅)နေ့(၁၁:၀၀)နာရီအချိန်တွင် (စစစ)ဌာန၊ မီးသတ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့၊မြို့မဈေးကြီးအတွင်းရှိ “ဦးလန်ဘား”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသောရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး အရေးယူဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“အီလက်ထရောနစ်ပစ္စည်းများ” အရောင်းဆိုင်သို့ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အုတ်လှငယ်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ “gadgets4U” Online shop  မှ “အီလက်ထရောနစ်ပစ္စည်းများ”Online Sale အားမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ်အတွင်းရှိ ပူတင်းပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ်၊နိုဝင်ဘာလ( ၇ )ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ၉ ရပ်ကွက် (၁၁) လမ်းရှိ ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းသို့ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

  ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်ကုန်စည်ပါဝင်ပစ္စည်းများတွင် (ဂျုံ၊သကြား၊ဆားကြက်ဥ၊ဟင်းသီးဟင်းရွက်ဆီ၊ကလေးသောက်ရေသန့်များပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအထုတ် (၆၅၀)ထုတ်လုပ်လျှက်ရှိပြီး မုန့်တစ်ထုတ်လျှင် (၁၃၀၀) ကျပ်ဖြစ်ပြီးလက္ကားဈေးနှုန်းအနေဖြင့် ၁၅၀၀ကျပ်ဖြင့် ရောင်းချပေးပါသည်။လုပ်သားဦးရေ (၄)ဦးနှင့်မိသားစုမှဝိုင်းဝန်းပြီးလုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။တစ်ဦးလျှင်နေ့စားခ( ၈၀၀၀ )ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်းသာမက မြင်းကကုန်း၊ ကဒုံဧရာကျေးရွာများသို့လည်းဖြန့်ဖြူး ရောင်းချလျှက် ရှိပါသည်။

 ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ၄၁/၄၂/၄၃ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မျာကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိဦးသက်နိုင်စားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခြင်းး

ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀:၃၀)နာရီတွင် ဘိုကလေးမြို့မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင်ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့် ထိုတစ်လအတွင်း (၅၀) ကျပ်သား ၃ကြိမ် အပြည့်အဝထုတ်ပေးမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုအပေါ်သ တင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၂.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ အမှတ်(၆၂)၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ “ရွှေညီကို” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) က  ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့ပေါ်ရှိဒေါ်စန်းစန်းစားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀)နာရီတွင် ဘိုကလေးမြို့စံပြဈေးထိပ်ရှိဒေါ်စန်းစန်း ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့မ( ၄ )ရပ်ကွက်၊စံပြဒေါ်စန်းစန်းကုန်မျိုးစုံအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့်အိမ်စုများအလိုက် ဆီစာအုပ်များဖြင့် ဝယ်ယူရာတွင်ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ ရူခင်းသာလမ်း၊ (၇) အရှေ့ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မိမိရရှိသောခွဲတမ်း များကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးခြင်းရှိ/ မရှိ  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်/ အလေးချိန်မှန်ကန်မှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ် စားသုံးဆီအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်မှညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင် ဖူးမောက် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ  ၁၁-၁၁-၂၀၂၅ နေ့ နေ့လည်ပိုင်း ၃နာရီအချိန်က   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များ  လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစားအရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေ စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ မိမိတို့ရရှိသော ခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း သိရှိရပါသည်။ မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)ခုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Aung Zabu Mahar Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ