သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်မှုလုပ်ငန်းသုံးစားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်ကြသော တိုင်း/ ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄)ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 7P-7112/ ISUZU မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ (၈၄) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ် မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်စားသုံးသူရေးရာဦးဌာနတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနတွင် စားသုံးသူပြည်သူများနှင့်တွေ့ဆုံကာ စားသုံး သူများဘေးကင်းစေရေးနှင့် ဘေးအန္တရာယ်ကင်းစေရေးစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိ၏ ဌာန အကြောင်းမိတ်ဆက်ပေးခြင်း၊ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ ရှင်းလင်းပြောပြပြီး စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးရှိကြောင်း၊ ထုတ်ကုန်များသုံးစွဲရာတွင် မိမိတို့ ဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားကိုကြည့်ရှုပြီး ဝယ်ယူကြရန်၊ စားသုံးသူနစ်နာမှု ဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်းကြားနိုင်မည့်နည်းလမ်းများနှင့် စားသုံးသူများလိုက်နာဆောင် ရွက်ရမည့်တာဝန်များကို ရှင်လင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသိူ့ စားသုံး သူပြည်သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ကြီးမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဦးဝါရ၊ မြစန္ဒာနှင့် ခွန်ရာဇာ စိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာမိတ်ဖက် ဌာနများဖြစ်သည့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုံးပစ္ခည်းများဖြစ်သော ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့်  ဓာတ်မြေဩဇာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ပေါ်ဆန်းဆန်၊ ဧည့်မထ(ဒေသ) ဆန်၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်းဆန်နှင့် ဧည့်မထ(ဒေသ)ဆန်ဈေးနှုန်း ကျဆင်းရခြင်းမှာ ဆန်(အသစ်)ဈေးနှုန်း ဖြစ်သောကြောင့်လည်းကောင်း၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန် ဖြစ်သောကြောင့်ဖြစ်ပါသည်။ ပဲဆီ၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါ သည်။ ယင်းသို့ ပဲဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

    ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉ꓽ၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အ.ထ.က (၂)အတွင်းရှိ မုန့်အရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု  ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော အသင့်စား စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော အသင့်စား စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၌ ကျိုင်းတုံမြို့၊ အ.ထ.က (၂) ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၃၀၀)  ဦးနှင့် ကျောင်းမုန့်ဈေးရောင်းသူ (၁၀) ဦး စုစုပေါင်း (၃၁၅) ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးမျိုးအောင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာမ၊ ကျောင်းသား/သူများနှင့် ကျောင်းမုန့်ဈေးရောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါ သည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံး သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်/ သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၆)အစည်းအဝေးကျင်းပပြုလုပ်

  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (/၂၀၂)အစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

              အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် တောင်ကြီးခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လူကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး အခြားဖိတ်ကြားထားသော  ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာမှ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ပင်းတယဒေသဦးစီးမှူးရုံးတို့မှVirtual စနစ်ဖြင့် တက်ရောက်၍ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များပြေားကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက(၁/၂၀၂၆)၏ အမှာစာများအား ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်

               (/၂၀၂) အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်

DOCA(ရှမ်း)

ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၆)ကျင်းပပြုလုပ်

  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)အား ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်စုစုပေါင်း(၅)ဦး တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးခွန်ကျော်ဌေးမှ သုံးလပတ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက်များအား အမှာစာများဖြင့် ရှင်းတင်းတင်ပြဆွေးနွေးခြင်း၊ အတည်ပြုမှတ်တမ်းတင်ခြင်းနှင့် အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ