သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင် မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့မဈေးအတွင်းရှိ ဦးသန်းဝင်းမုန့်ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ၊ လက်ပံတန်း မြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်  ဝေဠုန်ဝန်လမ်းရှိ AROMA သောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်သက်ခိုင်နှင့် ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း၊  စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၂.၁.၂၀၂၆) ရက်နေ့တွင် သာယာဝတီမြို့နယ်ရှိ စိန်လျှံဖြိုးဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်ဖိုမြို့နယ်  ဈေးလမ်းရှိစားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမြင့်ဦးနှင့် ၂၀၂၆ခုနှစ်၊  ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်နှင့်   ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊  သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေအမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများအား (၂၆.၁.၂၀၂၆ ) ရက်နေ့ ဈေးကွက်မရောက်မှီ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြိုပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

                       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် စစ်ကိုင်းခရိုင်     စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြိုပေါ်ရှိ   စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင် များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၆၉၀ဝိ/-) ဖြင့်ဖြိုးဆီဆိုင်မှသောတာပန်တိုက်နယ်နှင့် သစ္စာဆီဆိုင်မှ ဒါးဝယ်ဈေးတိုက်နယ်များသို့ စာအုပ်စနစ်ဖြင့်ရောင်းချကြောင်း၊နေ့အလိုက်သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ဈေးနှုန်းမှန်၊အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများ ချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေး ထက်ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီး ဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များ ချိတ်ဆွဲ၍ ရောင်းချမည့် ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                                                    

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၂၃.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၂:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည်  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ပြည်တွင်း ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန် လိုအပ်ကြောင်း၊ myro တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲ သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များအ တိုင်း လိုက်နာဆောင်ရွက်ကြရန်  ဆန်လက်ကျန်အခြေအနေ၊ရောင်းချသည့်ဈေးနှုန်း၊ဈေးကွက်အခြေအနေများမေးမြန်းဆွေးနွေးခြင်း၊စားသုံးသူအခွင့်အရေနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင် ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံ စမ်းနိုင်သည့် Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ မဲတောကျေးရွာရှိ ပြည်သူ (၃၂)ဦးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများသည် အမိန့်ကြော်ငြာစာ အမှတ် (၅၁/၂၀၂၃)အရ မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ထားသည့် အကြောင်းအရာများအကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားရန်နည်းလမ်းများနှင့် Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်းတို့ ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်အနေဖြင့် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင် မြို့နယ်(၄)မြို့နယ်ပါဝင်ပြီး စားအုန်းဆီများကို ရည်ညွှန်းဈေးနှင့်အညီ ဖြန့်ဖြူးရောင်းချရာတွင် နေ့စဉ် ပြည်မြို့နယ်အနေဖြင့်(၉၆၈)ပေပါ၊ ပိဿာအားဖြင့်(၁၀၆၄၈၀)၊ ရွှေတောင်မြို့နယ်အနေဖြင့် (၄၅၁)ပေပါ၊ ပိဿာအားဖြင့်(၄၉၆၁၀)၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့်(၃၆၂)ပေပါ၊ ပိဿာအားဖြင့် (၃၉၈၂၀)၊ ပန်းတောင်းမြို့နယ်အနေဖြင့်(၄၄၅)ပေပါ၊ ပိဿာအားဖြင့်(၄၈၉၅၀)၊ စုစုပေါင်း ခရိုင်အနေဖြင့် (၂၂၂၆) ပေပါ၊ ပိဿာအားဖြင့်(၂၄၄၈၆၀)ကို လက်ကား၊လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူသို့ နေ့စဉ် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါခွဲတမ်းရ စားအုန်းဆီများအား ရည်ညွှန်းဈေးနှင့် အညီရောင်းချမှုရှိ/ မရှိ၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချမှုရှိမရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိတို့ကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် သက်ဆိုင်ရာ လက်ကားကိုယ်စားလှယ်နှင့် လက်လီရောင်းချသူများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ လက်လီအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းမျာကိုလည်း သက်ဆိုင်ရာ အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ခရိုင်အတွင်းရှိ လက်ကား၊ လက်လီ ကိုယ်စားလှယ်များအား သတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ ရောင်းချစေရေး၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချစေရေး၊ အလေးချိန် မှန်ကန်မှုရှိစေရေးတို့အတွက် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းများကို (၂၀.၁.၂၀၂၆)ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅၄)ဦး၊ ရွှေတောင်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅)ဦးနှင့် ပေါက်ခေါင်းမြို့နယ်မှ လက်လီကိုယ်စားလှယ် (၉)ဦးတို့အားလည်းကောင်း၊ ပန်းတောင်းမြို့နယ်မှ လက်လီကိုယ်စားလှယ်(၁၈)ဦးတို့အား(၂၁.၁.၂၀၂၆)ရက်နေ့တွင် ဥသျှစ်ပင်မြို့၊ ရွှေပင်ရတနာခန်းမ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခြင်းများအပြင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကိုလည်း ပြည်ခရိုင် အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များလိုက်ပါ၍ ပြည်မြို့ပေါ်ရှိ လက်လီဆိုင်များသို့ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်း၌လည်းကောင်း၊ ပန်းတောင်းမြို့နယ်ရှိ လက်လီဆိုင်များသို့ (၂၁.၁.၂၀၂၆)ရက်‌နေ့၊ နံနက်ပိုင်း၌လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အလားတူ ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ် ကြီးကြပ်အဖွဲ့ဝင်များပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့်လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြို့မဈေးရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း()ဦးတို့သည် ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စစ်ကိုင်း မြို့မဈေးရှိ ဆန်အရောင်းဆိုင်များဖြစ်သော ဒေါ်ဒေါင်း၊ မမအေးနှင့်ဒေါ်ငယ်ဆိုင်များသို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း အလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချ    ခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း မြို့မဈေးရှိ ဆန်အရောင်းဆိုင်များဖြစ်သော  ဒေါ်ဒေါင်း၊ မမအေးနှင့်ဒေါ်ငယ်ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍ လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း(သစ်)(၁၅၀၀၀၀ မှ ၁၆၀၀၀၀)ကျပ်၊ ဧရာမင်း(ဟောင်း)(၁၄၀၀၀၀ မှ ၁၅၀၀၀၀)ကျပ်နှင့် ဧရာမင်း(သစ်)(၁၁၅၀၀၀ မှ ၁၂၀၀၀၀)ကျပ်၊မနောသုခ(ဟောင်း) (၉၅၀၀၀)ကျပ်နှင့် နောသုခ(သစ်)( ၆၀၀၀၀ မှ ၆၅၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၅၀၀) ကျပ်မှ   (၅၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချသော ကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအား ရှိသလောက် ဝယ်ယူရောင်းချ နေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                            

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ