သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ SPA DESIGN & PROJECT SERVICES LIMITED လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၇) ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)                                             

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ YL SERVICES (MYANMAR)COMPANY LIMITED လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန် များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦး တို့သည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် YL DEVELOPMENT (STAR CITY) COMPANY LIMITED လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

  DOCA(ရန်ကုန်)

YOMA DEVELOPMENT GROUP LIMITED လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

            (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၉:၅၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATE ရှိ YOMA DEVELOPMENT GROUP LIMITED လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက YOMA DEVELOPMENT GROUP LIMITED ပိုင်ရှင် ဒေါ်သင်းသန္တာဆွေနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထား သည့်လုပ်ငန်း တည်ရှိရာ လိပ်စာတွင် ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် F.M.I GARDEN DEVELOPMENT LIMITED အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက် များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံနှင့် ဆေးပစ္စည်းအရောင်းဆိုင် များအားကွင်းဆင်းခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်   ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်  ၊ ဒီဇင်ဘာလ ၊ ၉ ရက်နေ့ နံနက်(၉.၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိက ဆေးရုံများနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံ ယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိ ပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံ (၂)ရုံနှင့် ဆေးအရောင်းဆိုင်(၃)ဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် Infinity Store Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရှိ Infinity Store Online Sale  ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာရမည့်ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

“ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူ”

            အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ဒီဇင် ဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်ကော့မှူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်နီလာဝင်းနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဒေါ်မူ၊ ဦးချမ်းသာကြီး၊ မိဘရိပ်၊ ဒေါ်လုံးလုံး ဆန်ဆိုင်များ၊ ဦးတင့်ဆွေ ဦး၊ ဦးသန့်ဇင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဦးဌေးလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်များ၊ ဦးခင်မောင် ဝင်း ဝက်သားဆိုင်၊ ဦးကုလားဆိုင် အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်နှင့် ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သား၊ ဘဲသားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည် ရေချိုရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စုကြည်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥလက်လီလက်ကားဆိုင်၊ ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက်ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဒီဇင်ဘာလဆန်းနှင့် ဒီဇင်ဘာလလယ်ပိုင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းတို့မှာ သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဂျူပီတာရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေး ကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်အတွင်း  ဂျူပီတာ ရေသန့်လုပ်ငန်း အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်းနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက် ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ရေထဲတွင် Oxygen Level၊ PH Level ၊ အစိုင်အခဲပါဝင်မှုအခြေအနေ၊ နောက်ကျိမှုအခြေအနေနှင့် ဆားပါဝင်မှု အခြေအနေတို့ကို စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့် သွင်းလိုကြောင်း တင်ပြလာရာလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

“ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျှက်ရှိရာ  ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထက(ခွဲ) တော်ခရမ်းလေးကျောင်းသို့ ဆက်စပ် ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ စားသုံးသူအသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှု၊ လူငယ်ရေးရာအုသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်းအရာများအကြောင်း၊ နည်းပညာအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက သဘာဝပတ်ဝန်းကျင်မှအလွယ်တကူတွေ့ရှိနိုင်သောအပင်များ၏ဆေးဘက်ဝင်များအကြောင်းနှင့်  မြို့နယ်စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူ၏အဓိပ္ပါယ်၊စားသုံးသူကာကွယ်ရေးနှင့်တာဝန်များ စားသုံးသူများဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေအမိန့်ညွှန်ကြားချက်များထုတ်ပြန်ထားရှိမှုများကုန်စည်အမျိုးအစားအလိုက်ကုန်အညွှန်းအမှတ်အသားများ မြန်မာ ဘာသာဖြင့် ဖော်ပြရမည့်အချက်များအား ကျောင်းသား/ကျောင်းသူများ၏ အရွယ်အလိုက်သိရှိနိုင်စေရန် ဟောပြောဆွေးနွေးခဲ့ကြသည်။ 

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ များနစ်နာဆုံးရှုံးမှုများနှင့်ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် အထိရောက်ဆုံး အလွယ်ကူဆုံးဖြစ်သည့် Consumer Call Center 1535 လိုင်းခွဲ ၁,၂,၃ များသို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်မှ ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ