သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

         တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်းကို ပန်းတနော်မြို့နယ်တွင် စားသုံးသူများ၏ အသက်အန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်လုပ်သူ-စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ကျင်းပပြုလုပ်ခဲ့ရာ ၂၅-၆-၂၀၂၆ ရက်နေ့က အသေးစားစက်မှူလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် သင်တန်းသူ ၃၅ဦးတက်ရောက်ခဲ့ပြီး ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စားသုံးသူအခွင့်အရေး (၈) ချက်ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများ၊ အရွယ်အစား/ အလေးချိန်၊ ထုတ်လုပ်သူ၏ အမည်နှင့်လိပ်စာတို့ကို မြန်မာဘာသာဖြင့် သေချာစွာဖော်ပြရန် လိုအပ်ချက်များကိုလည်းကောင်း၊ လုပ်ငန်းရှင်၏ တာဝန်ဝတ္တရားများဖြစ်သည့် စားသုံးသူအား ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် လိမ်လည်လှည့်ဖြားမှု ကင်းရှင်းရန်အချက်တို့ကိုလည်းကောင်း၊ ဥပဒေရေးရာ သိမှတ်ဖွယ်ရာများထဲမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း သင်တန်းသားများအနေဖြင့် မိမိတို့ထုတ်လုပ်မည့် တန်ဖိုးမြှင့်စားသောက်ကုန်များအား စံချိန်စံညွှန်းမီစွာထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တွင် တရားဝင်မှတ်ပုံတင်နိုင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ ဇွန်အတွင်း လုပ်ငန်းရှင် ၁၃ ဦးက အပ်နှံလာသော သီးနှံအမျိုး အစား ၁၃ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၃၀ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၅၄ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် (သိပ္ပံ)၊ ပန်းနှမ်း၊ ပဲလွန်း၊ ထောပတ်ပဲ၊ ပဲစဉ်းငုံနီ၊ ပဲလုံးညိုတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုနှင့် ရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၂၄ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၃ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၁၀ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၁၆ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၁ ခု စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၅၄ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

စက်မှုလုပ်ငန်းသုံးဆီများအား လုပ်ငန်းရှင်များထံသို့ စနစ်တကျဖြန့်ခွဲမှုအား ကြပ်မတ်ဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇွန်လအတွင်း စက်မှုလုပ်ငန်းသုံးဆီများ လုပ်ငန်းရှင်များထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူအသုံးပြု ဆီထုတ်ယူနိုင်ရေးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များထံဆက်သွယ်၍ ဖြန့်ခွဲနိုင်ရေးကို မြို့နယ်တာဝန်ရှိသူများထံ လမ်းညွှန်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ် ဆီလက်ကားကိုယ်စားလှယ်များထံ ထုတ်ယူနိုင်ရေးကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ၂၈.၆.၂၀၂၆ရက်နေ့ ညနေတွင် ပန်းတနော်မြို့နယ် လုပ်ငန်းများအား စက်မှုလုပ်ငန်းသုံးဆီ ထုတ်ပေးလျက်ရှိပြီး (၃)ကြိတ်မြောက် ဆီဖြန့်ခွဲမှု အခြေအနေဖြစ်ပြီး ပန်းတနော်မြို့နယ်အနေဖြင့် ဆီရရှိပြီး စနစ်တကျဖြန့်ခွဲကာ လုပ်ငန်းရှင်များမှ လုပ်ငန်းသုံးဆီလာရောက်ထုတ်ယူလျက်ရှိပြီး လုပ်ငန်းအရေအတွက် ၈၀မှ ပိဿာ ၂၂၀ တန်အနေဖြင့် ၀.၃၆တန်၊ ပေပါ ၂ပေပါကိုလည်းကောင်း၊ မအူပင်မြို့နယ်မှ လုပ်ငန်းအရေအတွက် ၁၀၂ အား ဆီပိဿာ ၃၃၀ပိဿာ ပေပါ ၃ပေပါနှင့် တန်အားဖြင့် ၀.၅၄တန်ကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်အနေဖြင့် လုပ်ငန်း ၁၂၈ခုမှ ဆီပိဿာ ၄၄၀၊ ပေပါ ၄ပေပါ၊ တန်အားဖြင့် ၀.၇၂ တန်ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်မှ လုပ်ငန်း ၉၉ခုမှ ဆီပိဿာ ၂၂၀အား ပေပါအနေဖြင့် ၂ပေပါ၊ တန်အားဖြင့် ၀.၃၆ တန်ကိုလည်းကောင်း ထုတ်ယူရရှိကြပြီး သက်ဆိုင်ရာမြို့နယ်များမှ လုပ်ငန်းရှင်များထံ ဆက်သွယ်၍ လုပ်ငန်းသုံးဆီငွေပေးသွင်း၍ စနစ်တကျထုတ်ယူမှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နတ်တလင်းခရိုင်တွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချ နေသော ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မိမိတို့ ရောင်းချနေသော လုပ်ငန်းမှ တရားမဝင်ကုန်စည်များ ရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း စားသောက်ကုန် အမျိုးမျိုးတို့အား နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်   သက်ဆိုင် ရာစည်ပင်ဌာနနှင့် ပူးပေါင်းပြီး  ဇွန်လ  တတိယပတ်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါအဖွဲ့သည်   ဈေးကွက်အတွင်း  ကုန်မျိုးစုံ ရောင်းချနေသော ဈေးဆိုင်များအား စားသောက်ကုန်အမျိုးမျိုးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော ကုန်ပစ္စည်း များကိုသာ ရောင်းချစေရေး၊တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရေး နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  သက်ဆိုင်ရာစည်ပင်ဌာနနှင့် ပူးပေါင်းပြီး ဈေးကွက် အတွင်း ရောင်းချနေသော ဈေးဆိုင်များအား ကွင်းဆင်းခြင်း၊   တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများနှင့် စပ်လျည်း၍ အသိပညာပေးခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ဇီးကုန်းမြို့တွင် ဇီဝလုံခြုံမှု သင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

           နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ၂၀၂၆ခု ဇွန်လ (၁၁)ရက်နေ့တွင်   ဇီဝလုံခြုံမှု သင်တန်းအား ကျင်းပပြုလုပ်ရာ စိုက်၊မွေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး မိတ်ဘက် ဌာနများဖြစ်သည့် စိုက်ပျိုးရေး ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါသင်တန်းတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးလှမိုး (ဦးစီးမှူး) မှ အဖွင့်အမှာစကား ပြောကြားရာ၌ ဇီဝလုံခြုံမှုနှင့် သက်ရှိမွေးမြူရေး စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုများဆွေး နွေးခြင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဦးဇော်မင်းဦးမှ မွေးမြူရေးလုပ်ငန်းများ အသင်းအဖွဲ့များ ခိုင်မာတိုးတက်ရေး တိုင်းရင်းကြက်၊ ဒေသကြက်၊ ဥစားကြက်၊ ဘဲ၊ နွား၊ ဆိတ်၊ ဝက်၊ နို့စားနွားများ၏  ဇီဝလုံခြုံမှုများဖြစ်သည့် ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ခြင်းဆိုင်ရာ လက်တွေ့သင်တန်းပေးလုပ်ငန်းများ သင်ကြားပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

         ဆက်လက်၍ စားသုံးသူရေးရာဦစီးဌာန မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင် (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍရပ်များ  စားသောက်ဆိုင်၊ ဆက်သွယ်ရေးနှင့်  ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ နစ်နာမှု့ မရှိစေရန်ဌာနမှ ဆောင်ရွက်ပေးနိုင်မှူ CICCနှင့် စပ်လျဉ်းပြီး ကျေနပ်မှုအားနည်းပြီး နစ်နာမှုရှိသော ကိစ္စရပ်များအား ဌာနသို့တိုင်ကြား နိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးခဲ့မှု့ကြောင့် စားသုံးသူများအန္တရာယ် ကင်းရှင်းပြီး ကျေနပ်မှုရှိနိုင်သည့် ကုန်စည်၊ ဝန်ဆောင်မှုများ များလာနိုင်မှာဖြစ်ပြီး သိရှိလာနိုင်မှာ ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

ပုသိမ်ခရိုင်အတွင်း လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ဗဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၂၂.၆.၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီး မှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားသော ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ၄၆/၄၈ ဥမ္မာဒန္တီလမ်းရှိ CENTRO CITY HOLDING Co.Ltd အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန်း လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ဗဏီဖြစ်သော CENTRO CITY HOLDING Co.Ltd တည်ထောင်ထားမှု့နှင့် ပတ်သက်၍ ကုမ္ဗဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့ အသိပညာပေး Talk Show ကျင်းပခြင်း

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှလစဉ်ကျင်းပပြုလုပ်သော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ (၁၆) ကြိမ် မြောက်ဟောပြောပွဲကို ( ၁၈.၆.၂၀၂၆ ) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးဇော်ထွန်းမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အသိပညာ ဗဟုသုတများ  ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် မြို့နယ်များမှ ဝန်ထမ်းများနှင့် Zoom metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

           Talk Show ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သတ်သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား သိရှိနိုင်ရန်နှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စည်တစ်မျိုးခြင်းအလိုက် ကုန်အညွှန်း အမှတ်အသားများကို ခွဲခြားစစ်ဆေးနိုင်ရန်၊ ဦးစားပေးကုန် စည်များ၊ ဦးစားပေး ဝန်ဆောင်မှုများ ကိုလည်း ကွင်းဆင်းဆောင်ရွက် သိရှိစေရန် အချက်များကို အသေးစိတ်ရှင်း လင်းဆွေးနွေး သွားခဲ့ပါသည်။ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများကို မိမိလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေး Talk Show များ ကျင်းပခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာနိုင်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။မြို့နယ်တာဝန်ခံများမှလည်း အားနည်းချက်အားသာချက်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဓနုဖြူမြို့နယ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

      (၂၄.၆.၂၀၂၆)ရက်နေ့၊ နေလယ်(၁၃:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ လိုတိုင်းရသောက်ရေ သန့်စက်ရုံ၊ UNT သောက်ရေသန့်လုပ်ငန်း ၂ခု အား မြို့နယ်ကျန်းမာရေး၊မြို့နယ် စည်ပင်တို့နှင့်ပူးပေါင်း၍ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးဿောကုန်စည်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးသော ရေသန့်ဗူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည်စုံမှု ရှိ/မရှိနှင့် FDA ထောက်ခံချက်ရရှိပြီး ထုတ်လုပ်ကုန်စည်များ သန့်ရှင်းမှုရှိစွာ ထုတ်လုပ်မှုကျင့်စဉ်အတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ တွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့တွင်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၈.၆.၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ဒေါ်သီတာအောင် ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ  ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်း၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန် ကန်ရှင်းလင်း သော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မား သော ကုန်စည် ဝန်ဆောင် မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစား အလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်များအား ကုန်အညွှန်းအသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များနှင့် ဒေသထွက် MSME ထုတ်ကုန်များကို ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်မှ ပြည်စုံအောင်ပဲမုန့်လုပ်ငန်းနှင့် ဆန်းမင်းသစ် ပဲကြက်ခေါက်လုပ်ငန်း ၂ခုတွင် ထုတ်လုပ်သောမုန့်များကို ဈေးကွက်ဖြန့်ဖြူး ရောင်းချရတွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွားအသုံးနိုင်စေရန်  ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ၊ ကုန်စည်တွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ ဖော်ပြထားခြင်း ရှိ/မရှိ၊ ပါဝင်ပစ္စည်းများနှင့် အသားတင်ပမာဏ ဖော်ပြထားမှုအခြေအနေ၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့်ညွှန်ကြားချက်များ ကိုလည်းကောင်း၊ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သောပြုပြင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားခြင်းများကို ရှင်းလင်းအသိပညာပေးခဲ့ပြီး ကုန်ထုတ်လုပ်ငန်း၏ ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာကြည်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များအကြောင်းကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ