သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ် အ.ထ.က(သုခဝတီ) နှင့် အ.လ.က(တောင်ဝိုင်း) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် (၁၅..၂၀၂) ရက်နေ့တွင် မော်လမြိုင်မြို့နယ်အ..က (သုခဝတီ) နှင့် ..က(တောင်ဝိုင်း) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၁၅.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးကြိုဈေး နှင့်သံလွင်ဈေး၌ အရန်သင့်အစားအစာ အမျိုးမျိုး ရောင်းချသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

  ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကိုပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါအရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျောက်ပန်းတောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၁၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၂၆၀၅)ကျပ်၊ 95 Octance(၂၆၅၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၃၆၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၂၈၀၀)ကျပ်  ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၃၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၇၀)ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်(၈၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ လျှင်(၁၂၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

     မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆွေးနွေး ပြောကြားရာတွင်  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည် သယ်ယူ ရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများ ကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာ စေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက် များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၅၄) ဦးတက်ရောက်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နေ့လယ် ၁၁:၃၀  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  9  ရက်နေ့မှ  ၁၅  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၁၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

မြင်းခြံခရိုင်စားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး ၁/၂၀၂၅ ကျင်းပပြုလုပ်

    စားသုံးသူပြည်သူတို့၏ အခွင့်အရေးများနှင့်ရပိုင်ခွင်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ စားသုံးသူတိုင်ကြားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရန်၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရိုင်ကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ၁၁.၁၂.၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဦးမင်းမင်းထွန်း က ကော်မတီကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် အဖွဲ့ဝင်(၅)ဦးဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ အတည်ပြု ဖွဲ့စည်းထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုတာ စားသုံးသူများ အတွက် ထိခိုက်နစ်နာမှုဖြစ်စေသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဆိုးကျိုးများမှ ကာကွယ်ပေးခြင်း နှင့် စားသုံးသူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်အတွက်မဟုတ်ဘဲ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည့် အတွက်  အားလုံးဝိုင်းဝန်း ကူညီဖြေရှင်းသုံးသပ်အကြံပြုပေးစေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဦးသန်းစိုး က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းခဲ့ပြီး ဆောင်ရွက်ချက်များအား မှတ်တမ်းတင်ထားရှိနိုင်ရေး တင်ပြခဲ့ကြောင်း၊ အဖွဲ့ဝင်များမှလည်း အသီးသီးဆွေးနွေးခဲ့ပြီး ဥက္ကဌ မှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းတင်ပါကြောင်း နှင့်စားသုံးသူအကျိုးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း နိဂုံးချုပ် ပြောကြား၍ မွန်းလွဲ ၁၅:၀၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့တွင် Talk Show ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၁၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ဦးစောသန်းအောင် (ဒု-ကြီးကြပ်ရေးမှူး)  က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၂)ပါ ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့် စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိစေနိုင်ရန်၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်စေရန်၊ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေ ရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်(သို့)ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီဆောင်ရွက်စေရန်၊ ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ အသင်းအဖွဲ့များပေါ်ပေါက်လာ စေရေးနှင့် အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ် ဖြစ်စေသော ကုန်စည်(သို့)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီရပ်ကွက်ရှိ ရွှေဈေးရှိ စတိုးဆိုင်များအား ရောင်းချနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း အမျိုးမျိုးအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးအရာရှိ ဒေါ်မြသန္တာထွန်းနှင့်အဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေးတစ်ကိုယ်ရည်သုံးဆက်စပ်ပစ္စည်း အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(မန္တလေး)

သရက်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၊ မီးသွေးဖုတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ ဟောပြောပွဲတွင် သရက်မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ သည့် ကုန်စည်များ ဝယ်ယူတတ်စေရေးနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ဖွင့်လှစ်ထားကြောင်း၊ တိုင်ကြားနိုင် ကြောင်းအသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများအား လက်ဆောင် ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

ကျောက်ပန်းတောင်းမြို့ ဝင်းရတနာပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေး အတွက်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ကျောက်ပန်း တောင်းမြို့ သာယာအေးရပ်ကွက်ရှိ ဝင်းရတနာ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းခဲ့ပါသည်။

    ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်း များဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်း များသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ် စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံး နိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ