သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ် ယူသုံးစွဲတတ်စေရေး၊ ထုတ်လုပ်လာစေရေး၊ တို့အတွက် စားသုံးသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ အသိပညာပေးလျက်ရှိရာ ၁၁.၁၂. ၂၀၂၅ ရက်နေ့၊ နံနက် ၁၅:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ နစ်နာဆုံးရှုံးမှုနှင့် ကုန်အညွှန်းအမှတ်အသားတို့၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများနှင့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များကိုး အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၅၄)ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

DOCA(မန္တလေး)

                                     

အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          ၁၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ မော်လမြိုင်မြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်းအမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စက်ကုန်းရပ်ကွက်ရှိစားသုံးသူများအားအသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၂.၁၂.၂၀၂၅) ရက်နေ့(၀၉:၀၀)နာရီ အချိန်တွင်မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာ ပေးဟောပြောပွဲ  ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောင်ပံ့ခြင်း ခံရသူများကိုဆိုလိုကြောင်း၊  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူ များအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံပြု ခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းစသည့်အချက်များ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ(1) သို့ လက်တွေ့ခေါ်ဆို၍  တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

    မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် 21.၁၂.၂၀၂၅ ရက်နေ့ :၀၀အချိန်တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၂)ဦး (အသက် ၅၀ အထက် ကျား - ၂ ဦး) နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်း ရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြ ပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေး ခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ကချင်)

သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၂.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီဘုန်းကြီးကျောင်း၌ သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ထိုနည်းလမ်းများထဲမှ Consumer Call Center သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းအား လက်တွေ့ဖုန်းခေါ်ဆို ဆွေးနွေးပြသခဲ့သည်။ ထိုဟောပြောဆွေးနွေးပွဲသို့ ပြည်သူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားသော သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

          မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လစဉ်မှန်မှန်ဖြည့်သွင်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်နှင့် မြို့နယ်တာဝန်ခံတို့သည် ၁၂.၁၂.၂၀၂၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MyRo တွင် သိုလှောင်ရုံမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လစဉ်ပုံမှန်စာရင်းရေးသွင်းကြရန်၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချနိုင်ရေးအလို့ငှာ ဆန်စပါးများစုပုံ သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်စီးဝင်စီးထွက်မှုအခြေအနေများ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆန်စပါးလုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့မဈေးရှိ စတိုးဆိုင်၌ အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခြင်း

     ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အရန်သင့်အစားအစာအမျိုးမျိုးအပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အရန်သင့်အစားအစာ အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၂၁.၁၂.၂၀၂၅ ရက်နေ့၊ ၁၁:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်ထွေးထွေးဝင်း(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေခဲအမှတ်တံဆိပ်ပါ ရှောက်သံပုရာရည်တွင်  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကျောက်ပန်းတောင်းမြို့ရှိ ရွှေကံ့ကော် အာလူးကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း၊ ဒု-ဦးစီးမှူးသည် ၁၁.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၆:၀၀)နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ရွှေကံ့ကော် အာလူးကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ် လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Mybaco မုန့်ထုတ်လုပ်ဖြန့်ချီရေးကုမ္မဏီအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်ခန့်တွင် Mybaco မုန့်ထုတ်လုပ်ဖြန့်ချီရေးကုမ္မဏီအား အမှတ်(၄)၊ မင်းနန္ဒာလမ်း၊ တိုးချဲ့ရပ်ကွက်(ဘီ)၊ အရှေ့ ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “Mybaco မုန့်ထုတ်လုပ်ဖြန့်ချီ ရေးကုမ္မဏီ”မှ ထုတ်လုပ်သည့် PUCCI မုန်လာဥနီပေါင်မုန့် ၊ PUCCI ချိစ်မရောနိစ်ပေါင်မုန့်၊ PUCCI ကတ်စတက်ပေါင်မုန့်၊ PUCCI မာဖင်ကိတ်၊ PUCCI ပီလိုပေါင်မုန့်၊ PUCCI ဘေဘီနို့ပေါင် မုန့်၊ PUCCI ပန်ဒန်ပေါင်မုန့်၊ PUCCI ငှက်ပျောသီးကိတ် စသည့်  PUCCI အမှတ်တံဆိပ် မုန့်အမျိုးအမျိုးထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ဒေါ်မိုးမိုးကြည်(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများက စက်ရုံမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင့်သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ