သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရန်ကုန်မြို့ဆီကုမ္ပဏီများမှ မြိတ်မြို့သို့စားအုန်းဆီရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

           တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများနှင့် မြိတ်ခရိုင် ဆီအရောင်းကိုယ်စားလှယ်တို့မှ စားအုန်းဆီများဖြန့်ဝေပေးလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၁၁.၁၂.၂၀၂၅)ရက်နေ့တွင် ခွဲတမ်းဖြင့်ဝယ်ယူခဲ့သော စားအုန်းဆီများသည် မော်တော်ကား လမ်းဖြင့် (၁၆.၁၂.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့်  စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့သို့ မော်တော်ယာဉ်အမှတ် 7P-6245 ဖြင့်  စားအုန်းဆီ (၇၂)ပေပါ ရောက်ရှိလာပြီး မြိတ်ခရိုင်ဆီ အရောင်းကိုယ်စားလှယ်အား သတ်မှတ်စျေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် ပြည်သူများသို့ ပြန်လည်ရောင်းချရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရန် ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။  

DOCA(တနင်္သာရီ)

ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအတွင်းရှိ ဆန်းဝင်းပဲကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည်  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ ဆန်းဝင်းပဲကြော်လုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ် အသားများပြည်စုံစွာပါရှိစေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)    

ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအတွင်းရှိ သက်ခိုင်ဇော်ကုလားပဲချောင်းလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ သက်ခိုင်ဇော်ကုလားပဲချောင်းလုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူး ပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)    

 MyRO တွင်ကုန်ရ/ကုန်ထုတ်/လက်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေးကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း များသည်(၆.၁၂.၂၀၂၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်ရှိ မိဘမေတ္တာဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆန်လက်လီ /လက်ကားရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပျော်ဘွယ်မြို့နယ်တာဝန်ခံမှ မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online Myro)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက် မှန်ကန်စွာထည့် သွင်းပေးနိုင်ရေး၊ ရေးသွင်းသည့်အချက်အလက်များနှင့် မြေပြင်လက်ကျန် အခြေအနေများ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)    

ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်စန်းစန်းဝေ(ဦးစီးမှူး)သည် ၁၇.၁၂.၂၀၂၅ ရက်နေ့တွင်  “ရွှေပြည်စိုး” အမှတ်တံဆိပ်ဖြင့် အကြော်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှတာဝန်ရှိသူ ဒေါ်စန်းစန်းဝေ(ဦးစီးမှူး)က “ရွှေပြည်စိုး”  အကြော်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများ ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေဖော်ပြရန်နှင့် ကုန်စည်အုပ်စုအလိုက်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ညွှန်ကြားချက် ၂/၂၀၁၉ ကိုလည်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် အညီထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         “747”ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သည့် “မုန့်ဟင်းခါးခြောက်” (၃၂၀)ဂရမ် ကုန်စည်အမျိုးအစားအားစစ်ဆေးခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာစည်မြို့ပေါ်ရှိ ရွှေဗဟိုရ်ငါးရေခွံကြော်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

 

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ    ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် သာစည်မြို့၊ အမှတ် (၁)၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရွှေဗဟိုရ် (ငါးရေခွံကြော်) လုပ်ငန်း  မြို့နယ်မှဖွဲစည်းတာဝန်ပေး အပ်ထားသော မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ရေဆိုးထုတ်မြောင်းမှ အနံ့ဆိုးများထွက် ရှိသည်ဟု တိုင်ကြားလာမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငါးအရေခွံဆေးကြောသည့် ရေများအား ပေ(၂၀)လိုင်း ကျင်းတူးလစ်လှောင်၍စွန့်ပြစ်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ထုံးဖြူးစခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းများပြုလုပ်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦစီးဌာနမ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်ပေါ်တွင်အမျိုးအမည် ၊အရွယ်အစား၊အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည့် သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွပ်ရန်၊ ကိုက်ညီမှုမရှိသည့်ကုန်စည်များကို ရောင်းချမည်ဆိုလျှင် စားသုံးသူကာ ကွယ်ရေးဥပဒအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ခွင့်ပြုမိန့်များ ပြည့်စုံစွာထားရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်အား သိရှိကြောင်းလုပ်ငန်းရှင်အား သာစည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဝန်ခံကတိ လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 စစ်ကိုင်းမြို့၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရွေးချယ်ထားသည့် ကုန်စည်(၁၀)မျိုးအား ကုန်စည်(၁)မျိုးစီအလိုက် လစဉ် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     မိတ္ထီလာမြို့ရှိ ဆန်ဆိုင်များအား ဆန်ရောင်းချရာတွင်ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကွင်းဆင်းစိစစ်လျက်ရှိပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သော ဆန်ကိုဈေးကွက်၌ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိစေရေးနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းက ဆန်ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတွင်း ရောင်းချနိုင်ရေး သတ်မှတ်ခဲ့ပြီး ယခုအခါမန္တလေးတိုင်း အနေဖြင့် တိုင်းဒေသကြီးဆန်စပါးကုန်သည် အသင်းကဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းထုတ်ပြန် ချက်များနှင့်အညီရောင်းချရန် ထုတ်ပြန်ချက်အပေါ် လိုက်နာကြရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ ရူဘီအမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ရူဘီအမှတ်တံဆိပ် ကိတ်မုန့်နှင့်ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်၊  စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ