သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တို့အတွက် ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီရပ်ကွက် ရွှေဈေးတွင် အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၂.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်အဖွဲ့ သည် ဈေးကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီ သော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက် များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက် လိုက်နာရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်ပစ္စည်းများအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည်  (၃.၂.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ ရောင်းချလျက်ရှိသော ကုန် စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ဆန်ကြာဇံ၊ ချင်းပေါက်၊ ငါးနီတူခြောက်၊ လက်ဖက်၊ အသားတုတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲ ထားခြင်း ရှိ/ မရှိ  Mobile Lab Van ဖြင့် အဆိုပါစျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြု တာရှည်ခံဆေးနှင့် ချွတ်ဆေး များ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်ရှိနေသော ငပိ၊ ငရုပ်သီးမှုန့်၊ ငါးတန်ဗိုက်သား တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံး ရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူလုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေး/ချောက်ခရိုင်၏ MSMEs လုပ်ငန်းများအား ကွင်းဆင်းမေးမြန်းခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ဒေသများတွင် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တို့အား ကွင်းဆင်းမေးမြန်းခြင်းကို လစဉ်ဆောင်ရွက် လျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလတွင် တောင်တွင်းကြီးမြို့၊ ကရင်စုကျေးရွာရှိ “ပိုင်ပိုင်” ပဲကြော်လုပ်ငန်းအားလည်းကောင်း၊ ချောက် မြို့၊ အမှတ်(၇) ရွာဟောင်းရပ်ရှိ “ဒေါ်စိုးစိုးသန့်”ပါပလာလုပ်ငန်းနှင့် “ဒေါ်နွယ်နွယ်ဝင်း” မုန့်ဩဇာလုပ် ငန်းအားလည်းကောင်း၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ရှိ “KK”ပဲကြော်လုပ်ငန်း၊ ရေနံ့သာရပ်ရှိ “စူပါမင်း” ပဲကြော်လုပ်ငန်းနှင့် ရွာသစ်ရပ်ရှိ “ပွင့်ဖူးအောင်”ပဲကြော်လုပ်ငန်းတို့အားလည်းကောင်း၊ စုစုပေါင်း လုပ်ငန်း(၆)ခုအား သွားရောက်တွေ့ဆုံ၍ လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေများ၊ အခက် အခဲများ၊ လိုအပ်ချက်များနှင့် နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များအား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် ဌာန၏ မျှော်မှန်း ချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထား ချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိ ပညာပေးခြင်း (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင် မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန် များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ် များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။

 DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်း ရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလအတွင်း စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ် (၁၁)ကြိမ်၊ နတ်မောက်မြို့ နယ် (၁)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၅)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ ချောက်မြို့နယ် (၆)ကြိမ်၊ ရေနံချောင်းမြို့ နယ် (၆)ကြိမ်၊ စုစုပေါင်း (၃၁)ကြိမ် ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)

 

အေသင် (စတိုး) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် 5..၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် ရှိ အေသင် (စတိုး) သို့ ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ OK အမှတ်တံဆိပ်ပါ ဝက်သားစည်သွပ်ဘူးသည် စည်သွပ် အစားအစာအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်း ချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၅.၂.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးမောင်ကြည်(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် VeVe အမှတ်တံဆိပ်ပါ သီးစုံအချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၅.၂.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော လမ်းပြကြယ်(စတိုးဆိုင်) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Babi Mild အမှတ်တံဆိပ်ပါ ကလေးရေချိုး ဆပ်ပြာရည်တွင် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

            ၅.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော လူငယ်ရေးရာဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

                 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၅)အတွင်းရှိ Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။    

  DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ