သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်ရှိ   ဒေါ်အေးအေးသက် ကုန်စုံဆိုင်တွင် စည်သွပ်ဗူးအမျိုးမျိုးအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထိုသို့ စစ်ဆေး ရာ၌ A1 Boss နှင့် A1 Flying Fish ဆာဒင်းငါးသေတ္တာ စည်သွပ်ဗူးနှင့် တခြားကုန်စည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိ ရပြီး အဆိုပါ စီးပွား‌ရေးလုပ်ငန်းရှင်အား စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည် များရောင်းချခြင်း မပြုရန်၊ သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍(၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၁၀)အချိန်တွင် ပင်းတယမြို့ရှိ ဆန်ဆိုင်များအား ဒေသအတွင်း ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ/ မရှိ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ် ရောင်းချမှုများရှိ /မရှိ နှင့် ဆန်သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ်အရေအတွက်၊ လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချ ပေးပြီး စာအုပ်မရှိသော စစ်ဘေးရှောင်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချ ခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ MSME ဒေသထွက် ထုတ်ကုန်ပြပွဲကျင်းပလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ MSME ဒေသထွက် ထုတ်ကုန်ပြပွဲကျင်းပလျက်ရှိရာ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာ မကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီ ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေး ပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေး ရည်ရွယ်ရာ  စစ်ကိုင်းတိုင်း‌ဒေသကြီး၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အစီအမံဖြင့် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ MSME ဒေသထွက်ထုတ်ကုန်ပြပွဲကို ဒီဇင်ဘာလ (၁၈)ရက်နေ့ မှ(၂၀)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

         အဆိုပါပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သက်ဆိုင်ရာ ဌာနအသီးသီး မှ     ဝင်ရောက်ပြသခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍  ဒေသထွက်ထုတ်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း၊ အရာတော်ထွက်ကုန်မြန်မာ့သနပ်ခါး၊ ပွဲတော်အုပ်လက်ဖက်၊ ချင်းရိုးရာအထည်များအား ပြခန်း(၃)ခန်းဖြင့် ဝင်ရောက် ပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဖီညွန့်ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ အမှတ်တံဆိပ်ဖြင့်ရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေး လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ()()()သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာ အထကကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁;၃၀)နာရီနာရီ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသားသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၄၆၉)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၁.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၃း၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာဆရာမ၊ ကျောင်းသားသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော သူဌေးမင်း၊ စားသုံးမြေပဲရောနှောဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော သူဌေးမင်း၊ စာသုံးမြေပြရောနှောဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရွှေဘိုမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စိန်စီအောင် ကလေးကစားစရာစတိုးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစာစရာအရုပ်နှင့်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးရောင်းချနေသည့်ဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီး ကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေး လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ()()()သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပန်းတနော်မြို့နယ် ဆန်ဆိုင်လုပ်ငန်းရှင်နှင့် စပါးသိုလှောင်ရုံများအား MyRo မှတ်ပုံတင် သိုလှောင်မှုဆန် ရ/ ထုတ်/ ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေး အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပန်းတနော်ဆန်ဆိုင်လုပ်ငန်းရှင်(၁၅)ဦးနှင့် စပါးသိုလှောင်ရုံလုပ်ငန်းရှင်(၁၀)ဦး  သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးရုံးတွင် MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က မိမိတို့ဌာနအနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်းကြောင်း ဆောင်ရွက်နေပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ  မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပန်းတနော်မြို့နယ်အနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်း ၄၅ခုရှိပြီးဖြစ်သည်။

        နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက်မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်သဖြင့် ပန်းတနော် ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ လက်ကျန်စာရင်းများကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ မဖြစ်မနေ ဖြည့်သွင်းဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်းလမ်းများကို သင်ကြားပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှုစာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ