သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၆.၃.၂၀၂၆) ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍   စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှစားသုံးသူအသိပညာပေး TalkShowပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအချက်(၈)ချက်အား ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း ဥပဒေပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်၊၊ စားသုံးသူပြည်သူများမှဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsiteတွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို အသိပညာပေးTalk   Show   ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၃.၃.၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံမှာ ကမ္ဘာ့စားသုံးသူများနေ့ ကိုအစပြုခဲ့ကြတာကတော့ အနောက်နိုင်ငံသားများဖြစ်ကြောင်း၊ (၁၉၆၀)နောက်ပိုင်းလောက်မှာ အနောက်နိုင်ငံသားတွေဟာ စားသုံးသူများကိုကာကွယ်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေးတို့အတွက် အရေးဆိုမှုများကိုတွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာခဲ့ကြပြီး အနောက်နိုင်ငံသားတွေရဲ့ အရေးဆိုဆောင်ရွက်မှုတွေရှိလာတဲ့အပေါ်အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီက(၁၉၆၂)ခုနစ်၊ မတ်လ(၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်သည့် ကွန်ဂရက်လွှတ်တော်၌  မိန့်ခွန်းပြောကြားရာတွင်     “စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သည့်အချက်အလက်များအား”အလေးထားထည့်သွင်းပြောကြားရာမှအစပြုပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်းစားသုံးသူများ၏အခွင့်အလမ်းများကို ဂရုပြုကာအလေးထားမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(ConsumerInternational)မှဦးဆောင်၍နှစ်စဉ်နှစ်တိုင်းကျင်းပဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်းခြင်းများကို ၂၀၁၄ခုနှစ် တွင် စတင်၍ နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”(World Cosumer Right Day) ကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၁) နှစ်သို့ပြည့်မြောက်ခဲ့ပြီး၊ စာတမ်းများဖက်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊Billboardများ စိုက်ထူခြင်းနှင့် Media Campaignများ ပြုလုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့အကြောင်းကို အသိပညာပေးTalk Showတွင် အကျယ်တဝံ့ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)  

ပြည်တွင်းစပါး၊ ဆန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ရောင်းချနေသော ဆန်စက်/ ဆန်ပွဲရုံ လက်လီလက်ကားအရောင်းဆိုင်များနှင့် သိုလှောင်ရုံများအား ပြည်တွင်းစပါး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/ မရှိကို ဇလွန်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးသည်  သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်းပြီး (၁၃.၃.၂၀၂၆)နေ့တွင်  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်တွင်းစပါး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ရွှေဘိုပေါ်ဆန်းရောင်းချသည့် ဆန်ဆိုင်များအားဝယ်ယူရောက်ရှိသည့် နေ့ရက်၊ ဝယ်ယူသည့်ဈေးနှုန်း၊ ပြန်လည်ရောင်းချသည့်ဈေးနှုန်း၊ ကျန်ရှိသည့်‌ရွှေဘိုပေါ်ဆန်း ဆန်အိတ်အရေအတွက်များအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး  ရွှေဘိုပေါ်ဆန်း ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့စည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး Talk Show ဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁၂.၃.၂၀၂၆) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သောစားသုံးသူကာကွယ်ရေးဥပဒေ၏ ပုဒ်မ ၆၃ အရ  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊အသုံးပြုပုံ၊ ဈေးနှုန်း၊  ဝန်ဆောင်မှုနှုန်းထား၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှု၊ ပေးအပ်နိုင်သည့်အချိန်နှင့် စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို စားသုံးသူအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသော ကြော်ငြာများကိုမပြုလုပ်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချရန်ကမ်းလှမ်းခြင်း၊ ကုန်စည်တစ်ခုကို ဆုကြေး သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချခြင်း၊ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်းမပြုရန် ပုဒ်မ ၆၄ အရ တားမြစ်ထားကြောင်း၊ ထိုပုဒ်မ ၆၃နှင့် ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၇၀ အရ  ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ပါပြစ်ဒဏ်များအား စီရင်ခြင်းခံရပြီးနောက် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝင်ထမ်းများသည် ဓနုဖြူမြို့နယ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအား မတ်လအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးဆောင်ရွက်ကာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် သွားရောက်၍ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်နေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

          ကွင်းဆင်းစစ်ဆေးရာတွင် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍဖြစ်သည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ဆန်ဆာဖြင့် ပို့ကုန်ပစ္စည်းများမှန်ကန်စွာ အချိန်နှင့် တပြေးညီ ပို့ဆောင်နိုင်ရေးအသိပေးခြင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး ကားမောင်းနှင်သူနှင့် ကားတွင် စပယ်ယာလိုက်ပါဆောင်ရွက်သူများမှ စားသုံးသူစိတ်ကျေနပ်မှုရှိစွာ တပြေးညီဝန်ဆောင်မှုပေးနိုင်ရေး၊ များမကြာမီကာလတွင် သင်္ကြန်ကာလရောက်ရှိမည်ဖြစ်၍ ကားလက်မှတ်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ရောင်းချမှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို အသိပညာပေးTalk   Show   ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊မြောင်းမြမြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍(၁၃.၃.၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံမှာ ကမ္ဘာ့စားသုံးသူများနေ့ကို အစပြုခဲ့ကြတာကတော့ အနောက်နိုင်ငံသားများဖြစ်ကြောင်း၊ (၁၉၆၀)နောက်ပိုင်းလောက်မှာ အနောက်နိုင်ငံသားတွေဟာ စားသုံးသူများကိုကာကွယ်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေးတို့အတွက် အရေးဆိုမှုများကိုတွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာခဲ့ကြပြီး အနောက်နိုင်ငံသားတွေရဲ့ အရေးဆိုဆောင်ရွက်မှုတွေရှိလာတဲ့အပေါ် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက(၁၉၆၂)ခုနစ်၊ မတ်လ(၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်သည့် ကွန်ဂရက် လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် “စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သည့်အချက်အလက်များအား” အလေးထား ထည့်သွင်းပြောကြားရာမှ အစပြုပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏အခွင့်အလမ်းများကို ဂရုပြုကာ အလေးထားမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International)မှ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရီက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်းစားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်းခြင်းများကို ၂၀၁၄ခုနှစ် တွင် စတင်၍ နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”(World Cosumer Right Day) ကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၁) နှစ်သို့ပြည့်မြောက်ခဲ့ပြီး၊ စာတမ်းများဖက်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊Billboardများ စိုက်ထူခြင်းနှင့် Media Campaignများ ပြုလုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့အကြောင်းကို အသိပညာပေးTalk Showတွင် အကျယ်တဝံ့ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)   

ရေကြည်မြို့နယ်တွင် စားသုံးသူအခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် (၁၁.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရေကြည်မြို့နယ်တာဝန်ခံ ‌ဒေါ်ချယ်ရီမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ဆက်ဦးစီးမှူးရုံးတွင် ၂၀၂၆ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူအခွင့်အရေးအသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ချယ်ရီမြင့်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကိုမတ်လ (၁၅) ရက်နေ့ ကျင်းပလျက်ရှိရာ စားသုံးသူများ၏ အခွင့်အရေးများကို သိရှိစေရန်၊ ဘေးကင်းလုံခြုံသော ကုန်စည်နှင့်ဝန်ဆောင်မှု့များရရှိစေရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိခြင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှ စတင်၍ စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို နှစ်စဉ်ကျင်းပလျက် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုအာဆီယံနိုင်ငံများနှင့် အတူဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ဖြစ်သော “ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ ” နှင့်အညီ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်လျက်ရှိခြင်း၊ စားသုံးသူများသည် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်တောင်းဆိုရယူနိုင်ရန် စားသုံးသူအခွင့်အရေး (၈) ချက်ကို အသိပညာပေးဆောင်ရွက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် စားသုံးသူရေးရာဦးစီးဌာနသည် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားစီစစ်ခြင်းတို့ကို မိတ်ဖက်ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးတာဝန်ခံ ဦးဝင်းသိန်းဦး (ရုံးအုပ်) ဦးဆောင်၍

ဒေါ်ခင်ရတနာမျိုး(အငယ်တန်းစာရေး)တို့သည် (၁၇-3-၂၀၂၆) ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊အောင်သပြေရပ်ကွက်ရှိစားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊အခန်း(၉)ပုဒ်မ19ပါ စားသုံးသူ၏ အခွင့်အရေးများ အကြောင်း၊ အခန်း(၉)ပုဒ်မ20ပါ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ် ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆို မှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်း လမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဉ်ခြင်းများ အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ များ၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာအသိပညာများ၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများကို ရေရှည်စားသုံးမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်မှု၊ စားသုံးသူနှင့်ကိုက်ညီသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုရန်၊ စားအုန်းဆီနှင့်ပတ်သက်၍ သိကောင်းစရာများ အား  အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

             (၁၃.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အဖွဲ့များ၊ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ၊ စစ်ကိုင်းခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့  တက်ရောက်ခဲ့ပါသည်။

             အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီ တာဝန်ခံ မစ္စချောင်းကျင့် (M s Cao Ping)မှ အမှာစကား ပြောကြားခြင်း၊ မြန်မာ တရုတ်ကုမ္ပဏီများ အသင်းဥက္ကဌမစ္စတာ လျိုမင်း(M r Liu Ming)မှ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း၊ မှတ်တမ်းဓာတ်ပုံရိုကူးခြင်းနှင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ ၁၄ရက်နေ့ နံနက်(၀၈း၀၀)အချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျရောက်မည့်  အထိမ်းအမှတ်အဖြစ် ရတနာပုံ တံတားပေါ်တွင် သွားလာနေသော ခရီးသွားပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

               ထိုသို့ဆောင်ရွက်ခဲ့မှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဆောင်၍ ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် မတ်လ ၁၅ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ကြောင်း၊ ကုန်စည် /ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ နစ်နာဆုံးရှံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ လက်ကမ်းစာစောင်တွင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာနှင့် ဖုန်းနံပါတ်များ ဖော်ပြပါရှိသည့်အကြောင်းကို ခရီးသွား ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ