သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ် ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသော ဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည် များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစောင့် ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့် ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရ ခန့်အပ်ထား သော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဧပြီလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် အသင့်စားမုန့် အမျိုး မျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထား ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက် ရှိသော ကုန်စုံဆိုင်နှင့်စတိုးများ၊ ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်းရှိ/မရှိ(၁)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအားဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း(၂)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် သောက်ရေသန့် လုပ်ငန်း ရှင်များထံသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၅)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများအား သတ်မှတ်ရည်ညွှန်း ဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများ ကိုအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

   ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်းနှင့် အွန်လိုင်း စနစ် ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အစားအသောက်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ သန့်ရှင်းသပ်ရပ်မှုများ၊ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိ/မရှိ စားသုံးသူများနစ်နာဆုံးရှုံးမှုများ မရှိစေရန် အသိပညာပေးကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးဥပဒေသိရှိဖို့ အသက်မွေးပညာသင်တန်းကျောင်းသို့ အသိပညာပေးကြစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာန ခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့်အကျိုး စီးပွားကို ကာကွယ်ရန် ရည်ရွယ်၍ (၆.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာဆရာ/ဆရာမ(၁၄)ဦး၊ သင်တန်းသား/သူ(၂၀)ဦး၊ စုစုပေါင်း (၃၄)ဦး တက် ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက် လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း() ပုဒ်မ-၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြားကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်သောကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

   ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ အခန်း(၁၉) ပါတိုင်ကြားခြင်း စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်းနှင့် စားသုံး သူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိလျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေး စင်တာ(CICC)သို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်း များမှာ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာ နှင့် Consumer Call Center (1535)ဖွင့်လှစ် ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်းဆွေးနွေးပြီး ဟောပြောပွဲအပြီးတွင် သင်တန်းသူ တစ်ဦးမှ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆို၍ သိလိုသည်များမေးမြန်းခဲ့ပြီး  လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ “ ဗညားသူရ” မုန့်ဟင်းခါးဖတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံဒု-ဦးစီးမှူး ဒေါ်တင်တင်မော် သည် (၁၀.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင်  ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်ရှိဗညားသူရမုန့်ဟင်းခါးဖတ် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မုန့်ဖတ်လုပ်ကိုင်ပုံအဆင့်ဆင့် နှင့် ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းခဲ့ပါသည်။

     လုပ်ငန်းရှင်မှ မုန့်ဖတ်လုပ်ငန်း လုပ်ကိုင်ပုံအဆင့်အဆင့်ကို ရှင်းလင်းရာ ပထမဦးစွာ ကုန်ကြမ်း ဆန်ကို မနောသုခဆန်(ဆန်လတ်)ကိုအသုံးပြုကြောင်း၊  ဆန်ကို ()နာရီခန့် ရေစိမ်ပြီး ကြိတ်ကြောင်း၊ ထွက်ရှိလာသော မုန့်အရည်ကို တစ်ညထားပြီး အိတ်ထဲသို့ ထည့်၍ နောက်တစ်ည ထပ်မံထားရှိကြောင်း၊ မုန့်နှစ်များ မာသွားပြီးလျှင် မွှေစက်ထဲသို့ထည့်၍ သမအောင်မွှေပြီး ညှစ်စက်ထဲသို့ ထည့်ကာ မိမိ လိုချင်သော မုန့်ဖတ်ဆိုဒ်(မုန့်တီ၊ နန်းသေး၊ နန်းလတ်၊ အာပူနန်း)ဟူ၍ အရွယ်အစားအမျိုးမျိုး ထုတ် လုပ်ကြောင်း၊မနောသုခ(ဆန်လတ်)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၇၀၀၀၀)ဖြင့် မြို့ပေါ် ဆန်ပွဲရုံများမှ ဝယ်ယူရပြီး  ဆန်တစ်အိတ်လျှင် မုန့်ဖတ်(၆၅)ပိဿာ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မုန့်ဖတ် တစ်ပိဿာလျှင် လက်လီဈေး ကျပ်(၂၈၀၀) လက်ကားဈေး ကျပ်(၂၂၀၀) ဖြင့် ပခုက္ကူမြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်(ခေါက်ဆွဲ/အသုပ်စုံ)ဆိုင်များသို့ ရောင်းချကြောင်း၊ လုပ်သား ဦးရေ()ဦးရှိပြီး ကျား()ဦး၊ ()ဦးရှိကြောင်း၊ လုပ်သားခမှာ ကျားတစ်ဦးလျှင် ကျပ်(၁၀၀၀၀) မတစ်ဦး လျှင် ကျပ်(၆၀၀၀)ပေးရကြောင်း၊ တစ်နေ့လျှင် ဆန်()အိတ် အသုံးပြု ထုတ်လုပ်ရပြီး မုန့်ဖတ်ထွက်ရှိမှု မှာ ပိဿာချိန်(၂၆၀)ထွက်ရှိကြောင်း၊ လုပ်ငန်းရှင်အသားတင် အကျိုးအမြတ်မှာ တစ်ရက်လျှင် ကျပ် (၉၀၀၀၀-၁၀၀၀၀၀)ခန့် ကျန်ရှိကြောင်း လုပ်ငန်းရှင် ဦးဗညား၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်း (အခြေခံ)ဖွင့်ပွဲသို့ တက်ရောက်ခြင်း

     ၂၀၂၆ ခုနှစ်၊ မေလ၊ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ ရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း၊ပခုက္ကူမြို့၌စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)”  ဖွင့်လှစ်ခဲ့ရာ ပခုက္ကူ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကိုယ်စား ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သိကောင်းစရာများကို ပြောကြားခဲ့ရာ ရက်(၁၀၀)အတွင်း ကိုယ်ပိုင် လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး၊ သေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  

      အခြေခံစက်ချုပ်သင်တန်းကို (..၂၀၂၆ မှ ..၂၀၂၆ ထိ) အခြေခံ ()လနှင့် (၁၄..၂၀၂၆ မှ ၂၈..၂၀၂၆ ထိ) မွမ်းမံ (၁၅)ရက်၊ စုစုပေါင်း (၄၅)ရက် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသူ (၁၅) ဦးတက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် နည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင် သည်အထိ စာတွေ့ (၃၀%) လက်တွေ့ (၇၀%) သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် အခြေခံ သင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူ ()ဦးကို ရွေးချယ်၍ စက်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ဆက်လက်၍ သင်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆက်စပ်ပစ္စည်းများကို သင်တန်းသူ များအား ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ဆက်စပ်ပစ္စည်းများကို ပြသခဲ့ရာ လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ “ ပြည့်စုံအောင်” မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း/ ဈေးကွက်အခြေအနေများ မေးမြန်းခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ  “ပြည့်စုံအောင်”  မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြေပဲဆံ၊ မြေပဲဆုံဆီ ဈေးနှုန်း/ဈေးကွက်များ၊ ကြိတ်ခွဲ ထုတ်လုပ်မှု နှင့်  ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ပါသည်။

          ဆုံဆီလုပ်ငန်းရှင်မှ  မြေပဲဆုံဆီလုပ်ငန်းကို လုပ်ကိုင်သည်မှာ  ()နှစ်ခန့် ရှိပြီဖြစ်၍ ဇာတိမြေ ဖြစ်သော ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ လာရောက် နေထိုင်လုပ်ကိုင်ကြောင်း၊ ကုန်ကြမ်းမြေပဲဆံများကို မြို့ပေါ်ရှိ မြေပဲပွဲရုံများမှ ဝယ်ယူပြီး မြေပဲလုံးဆန် (ပြန့်)တစ်ပိဿာလျှင် ကျပ်(၁၂၇၀၀)ဖြင့် ဝယ်ယူရပြီး သစ်သားဆုံ()လုံးတွဲဖြင့် ကြိတ်ခွဲကြောင်း၊ မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ တစ်ရက်လျှင် ()ဆုံ()တွဲခန့် ကြိတ်ခွဲပြီးကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်၍ လုပ်သားဦးရေ ()ဦးတည်း သာ ငှားရမ်းကြောင်း၊ ထွက်ရှိသည့်ဆုံအရေအတွက်ပေါ်မူတည်၍ တစ်ဆုံလျှင် ကျပ်(၁၃၀၀)ပေးကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆုံဆီတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀) (၁၀)ပိဿာပုံးအပါ ဆိုလျှင် ကျပ်(၂၄၀၀၀) ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၇၀၀-၇၈၀၀)ဖြင့် အိမ်သို့ လာရောက်ဝယ်ယူကြကြောင်း၊ ဈေးကွက် အနေဖြင့် မြို့ပေါ်ရောင်းချမှုနည်းပြီး ရန်ကုန်သို့ အဓိကထားတင်ပို့ကြောင်း၊ တန်ခူးလနှင့် ကဆုန်လ များ၌ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ကုသိုလ်အထူးပြုလုပ် သည့်အချိန်များဖြစ်၍ ယခင်လများထက် ရောင်းအားကောင်းကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၀)ပိဿာဆံ့ ပုံးဝါ တစ်ပုံးလျှင် ကျပ်(၁၀၀၀၀/ ၁၅၀၀၀)ခန့် ကျန်ရှိပြီး တစ်လရောင်းအား ပိဿာချိန် (၉၀၀-၁၀၀၀)ခန့် ရောင်းချရကြောင်း၊  လုပ်ငန်း အစတွင် အခက်အခဲများစွာရှိသော်လည်း  လက်ရှိအချိန်တွင် အမှာအော်ဒါများ ရရှိသောကြောင့် အဆင်ပြေကြောင်း ဆုံဆီလုပ်ငန်းရှင် ဦးဝင်းအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

သာယာဝတီခရိုင်၊အုတ်ဖိုမြို့တွင်ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော ဆေး ဝါးများကို ယုံကြည်စိတ်ချစွာဝယ်ယူ သုံးစွဲနိုင်ရန် ရည်ရွယ်၍ . . ၂၀၂၆ နေ့ နံနက်ပိုင်းတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့ မြို့မ () လမ်းရှိ ဦးသီဟအောင်၏  ငွေမိုး  ဆေးဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်တွင်ရောင်းချလျက်ရှိသောဆေးဝါးများ   သက်တမ်းလွန်နေ  ခြင်း ရှိ၊ မရှိ ​​​​  ​ ​​  ​​FDA မှ တားမြစ်ထားသော ဆေးဝါးများပါဝင်မှု ရှိ မရှိ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ မရှိ နှင့် ဈေးနှုန်းများ မြှင့်တင် ရောင်းချမှု ရှိ ၊မရှိ စစ်ဆေးခဲ့ပါသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ်ကာလအတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း တိုင်းရင်းဆေး၊    နိုင်ငံခြားဆေး အမျိုးပေါင်း ၁၈၀ ခန့်ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်  တင်ရောင်းချမှုမရှိပါကြောင်း စစ်ဆေးစဉ်ကာလ စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင်ဆန်စက်၊ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

                   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မေလ ၅ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီတွင် ကြက်ဆူ တောလမ်းမှ ဦးသိန်းဇော်၏ အောင်ဆုပန်ဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချမှုဈေးနှုန်း၊ အရည်အသွေးနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်း စီစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပြီး ဆန်များအရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရန် အသိပညာပေး ညွှန်ကြားခဲ့ပြီး စားသုံးသူများ၏ အခွင့်အရေးအား မထိခိုက်စေရန် ဥပဒေသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

   ၂၀၂၆ ခုနှစ်၊ မေလ  ၁၄  ရက်နေ့၊ နံနက်  ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထညွှန်ကြားရေးမှူး)  ဦးဆောင်၍ ဝန်ထမ်း (၄) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ     (ဈေး များဌာန) တို့နှင့် ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မြို့မဈေးတွင်  စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

 

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပခြင်း

          (၁၃.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာအစိုးရဌာများက ဖော်ပြရန် သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးမြို့အတွင်းရှိ မြို့နယ်များသို့ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

             စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ် အသီး သီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့အတွင်း (၂-၄-၂၀၂၆) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ကိုးသုံးလုံး အာလူးကြော်လုပ်ငန်းနှင့် ရွှေပြည့်စုံ လက်ဖက်လုပ်ငန်း, (၉-၄-၂၀၂၆) ရက်နေ့နှင့် (၁၀-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းင စားသုံးသူကာကွယ်ရေးအသိပညာ‌ပေး (Talk Show)၊ (၂၄-၄-၂၀၂၆) ရက်နေ့တွင် အမရပူရမြို့နယ်ရှိ စားသောက်ဆိုင်များသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော‌ပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် စားသုံး သူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်းနှင့် Consumre Call Center (1535) သို့လည်း ရုံးချိန်အတွင်း  ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ