သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်တွင် စားသောက်ထုတ်ကုန်များ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၁၅) အချိန်တွင် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်းရှိ “မ်ိုး” ငါးမုန့်ကြော်လုပ်ငန်းသို့ သွားရောက်၍ အစားအသောက်ကြောင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ဈေးကွက်မရောက်မီဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ရေကြည်မြို့နယ်တွင် MSMEs လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

              ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်သည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၄၅) အချိန်တွင် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်းရှိ MSMEs လုပ်ငန်းဆောင်ရွက်လျက်ရှိသော “မိုး” ငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် ကုန်ကြမ်းရမှု၊ ကုန်ချောဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဆိုင်များ ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဝယ်ဈေး၊ ရောင်းဈေးအခြေအနေ စာရင်းကောက်ယူကွင်းဆင်းစစ်ဆေး ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ   တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ဆေးဝါးများ၏ ပြန်လည်ဖြန့်ဖြူး ရောင်းချသည့် ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မကျီးတန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာ၊ အေးမင်းစိုး၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုထောက်ခံချက်ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကြည်မြို့နယ်တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး အခမ်းအနားကျင်းပခြင်း

                 ရေကြည်မြို့နယ်၊ အင်းယားကုန်းကျေးရွာတွင် (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာ‌ပေးအခမ်းအနားကို (၁၅.၁၂.၂၅) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

          ထိုအခမ်းအနားကို ရေကြည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှကင်းဝေးစေရန်အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ‌သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဒီဇင် ဘာလ ၁၆ ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဆေးရုံဟောင်းလမ်း၊ တာကလေး ရပ်ကွက်ရှိ  ဟင်္သာညီနောင် နှင့် မေတ္တာရှင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရးလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော ဝန် ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေးတာဝန်ခံများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအား လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ယာဉ်လိုင်းအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်ဦးစီးမှူးသည် ကန်ဇွန်းခုံအုပ်စု ရှမ်းကွင်း​ကျေးရွာရှိပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချပေးနေမှုအခြေအနေကွင်းဆင်းစိစစ်ခြင်း

             စားသုံးရေးရာဦးစီးဌာန မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ ကန်ဇွန်းခုံအုပ်စု၊ ရှမ်းကွင်း ကျေးရွာတွင် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စားသုံးသူပြည်သူများထံသို့ဆီရောင်းချပေးမှုအခြေအနေများ ၊သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှု အားကောင်းစေရေး ၊သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့်  အရည်အတွက်၊ အရည်အသွေး၊ အလေးချိန် ပြည့်ဝ စွာဖြင့်  ပြည်သူများသို့  ဖြန့်ဖြူးရောင်းချပေးစေလိုရေးတို့အား ဆွေးနွေးခဲ့ခြင်းနှင့် လုပ်ငန်းရှင်မှလည်း သိရှိလိုသည့်အချက်များအားပြန်လည်မေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်မှ ဆီစာအုပ်ဖြင့် ဝယ်ယူနေသော အိမ်ထောင်စုများအားတစ်လအတွင်း ဆီရရှိမှုအကြိမ်အရေအတွက်နှင့် ဆီ(၅၀)ကျပ်သားလျှင် ဝယ်ယူရသည့်ဈေးများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက် နေ့ နံနက်(၁၁:၃၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေး ရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များ အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များ အကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည် တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။(DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် “စန်းသီရိ”ဆန်စက်တွင် ဆန်စပါးရောင်းဝယ်မူအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ “စန်းသီရိ”ဆန်စက်လုပ်ငန်းရှင် ဦးလှမျိုးအောင်နှင့် တွေ့ဆုံ၍   ၂၀၂၅-၂၆ခုနှစ်မိုးစပါးရာသီ၌ ဆန်စက်တွင် စပါးရောင်းဝယ်မှုအခြေအနေ နှင့် လက်ကျန်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်လက်ရှိတွင် ဆန်စပါးလက်ကျန်နည်းပါးနေကြောင်း၊ စပါး/ဆန်ဈေးများ မှာလည်း အကျဘက်ရောက်ရှိနေပြီး ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရှိရပြီး၊ MyRo တွင် မှတ်ပုံ တင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန် စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေ ဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား  ဆွေးနွေးခဲ့ပြီး၊ ဆန်စက်များပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော လျှပ်စစ် Gasifire တပ်ဆင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှဒု-ဦးစီးမှူးဒေါ်ယဉ်ယဉ်ထွန်းသည် (၁၅.၁၂.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချ မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်း ချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေ ရေး၊ စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ကုန်စည်၏အမျိုး အမည်၊ အသား တင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း များအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များ ပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါကပြောင်းလဲမှုမရှိဘဲ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

              ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကြာနီကန်လမ်း၊ မြန်အောင်မြို့ရှိ လုပ်ငန်းရှင်နေအိမ်၌ Online မှ ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပလိမ်လည် ရောင်းချခြင်းများမရှိစေရန် နှင့် Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ် ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက် အလက်နှင့် အာမခံချက်များပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသောအရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ် ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမို ရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ