သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေမင်းအောင်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ  ကျုံတနော်ကျေးရွာရှိ  ရွှေအောင်မင်းဆန်စက်သို့ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျုံတနော်ရှိ ရွှေမင်းအောင်ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ၎င်းတို့ဆန်စက်မှ စပါးကြိတ်ခွဲလည်ပတ်မှုအနေဖြင့် မနက်(၀၈း၀၀)နာရီမှ ညနေ ၄နာရီထိလည်ပတ်ပြီး ၁ရက်လျှင် စပါးတင်း(၁၄၀၀)ခန့် (၂၀)တန်ကျကြိတ်ခွဲပြီး ဆန်များကို တင်ပို့မှု ဒေသတွင်းကုန်သည်များသို့ရောင်းချကြောင်း၊ ဆန်စက်တွင် စပါးလက်ကျန်-၄၅၀၀တင်း ဆန်-၃၁၂ အိတ်ခန့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှုမဖြစ်မနေ လုပ်ဆောင်ပေးရန်ကို မှာကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ငွေလမင်း ကုန်မျိုးစုံဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ငွေလမင်း ကုန်စုံဆိုင်များတွင် သွားတိုက်ဆေး ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့်  သွားတိုက်ဆေးအမှတ်တံဆိပ် ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် သက်ဆိုင်ရာထောက်ခံချက်များကို စစ်ဆေးခဲ့ပြီး၊ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့်  အမှတ်တံဆိပ်သွား တိုက်ဆေးအတုအား စျေးကွက်အတွင်း ရောင်းချမှုရှိလျှင် နောက်နောင်စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအုပ်စုနှင့် တော်ကွဲကျေးရွာအုပ်စုများတွင် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ၂၀၂၆ခုနှစ် မတ်လ ၁၉ရက်နေ့က မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရောင်းချမှုများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကြည်ရှုစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် အညီရောင်းချနိုင်ရေး အသိပေးလမ်းညွှန်ဆောင်ရွက်ခဲ့ပြီး ကျေးရွာများမှ ထုတ်ယူသည့် အိမ်ထောင်စု-၅၂၁ဦးထုတ်ယူသည့်ပိဿာ-၂၆၀ပိဿာ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၄၀၀ကျပ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ထုတ်ယူသည့် အိမ်ထောင်စု-၆၆၈ဦးထုတ်ယူ သည့်ပိဿာ-၃၃၄ပိဿာ၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချသည့်ဈေးနှုန်း-၇၅၀၀ကျပ် တော်ကွဲကျေးရွာအုပ်စု၊ ထုတ်ယူသည့်အိမ်ထောင်စု-၄၆၇ဦး၊ ထုတ်ယူသည့်ပိဿာ-၂၃၃ပိဿာ ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၅၀၀ကျပ် ဖြင့်ရောင်းချပေးလျက်ရှိရာ၊  ကျေးရွာနေပြည်သူများကိုလည်း ဆီထုတ်ယူခွင့် စာအုပ်ဖြင့် ဝယ်ယူရာတွင် လိုက်နာရမည့် အချက်အလက်များကို သိရှိနိုင်စေရန်နှင့် စားသုံးသူဝယ်ယူမှုတွင် အခက်အခဲရှိပါက ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်အကူအညီယူ အကြောင်း ကြားနိုင်ကြောင်းကို အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀-၃-၂၀၂၆ ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။  

            ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စားသုံးသူများ အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများမှ စားသုံးသူများကို ဘေးအန္တရာယ် ကင်းရှင်းမှုမရှိသော၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များထုတ်လုပ်ခြင်းမှ ကာကွယ်ရန်ရည်ရွယ်၍ စစ်ဆေးခဲ့ပါသည်။ အဆိုပါ သောက်ရေသန့်လုပ်ငန်းရှင်အနေဖြင့် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင် ၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားသည့်အပြင်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင်ရွက်ထားရှိပြီး ဈေးကွက်သို့  ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

     ထို့ပြင် ခရိုင်ဦးစီးမှူးက သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်ကျင့်ဝတ်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူ ကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများအကြောင်း၊ သက်ဆိုင်ရာဌာနများ ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ OnlineSale ရောင်းချသောလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်နှင့် ဝန်ထမ်များသည် (၁၈.၃.၂၀၂၆) ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့၊ အမှတ်(၅)ရပ်ကွက်ဈေးလမ်းတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်     ပစ္စည်းများရောင်းချသူ Online Sale လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးမွန်အား မှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ခြင်းရှိ/ မရှိခြင်းနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကိုတွေ့ရှိရကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး) 

သာယာဝတီမြို့တွင် သိန်းသန်းဟိန်း ပဲအစုံကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ဆရာစံမြို့သစ်၌ ပဲအစုံကြော်လုပ်ငန်းရှင် ဦးဌေးလွင်နှင့် (၁၉.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်း၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ တို့မှတွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး   ဥပဒေအခန်း  ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်  အညီဖြန့်ဖြူးရောင်းချရန်၊   ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို  အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  သာယာဝတီမြို့နယ် မင်းတဲလမ်း၌ ဆန်/စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်(၄၉) ဦးနှင့် (၁၉.၃.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီနှင့် ဝန်ထမ်းများမှတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး   ဥပဒေအခန်း  ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀) ပါ စီးပွားရေး  လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ  ကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း‌စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ဈေးအတွင်း မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မြို့မဈေး(၁)၊ ဈေး(၂)တို့ရှိ အခြေခံစားကုန်ရောင်းချနေသော ကုန်စုံဆိုင်များနှင့် သားငါးဆိုင်များအား မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့မဈေး(၁)ရှိ အခြေခံစားကုန်ဆိုင်ကြီး (၇) ဆိုင်နှင့် ကန်ညီနောင်ဈေး(၂)ရှိ သား၊ ငါးရောင်းချသော ဆိုင်(၁၀) ဆိုင်တို့အား ရောင်းချသည့် အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေနှင့် ကုန်ကြမ်းဝယ်မှု အခြေအနေများ သိရှိနိုင်ရန်၊ ဈေးနှုန်းအများကြီး အမြတ်တင်ရောင်းချမှု မရှိစေရေး အားရောင်းချသည့်ဆိုင်များအား သတိပေးပြောကြားပြီး မြို့နယ်ထွေအုပ်မှဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊မြို့နယ်စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိမွေးကုဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံတို ပူးပေါင်း၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရောင်းချနေသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး အဖွဲ့စုံနှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရောင်းချနေသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးအတွက် သက်ဆိုင်ရာအဖွဲ့များဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့သည် ၂၀.၃.၂၀၂၆ ရက်နေ့က ပေါင်မြို့၊ မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

   ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ ရောင်းချနေ‌သော ဆားများတွင် အိုင်အိုင်ဒင်း ပါဝင်မှုပြည့်မီစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  အိုင်အိုဒင်း ဓါတ်ပါဝင်မှု စစ်ဆေးသည့် ဆေးရည်ဖြင့် လက်တွေ့စမ်းသပ်စစ်ဆေးခဲ့ရာ ရောင်းချနေသော ဆားများသည် အိုင်အိုဒင်းဓါတ်ပြည့်ဝစွာ ပါဝင်ပြီး “စစ်ဆေးပြီး” တံဆိပ် ရိုက်ထားသော ဆားများသာ ရောင်းချကြောင်း သိရသည်။

DOCA (မွန်)

ဈေးကွက်အတွင်း ဒေသအရောက်ဈေးနှုန်း စားအုန်းဆီရောင်းချမှု ကွင်းဆင်းစိစစ်ကြပ်မတ် ဈေးကွက်စောင့်ကြည့်ခြင်း

       ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် စားအုန်းဆီ ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား  နတ်တလင်းမြို့နယ် မြို့နယ်တာဝန်ခံရုံး စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနတို့ ပူးပေါင်း၍ မတ်လ တတိယပတ်တွင်  ကွင်းဆင်းစစ်ဆေး ဈေးကွက်စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါအဖွဲ့မှ စစ်ဆေးခဲ့ရာတွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလည်းမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး  စားအုန်းဆီအရောင်းဆိုင်များအား စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် ဒေသအရောက် ဈေးနှုန်းရောင်းချရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့် အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်ချခြင်းများ မပြုလုပ်စေရေး၊ ပြည်သူ့လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေး၊ အခြားမသမာသော နည်းလမ်းများဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ