သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မန္တလေးမြို့ပေါ်ရှိ Supermarket များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                 မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ Supermarket များတွင် ရောင်းချလျက် ရှိသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း  ရှိ/မရှိ တို့အားစားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မေလ(၁၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်း ရှိ/မရှိ တို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါရှိသော မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေမဖြစ်မနေရေးသားဖော်ပြပါရှိသောကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၁၈-၅-၂၀၂၆ ရက်နေ့ နံနက်(၁၂:၀၀)နာရီ အချိန်တွင် B and W(Black and White)” အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

               ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ‌ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထို့အပြင် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲ တင်ပြ ရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာမှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်(Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍တင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး   ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)နှင့် ဒေါ်ဆွမ်လွတ်ဇယ်လမ်း (အကြီးတန်းစားရေး)တို့သည် ၂၁-၅-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်အတွင်းရှိ လက်လီရောင်းချလျက်ရှိသော ဦးအောင်ဇော်ဦး (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေး အန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရောင်းချလျက်ရှိသော PREMIER အမှတ်တံဆိပ် အသင့်ဖျော်နို့မှုန့်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ အပါအဝင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ် ရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ရုံးအကူ ဦးရန်ငြိမ်းအောင်တို့သည် ၂၁-၅-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နောင်စွန်းရပ်ကွက်ရှိ တော်ဝင် (ဆေးဆိုင်) သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အန်ပိုဗစ်အေဒီ အမှတ်တံဆိပ်ပါ အမြင်အာရုံနှင့် အရိုး အတွက် ဗီတာမင်Aနှင့်D ပါဝင်သောအားဆေးတောင့်သည် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံး ဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက် ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန်နှင့် ဆင်တူးရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Mevius Original Blue စီးကရက်အမှတ်တံဆိပ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၅.၅.၂၀၂၆ )ရက်နေ့ ‌နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးသည် ဓနုဖြူမြို့ပေါ်စတိုးဆိုင်များတွင် Myanmar Japan Tobacco Co.Ltdမှ ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတု အသုံးပြုထားခြင်း ရှိ/မရှိအား ပူးပေါင်းမိတ်ဖက်ဌာနများဖြစ်သော  မြို့နယ်အခွန်များဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော Myanmar Japan Tobacco Co.Ltdမှ ထုတ်လုပ်သော တရားဝင်ဆေးလိပ်များကိုသာရောင်းချနေပြီး  မူလလက်ဟောင်းကုန်စည်နှင့် လက်သစ်ဆေးလိပ်ဗူးများကို ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ၎င်း ကုန်စည်များသည် အခွန်တံဆိပ်ခေါင်းများအား ပြည်တွင်းအခွန်ဦးစီးဌာနမှ  QR Code မှန်ကန်ကြောင်းနှင့် ပုသိမ်ကုမ္ပဏီကိုယ်စားလှယ်ကားဖြင့် လာရောက်ပို့ဆောင် ဖြန့်ဖြူးကြောင်းသိရပြီး ရောင်းချသောဆိုင်ရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်အမှတ်အသားဖော်ပြချက်များနှင့် သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သည် တရားဝင်ကုန်စည်များကိုသာရောင်းချရန်၊ ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချကြောင်းတွေ့ရှိပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ (၁၃.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       မအူပင်မြို့နယ် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါး များနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာ ဌာနထောက်ခံချက် ပါဝင်သောတရားဝင်ဆေးဝါးများ နှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်း ပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများ ပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး၊  ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဟင်းခတ်အမွေးအကြိုင် ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မအူပင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် (၁၃.၅.၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့ရှိ  မင်္ဂလာဈေး၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ လိုက်လံစစ်ဆေးရာတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက်ကုန်အရောင်းဆိုင်များနှင့် ဟင်းချက်ရာတွင် အသုံးပြုသော ရသာမှုန့်နှင့် ဟင်းခတ်အမွေးအကြိုင် ကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြသည့် ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ်အချက်အ လက်များကို ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/ မရှိနှင့် ဟင်းခတ်အမွေးအကြိုင်နှင့် ဟင်းခတ်အချိုမှုန့်များ ထောက်ခံချက်ပါဝင်မှု ရှိ/မရှိကို လိုက်လံစစ်ဆေး ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တရားမဝင်ဆေးလိပ်များရောင်းချမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်သော ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ ပျဉ်းမနားမြို့ပေါ်နှင့် အာဟာရသုခဈေးရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ဆေးလိပ်အတုများ ရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း Myanmar Japan Tobacco Co. Ltd မှ တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Mavius Original Blue အမှတ်တံဆိပ်အား တုပ၍ အစိုးရအခွန်တံဆိပ်အတုအသုံးပြုထားသော တရားမဝင်ဆေးလိပ်အတုများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ခွင့်ပြုချက်များ မပါရှိသော တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

    (၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)၊  စည်ပင်(ဈေးများဌာန)တို့နှင့်ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊  ရွာတော်မင်္ဂလာဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    စစ်ဆေးခဲ့သောဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူးထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်ရှိပြီးဖြစ်သော ဆေးဆိုင်များ ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများ ရောင်းချမှုမှတ်တမ်း များ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်း စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဝန်ထမ်း(၄)ဦးသည် ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ စားသောက်ဆိုင်များသို့ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား (Size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ စစ်ဆေးမှုတွင် စားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/ မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ