သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၄--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(၅၃၀)၊ ရန်ကြီးအောင်(၅)လမ်း၊ ဆင်ဖြူရှင်ရပ်ကွပ်၊  ပုဗ္ဗသီရိမြို့နယ်ရှိ ရွှေပီးကာ ကလေးအသုံးအဆောင်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

မြင်းခြံမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

       ၁၃-၇-၂၀၂၆ နေ့ (တနင်္လာနေ့)၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

                                မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)က မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာ ဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သောကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်မှသာဘေးကင်းလုံခြုံစိတ်ချရမှုရှိနိုင်မည်ဖြစ်ကြောင်း၊ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်း အမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူသုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာဦးစီးဌာနအင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာနFacebookစာမျက်နှာများတွင် တိုင်ကြားနိုင်ခွင့် ရှိသည့် အခြေအနေများ၊ အလွယ်တကူ တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် Cell Center 1535 သို့ လက်တွေ့ဖုန်းခေါ်ဆိုကာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲသို့   ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း(MyRO)နှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် (၁၃.၇.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆန်စပါးသို လှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ(MyRO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီး အရာရှိ)က ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံ များကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်း ဆောင် ရွက်ရန်အလို့ငှာဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံသို့မဟုတ်စပါးတင်း(၂၅၀၀)နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် မှတ်ပုံတင်လျှောက်ထား ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၁၀)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသောသူများအနေဖြင့် MyRO တွင် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှု ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါ၍ သတ်မှတ်ထားသည့်ပမာဏများကို သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် MyRO တွင် မှတ်ပုံတင်ကြရန်လိုအပ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ  မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့်များ၊ မှတ်ပုံတင် သက်တမ်းကာလနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် ထည့်သွင်းရမည့်နည်းလမ်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြိတ်မြို့ပေါ်ရှိ အထည်မျိုးစုံ‌‌ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ မြိတ်မြို့၊ လပြည့်ဝန်းအထည်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေကြောင်း သိကောင်းစရာများနှင့် အွန်းလိုင်းမှတ်ပုံတင် ခြင်းဆိုင်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တစ်ဖက်မှာလည်း မိမိသည် စားသုံးသူဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် အွန်လိုင်းမှရောင်းချပါက အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်လျှောက်ထားရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ သိရှိသင့်သည့်အချက်များအား ရှင်းလင်းဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“မတ္တရာမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

                     မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ် ရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ မြို့နယ်စီမံကိန်း ဦးစီးဌာနစသည့် ဌာနဆိုင်များနှင့်ပူးပေါင်း၍ မတ္တရာမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်း ပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း၊ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေး သည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချ ခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင် ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

                 ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ မြို့နယ်စီမံကိန်းဦးစီးဌာနစသည့် ဌာနဆိုင်များနှင့်ပူးပေါင်း၍ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက် ပြီးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ပါရမီ (၂)ရပ်၊ ဂန္ဓာမာလမ်းရှိ Poe Nay Chi Linn အထည်အလိပ်၊ အဝတ်အထည်နှင့်စပ်ဆက်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းရောင်းချသည့်လုပ်ငန်း၊ စက်ဝန်းရပ်၊ ဦးမြတ်လေးလမ်းရှိ အင်ကြင်းစံ ဖိနပ်ရောင်း ဝယ်ရေးလုပ်ငန်းနှင့် မြို့သစ်(၆)ရပ်၊ ရွှေစံပါယ်(၃)လမ်းရှိ စိုးလွင် အိမ်တွင်းအလှဆင်လုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့်လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ဆိပ်ငယ်ရပ်၊ ဆိပ်ငယ်စျေးကြီး၊ မြိတ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ နေ့စဥ်ရောင်းချမှုနှင့် ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိနှင့် စည်းကမ်းဖော်ဖျက်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ စာရင်းဇယားမှန်ကန်စေရေးအလေး ထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆိပ်ဖြူမြို့နယ် ၊ သံဇလုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းနှင့် ဝန်ထမ်း()ဦးသည် (၁၄..၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ သံဇလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ (၂၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၇၅)ဦး စုစုပေါင်း(၂၉၉)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌါန်းထားရှိမှု အခြေအနေများ၊ ဥပဒေပြဌါန်းချက်ပါ ရည်ရွယ်ချက်များ၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာ များအားလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများအကြောင်းအား လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်တင်မာရီက ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများအား လည်းကောင်းအသေးစိတ် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိမရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိမရှိ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကိတ်နှင့် ဆီကြော်မုန့်လုပ်ငန်းရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန်လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပြီး ဈေးကွက်မရောက်မီ ဖြန့်ဖြူးမည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ