သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်ဖို့ ကျောင်းမုန့်ဈေးတန်းများသို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးစို့

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဦးစားပေးကုန်စည် (၁၀မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ကျန်းမာရေး နှင့်ညီညွတ်စေရန် ရည်ရွယ်၍ (၁၃..၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ပခုက္ကူမြို့၊  အမှတ်() အခြေခံပညာအထက်တန်းကျောင်းမုန့် ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ-၄၁()နှင့် ()ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည့်အချက်အလက်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနမှအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့်ကျောင်းမုန့်ဈေး တန်းများတွင် မုန့်ဟင်းခါးသုပ်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲ/ ကြာဇံကြော်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

ကန့်ဘလူမြို့နယ်တာဝန်ခံမှ   မြို့ပေါ်ရှိ  ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း()ဦးတို့သည် ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိ ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူမိဘပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ရောင်းချနေသော မုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဒေသတွင်း ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရန်အတွက် ထုတ်လုပ်သည့် မုန့်ထုပ်ပိုးမှုများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် သတ်မှတ်ချက်အတိုင်း ပြည့်စုံစွာ ဖော်ပြရန်၊ မုန့်များထုတ်လုပ်ရာတွင် ခွင့်မပြုဆိုးဆေးများနှင့် သက်တမ်းလွန် ကုန်ကြမ်းများ အသုံးမပြုရန်၊ ထုတ်လုပ်သည့် လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျ သိုလှောင်သိမ်းဆည်း ရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်စေရန် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် (Expiry Date) ကို စနစ်တကျ ရိုက်နှိပ်ရောင်းချရန် လိုကြောင်း ပြောကြားခဲ့ သည်။

      "ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်စည်တွေ ထုတ်လုပ်ရောင်းချတဲ့နေရာမှာ အမြတ် အစွန်းတစ်ခုတည်းကိုပဲ မကြည့်ဘဲ စားသုံးသူမိဘပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုကို ပထမဦးစားပေးအနေနဲ့ အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု မြို့နယ်တာဝန်ခံက ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်း အလိုက် လက်ရှိလည်ပတ်နေမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်တာဝန်ခံက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ကျောင်းများရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံသည် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍  (၁၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့ရှိ အမှတ်(၁)၊ အမှတ်(၅)နှင့် (၃)အခြေခံပညာအထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများ၌ အသင့်စားမုန့်များ၊ မြန်မာ့ရိုးရာအစားအစာများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာ့ရိုးရာအစားအစာများ များကို သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဌာနခွဲတာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်မုန့်အမျိုးမျိုး၊ အသင့်သောက်အချိုရည်နှင့် အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်()ဦးတို့သည် ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော အပ်ချုပ်စုရပ်ရှိ မြန်မာဦး”၊ မိုးဇာရပ်ရှိ “သိင်္ဂီရွှေစင်”နှင့် ရွှေသမားရပ်ရှိ “စွမ်းထက်” ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင်  မြန်မာဦး၊ သိင်္ဂီရွှေစင်နှင့် စွမ်းထက်” ဆေးဆိုင်များအနေဖြင့် နေ့စဥ်သုံးနှင့် ရံဖန်ရံခါသုံး ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်း ရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများရှိကြောင်း၊  ဆေးကဒ် တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက် ပေါ်မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်း အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်း ဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထား ရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေး ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများဖူလုံစေရေး ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ သလ္လာရပ်ကွက်နှင့် ထန်းတောရပ်ကွက်တို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ကုန်စည်နှင့်  ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်း ရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း  ရောင်းချနေသည့် စားအုန်းဆီ အရောင်းဆိုင်များအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊အလေးချိန်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ ရောင်းချနေကြောင်း သိရှိရပါသည်။  လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ခြင်း များ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင် ကြောင်း ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ ရန်ပယ်ဈေးရှိ “မခိုင်” ကုန်စုံဆိုင်တွင် ရောင်းချနေသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လက်ထောက်ညွှန် ကြားရေးမှူး)သည် (၁၃.၇.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မကွေးမြို့၊ ရန်ပယ်ဈေးရှိ “မခိုင်” ကုန်စုံဆိုင်တွင်ရောင်းချနေသော အမှတ်တံဆိပ်ပါဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအားဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာ ဝန်များအကြောင်းနှင့် တားမြစ်ချက်များကို ဆိုင်ရှင်အား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ၊ မရှိနှင့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မျိုးစုံဆိုင် (၇)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် cute press အမှတ်တံဆိပ် လိမ္မော်သီးမျက်နှာသစ် ဆပ်ပြာဘူးများနှင့် Ovaltine အမှတ်တံဆိပ် မုယောနို့ဖော်စပ်အမှုန့်ထုပ်များကို စစ်ဆေးခဲပြီး အဆိုပါ အမှတ်တံဆိပ် ကုန်စည်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိခြင်း၊  ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင် ခြင်းတွင် ပါဝင်သောအချက်အလက်များ မှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။  စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား     သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၂)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  အိမ်ထောင်စုတစ်ခုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့ကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက် တရားဝင်သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ၊ ဆီကန်များအတွင်း စက်သုံးဆီ ရောက်ရှိမှုနှင့် လက်ကျန်အခြေအနေများ၊ အချိန်အတွယ် လီတာခွက် စံနှုန်းမှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

      ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ  ဆာကူရာမုန့်လုပ်ငန်းရှင်နှင့်  တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၁၀.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆာကူရာ မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  

          ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူ အသုံးမပြုမီ  သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဥ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း များဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဥ်ခြင်း စသည့်အချက်များအကြောင်း၊   ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်အနေ သိသာထင်ရှားစွာ ဖော်ပြရမည့်  အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ မုန့်များထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် လိုက်နာရမည် ကျင့်ဝတ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ