သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများ ဈေးကွက်အတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသုံးပြု ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ (၁၆-၁၂-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဓနုဖြူမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်နှင့် ကုန်စည်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင် (၇)ဦးအား စားသုံးသူရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

            တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးက စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တိုက်ရိုက်ဝယ်ယူသုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရစေရေးနှင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင် စေရေး ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေးအကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးသည်။

              ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားများအလိုက်ထုတ်လုပ်၍ လက်လီလက်ကားစနစ်ဖြင့် ဖြန့်ချီရောင်းချနေမှုများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးမှုများအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(DOCA ဧရာဝတီ)

ဘုရင်မဆပ်ပြာ စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး

              (၂၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀0) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၄၁)၊ ဦးမြဲလမ်းနှင့်မြဝတီလမ်းထောင့်၊ စက်မှု ဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုရင်မစက်ရုံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဘုရင်မဆပ်ပြာစက်ရုံမှ တာဝန်ခံ ဒေါ်ဝါဝါရွှေပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ(၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချခြင်းမပြု လုပ်ရမည့်အချက်များ၊ ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၄:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          (၂၂.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃0)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ် (၄၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုန်(၄)၊ Dinolay စက်ရုံ၌ထုတ်လုပ် လျက်ရှိသော ပေါင်မုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် Dinolay စက်ရုံမှတာဝန်ခံ ဦးကျော်ဇင်သူပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

        ဆက်လက်၍ Dinolay အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော အုန်းယို၊ ချောကလက်၊ စတော်ဘယ်ရီ၊ အုန်းယိုပေါင်မုန့်၊ ချောကလက်ပေါင်မုန့်၊ စတော်ဘယ်ရီပေါင် မုန့်တို့ဖြစ်ပြီး ကုန်စည်အားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ဘုရင်မတံဆိပ်ဆပ်ပြာတွင် စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာ ထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းဖြင့် ရောင်းချနေသောလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၂၃.12.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂၄၁)၊ ကျောင်းလမ်း၊ အနော်ရထာရပ်ကွက်၊ ဥက္ကံမြို့ရှိ Kyawt Kay Thwe Bkk Produtcts Retail & Whosale အွန်လိုင်းအမည်ဖြင့် လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးရှင်းခန့်ကိုကို၊ အကြီးတန်းစာရေးမှ ဈေးကွက်အတွင်း ရောင်းချနေသာ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ လုပ်ငန်းများ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် (၂၃.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀ )နာရီအချိန်တွင် အမှတ် (၂၆၅)၊ ဇေကမ္ဘာ(၆)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများဈေးနှုန်းအတက်/ အကျ ဖြစ်ပေါ်မှုအခြေအနေနှင့် ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းစနစ်အသုံးပြုရောင်းချလျက်ရှိသော လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅) ရက်နေ့တွင်  သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းစနစ်အသုံးပြုရောင်းချလျက်ရှိသော လုပ်ငန်းများအား Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက် အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သိုလှောင်ရုံ စပါး ဆန် လက်ကျန် အခြေအနေများ မြေပြင် စစ်ဆေး

                  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ ဆန်စက်၊ သိုလှောင်ရုံများ သို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်း နိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဒီဇင်ဘာလအတွက် (၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှု များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီများ၊ ဆန်ဆိုင်နှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီး ဆန်/စပါး သိုလှောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် အသိပေးပြောကြားဆောင်ရွက်ခဲ့ပြီး၊ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ဆန်/စပါးသိုလှောင်မှု  မြေပြင် အခြေ အနေမှန်များကို လစဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ပြီး  MyRo တွင် မှတ်ပုံတင်ထား ပြီး သည့်   ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update စာရင်းများကို မဖြစ်မနေ ဖြည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

(DOCA ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ ဆန်စက်များ Myro မှတ်ပုံတင်နိုင်ရေး လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေး

               ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည်  (၁၅.၁၂.၂၀၂၅) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ သစ်ပုတ်ကုန်းကျေးရွာအုပ်စု စိန်ရွှေဖြိုး ဆန်စက်ပိုင်ရှင် ဦးဝင်းတင်နှင့် တွေ့ဆုံ၍ ဆန်စက်အား Myro တွင် မှတ်ပုံတင်နိုင်ရန်အတွက် လိုအပ်သော ပိုင်ရှင်၏ မှတ်ပုံတင် ရှေ့၊ နောက်၊ ပတ်ပိုစ့် ဓာတ်ပုံ၊ အိမ်ထောင်စုဇယား၊ သိုလှောင်ရုံတည်နေရာမှန်ကန်ကြောင်း ထောက်ခံချက်၊ အချက်အလတ်များမှန်ကန်ကြောင်း ဝန်ခံ ကတိပြုစာ၊ သိုလှောင်ရုံဓာတ်ပုံ အရှေ့၊ အနောက်၊ သိုလှောင်ရုံဝင်ဆံ့မှုပမာဏ (အလျား၊ အနံ၊ အမြင့်)၊ သိုလှောင်ရုံတည်ဆောက်ပုံ၊ လုပ်ငန်းရှင်၏ (Gmail ) လိပ်စာ အစရှိသဖြင့် လိုအပ်သည် စာရွက်စာတမ်း များနှင့် စပါး/ဆန် လက်ကျန်၊ ကြိတ်ခွဲမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

“ ခရမ်းမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ပြုလုပ်ခြင်း  ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ကို ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုအသိပညာပေး Talk Show တွင် ခရမ်းမြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ စားသုံးသူများသည် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကြောင့် ကြုံတွေ့နေရသည့် လိမ်လည်မှုပုံစံများအကြောင်းအား ရှင်းလင်းခြင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူမည်ဆိုပါက စားသုံးသူများအနေဖြင့် ဈေးဝယ်ယူခြင်းမပြုမီစိစစ်သင့်သည့်အချက်များနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သောနည်းလမ်းများရှိသည့်အနက်မှ အလွယ်တကူတိုင်ကြားနိုင်သော Consumer Call Center Hotline No.1535သို့ မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို ရုံးချိန်အတွင်းဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများက တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းတိုကို သတင်းစကားပါး၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာပေါင်းမြို့နယ်၊ ကံကော်သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည် ပိန္ဒဲကုန်းကျေးရွာရှိ ဦးထွန်းထွန်းဦး၏ ကံကော်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ သောက်ရေသန့်ထုတ်လုပ်မှုအခြေအနေများ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ရေသန့်များထုပ်ပိုးရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရန်၊ ဘူးခွံများ စနစ်တကျဆေးကြောသန့်စင်ပြီးမှ သောက်ရေသန့်များ ပြန်လည်ထည့်သုံးရန်၊ ထုတ်လုပ်မှုလိုင်စင်အား ထင်သာမြင်သာနေရာများတွင် ချိတ်ဆွဲထားရန် စသည့်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ