သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီမြို့၊ မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်(၉:၃၀)နာရီ အချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံ ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ  ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့်ဝန်ထမ်းများ ၊တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ခရိုင်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျ မှန်ကန် ရှင်းလင်းသော သတင်း အချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊စိတ်ကျေနပ်မှု ရှိစေရန်အတွက် အာမခံချက်  ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင် မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူ‌ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၃.၂.၂၀၂၆)ရက်နေ့တွင် မအူပင်မြို့နယ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် ဈေးကွက်အတွင်း စားသုံးဆီလက်လီရောင်းချသည့် ပိုင်ရှင်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိ၊ စားအုန်းဆီ  လက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချနေမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှု  မရှိပါကအရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းပြောကြားခဲ့၍ နေ့စဉ်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၅.၂.၂၀၂၆ ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ  ပြည်တွင်းကုန်သွယ်ရေး ဖွံဖြိုးမှုနှင့် သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်  ပေးနိုင်သည့် အရည် အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်မြို့နယ် တာဝန်ခံသည် ၃-၂-၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး၌   Online Sale ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင်  Online Sale လုပ်ငန်းရှင်များက အွန်လိုင်းအသုံးပြု၍ မိမိတို့ကုန်စည်များကို ရောင်းချလျက်ရှိပါက  Online Sale မှတ်ပုံတင်လျှောက်ထားရာ၍ ရောင်းချရမည်ဖြစ်ကြောင်းကိုဆွေးနွေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျောက်ထားရန် လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှု အဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ  ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ      Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကို တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်ဖြစ်ပါက တင်ပြရန်မလိုအပ်ကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale၏ Logo များကို ပြင်ဆင်ထားရန်၊ Online Sale  လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sing Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း မှတ်ပုံတင် လျောက်ထားရန် လိုအပ်သော လုပ်ငန်းရှင်များရှိပါက e-ComReg System website တွင် ကိုယ်တိုင်ဝင်ရောက်လျောက်ထားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နတ်တလင်းခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းများမှ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်း

 

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ထုတ်လုပ်ရောင်းချနေသော ဇင်ယော်ပဲကြော်လုပ်ငန်း၊ ဇင်ယော်ရှယ်ပြောင်းမုန့်ကြော်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ကိစ္စနှင့်ပတ်သတ်၍   ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇင်ယော်လုပ်ငန်းမှ ထုတ်လုပ်ရောင်း ချနေသော ပဲကြော်နှင့်ပြောင်းမုန့်ကြော်များတွင် ထည့်သွင်းထားသော ကုန်အညွှန်းအမှတ်အသား များမှာ စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများနှင့်  ကိုက်ညီမှုမရှိသောကြောင့် ဌာန၏ကုန်အညွှန်းအမှတ်သားများအတိုင်း ထည့်သွင်းပေးပါရန်နှင့် ဌာနတွင် ကုန်အညွှန်းအမှတ်သားလျောက်ထားရန်နှင့် ဈေးကွက်ဖြန့်ဖြူးမည့် စားသောက်ကုန်များ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်ပြီး၊ စားသုံးသူများစိတ်ကျေနပ်မှု ရှိစေရေးနှင့် ထုတ်ကုန်များ  ထုတ်ပိုးမှုကောင်းမွန်စေရေးတို့အား  အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း နှင့် ဈေးကွက်၊ ဈေးနှုန်းနှင့်၊ အရည်အသွေးမြင့်မားစေရေးတို့အား ရှင်းလင်းပြောကြား ခဲ့ပါကြောင်း သိရှိရပါသည်။        

DOCA(ပဲခူး)

မအူပင်မြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်၂၅နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

        မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန်ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ နောက်ဆုံးတင်သော စာရင်းအရ  ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၈၇၀၀၀၀ တင်း၊ ဆန် ၂၉၅၀အိတ်၊  စက်ပိုင် စပါးတင်း ၁၉၃၅၀၀၀တင်း၊ ဆန် ၇၀၃၀အိတ်၊  ကုန်သည် စပါးတင်း ၅၁၅၀၀၀၊ ဆန် ၁၈၀၀ အိတ်၊ ဆန်ဆိုင် ၇၅၀၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၅၇၈၅၀၀  နှင့်၊ ဆန် ၁၉၂၀၀ အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်း စစ်ဆေးခြင်းစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပဲကြာဆံနှင့် ဆန်ကြာဆံ ထုတ်လုပ်နိုင်ရေး တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၂.၂၀၂၆) ၊ နံနက် (၉:၃၀) အချိန်တွင် နိုင်ငံတော်ယာယီသမ္မတ ခရီးစဉ်တွင် ပြည်ခရိုင်အတွင်း ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်တို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက်အရ ပန်းတောင်းမြို့နယ်မှ ထွက်ရှိသည့် ပဲနှင့် ဆန်များကို အသုံးပြု၍ ပဲကြာဆံနှင့် ဆန်ကြာဆံမျာကို ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှုအပေါ် ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနမှ ဦးဆောင်၍ ပြည်ခရိုင်ဦးစီးမှူး၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် လုပ်ငန်းရှင်များမှ Zoom ဖြင့်လည်းကောင်း၊ ခရိုင် FDA ဌာန၊ အသေးစားစက်မှုလက်မှုဌာန၊ စက်မှု ကြီးကြပ်ဌာန၊ ပြည်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ ဆန်စပါး၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် များနှင့် ပဲကြာဆံရောင်းဝယ်သည့်လုပ်ငန်းရှင်များ မုန့်ဖတ်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ စသည်တို့မှ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံ၍လည်းကောင်း ဆွေးနွေးခဲ့ရာ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ပဲကုန်ကြမ်းမှ ပဲကြာဆံထုတ်လုပ်ပုံအဆင့်ဆင့် ထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် အကျိုးအမြတ်၊ ဈေးကွက်အခြေအနေများ၊ မြေနေရာရရှိမှုနှင့် MSMEs ချေးငွေရရှိမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ရေဆိုးစွန့်ထုတ်မည့်အခြေအနေများ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ ပြည်မြို့နယ် ပဲကြာဆံကုန်သည်တစ်ဦးမှ မြေနေရာနှင့် MSMEs မတည်ရင်းနှီးငွေအား နိုင်ငံတော်မှ ပံ့ပိုး ပေးမည်ဆိုလျှင် ပဲကြာဆံထုတ်လုပ်သည့်လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ပထမအပတ်စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၂-၂-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့အတွင်းရှိ ဆန်ဆိုင်ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရောင်းချနေသော လက်လီ ဆန်ရောင်းချသူ လုပ်ငန်းရှင်များကို မှာကြားဆွေးနွေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  မြန်မာဆန်စပါး အသင်းချူပ်မှ ထုတ်ပြန်ပေးထားသော လစဉ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးကွက်အတွင်း ရောင်းချနေမှုကို စစ်ဆေးဆောင်ရွက်ခြင်း ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင်မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များအနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်ဆိုင်များ သက်တမ်းတိုးခြင်း သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေသက်တမ်းတိုး ဆောင်ရွက်ရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်ဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်းရောင်းချနေကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့  ၃-၂-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ဇော်ဦး (စားသုံးသူရေးရာဦးစီးဌာန)မှ စစ်ဆေးရာ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်း၊   စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးရာ ရောင်းချခွင့်လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှစစ်ဆေးရာ သက်တမ်းကျော်လွန်နေသောပစ္စည်းများအား တောင်သူများကို ရောင်းချမှုမရှိစေရေး စစ်ဆေးမှာကြားခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများ ထပ်ဆောင်း၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ပြန်လည်ရောင်းချစေရေး၊ တရားဝင်ကုန်စည်များ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကုန်စည်များကို ရောင်းချရန်နှင့်၊ ဆင်တူရိုးမှားအတုအပ ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro. com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၉ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်းဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃၁) နေ့နောက်ဆုံး ဆန်/ စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၅၁၈၄၃ တင်း၊  ဆန်အနေဖြင့် ၅၁၉၂ အိတ်၊  ကုန်သည် စပါးတင်း ၁၄၃၇၀၀၊ ဆန်အနေဖြင့်၊ ၉၉၅၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၉၉၇၇၊ ဆန်အနေဖြင့် ၅၁၇၀၀၂အိတ်၊ ဆန်ဆိုင်များမှ ၆၉၅၀အိတ်၊  စုစုပေါင်း စပါးတင်း ၂၃၃၆၂၅၀၊ ဆန် ၅၃၉၀၄၉ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ်နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန် စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ