သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လှည်းကူမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၉.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူစားသုံးနိုင်ရန်အတွက်ရည်ရွယ်၍ စားသုံးသူအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူတိုင်းရရှိရမည့် အခွင့်အရေးနှင့် စားသုံးသူများမှလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ကိုသိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာရှုံးဆုံးမှုများမရှိစေရန်အတွက် သတိပြုဆောင်ရွက် ရမည့်အချက်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာရှုံးဆုံးမှုများ ဖြစ်ပေါ်လာပါက အလွယ်တကူ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်သား၊ ကျောင်းသူ (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၁၇-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ရှိ လက်လီရောင်းချလျက်ရှိသော ဒေါ်ရွှေတူး(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Sprite” အမှတ်တံဆိပ်ပါ ရှောက်-သံပုရာသီး အနံ့အရသာအချိုရည် (အသင့်သောက်အချိုရည်အမျိုးမျိုး)တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များကုန်စည်အုပ်စုရှိ အသင့် သောက်အချိုရည်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထား ကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက် အလက်များ ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပို့ချ

      ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ‌ဟောပြောပို့ချခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးဟောပြော ပို့ချရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားရှိမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး ဥပ‌ဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်သား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ညွှန်ကြားချက်ထုတ်ပြန် ထားရှိမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ တွင် လိုက်နာရမည့် အချက်များ၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား လာရောက် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခဲ့ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကြောင်းကို ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြိတ်မြို့ရှိ မြစ်ငယ်ရပ်၊ မြစ်ငယ်အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ မြစ်ငယ်အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၅၀ ဦးခန့်တက်‌ရောက်ခဲ့ပြီး (၁၄း၁၅) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့တွင် စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း

              ကျောက်ပန်းတောင်းမြို့နယ် စက်သုံးဆီနှင့်စားသုံးဆီရောင်းချမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၁၁.၇.၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် အများပြည်သူသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိသော စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် အခြားပြည်နယ်နှင့်တိုင်းများတွင် ဆီခွဲတမ်းလျော့ချဖြန့်ဖြူးမှု၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိမိတို့မြို့နယ်အနေဖြင့် ဆီခွဲတမ်းလျော့ချမည်မဟုတ်ကြောင်း၊ အများပြည်သူသိရှိစေရန်နှင့်ရောင်းချရန်တာဝန်ရှိသည့် ဆီပမာဏများအပြည့်အဝရောင်းချစေရေး ရက်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ ရည်ညွှန်းဈေးနှုန်း မှန်ကန်စွာရောင်းချစေရေး၊ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်း၍ စစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

 

 

    

ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ အစားအသောက်‌ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးခြင်း

        ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ ဧပြီလမှ ဇူလိုင်လအတွင်း စစ်ဆေးဆောင်ရွက်ရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင် မှုနှင့်ပတ်သက်၍ မြိတ်မြို့၊ ကွက်သစ်ရပ်၊ ရွှေကျင်တိုက်လမ်း၊ Oishi Hot Pot ဆိုင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် အစားအသောက်စျေးနှုန်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာစွာ ဖော်ပြထားရှိမှုများ ရှိ/ မရှိ၊  အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့်နေရာများ သန့်ရှင်းသပ်ရပ်မှုများ ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့်ဝန်ထမ်းများ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိနှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျထုတ်ပိုးသိမ်းဆည်းထားရှိမှုများ ရှိ/မရှိ စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများ၏ ဥပဒေ၊ ညွှန်ကြားချက်များကိုလည်းလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်း ရှင်သည်မြို့နယ်အတွင်းရောင်းချနေသောလုပ်ငန်း၊နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၁၁-၇-၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

                    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့်လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်း သုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊  အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အခြား ဝန်ဆောင်မှုများ  ရောင်းချသည့်  လုပ်ငန်းရှင်များထံသို့  သွားရောက်၍   အွန်လိုင်းမှတ်ပုံတင်စဉ်ကဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားများ အတိုင်းကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးရာ မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ် ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရလည်း အရေးယူခံရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်း စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

 

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဦးစားပေးကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှု ရှိ/ မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ကွက်သစ်ရပ်နှင့် ထားဝယ်စုရပ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဇူလိုင်လအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဦးစားပေးကုန်စည်များမှ အသင့်စားခေါက်ဆွဲ/ ကြာဇံခြောက်များ၊ ဟင်းချိုမှုန့်များတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုများ ရှိ/မရှိအား ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အသင့်စားခေါက်ဆွဲ/ ကြာဇံခြောက်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေတွက်၊ အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း၊ သုံးစွဲပုံနည်းလမ်းစသည့် ဖော်ပြချက်များပါရှိမှု ရှိ/ မရှိ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲ၊ ထုတ်လုပ်/ ဖြန့်ဖြူးသည့်လိပ်စာများ ထည့်သွင်းပါရှိမှု ရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/ မရှိနှင့် တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော ကုန်စည်များရောင်းချမှုများ မရှိစေရေး စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာပါရှိသည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မန္တလေးမြို့ပေါ်ရှိ Supermarket များ ၊ စတိုးဆိုင် များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မန္တလေးမြို့ပေါ်ရှိ Supermarket များ၊ စတိုးဆိုင်များသို့ သွားရောက်၍ ကလေးနှင့်လူကြီးအာဟာရဖြည့်စွက်စာအမျိုမျိုး၊ အရန်သင့်အစား အစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက ကလေးနှင့်လူကြီးအာဟာရ ဖြည့်စွက်စာအမျိုမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသော ဆိုင်များမှ ကုန်စည်များကို ကုန်စည်၏ အမျိုးအမည်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် နေ့စွဲ၊ သက်တမ်းကုန်ဆုံးသည့် နေ့စွဲ၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ ပါဝင်ပစ္စည်းများ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများ၊ ကြိုတင်သတိပေးချက်များ စသည့်အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စိစစ်ဆောင်ရွက် ခြင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

           ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ဥပဒေနှင့်အညီကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မော်လမြိုင်မြို့ အ.ထ.က (ရွှေနတ်တောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   ၁၅.၇.၂၀၂၆‌ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည့် မော်လမြိုင်မြို့ အ.ထ.က (ရွှေနတ်တောင်) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သဇင် ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဖြစ် သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ပြီး မေးခွန်းများအား မှန်ကန်စွာဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃) ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ