သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) ဦးဆောင်၍ ၂၃-၃-၂၀၂၆ ရက်နေ့တွင် မအူပင်မြို့၊ အမှတ်(၃/၅/၉) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စားသောက်ကုန်များ သုံးစွဲနိုင်ရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ ဗူးသွပ်ဟင်းချက်ဆီဗူးနှင့် ခရုဆီနှင့် ဟင်းခတ်အနှစ်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို့သိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်၊ သက်တမ်း လွန်ကုန်စည်များ ရောင်းချခြင်းမရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ၂၃-၃-၂၀၂၆ရက်နေ့ နံနက် (၀၉:၀၀) နာရီနှင့်(၁၃:၃၀)နာရီအချိန်တို့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စက်သုံးဆီ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ၊ ယာဉ်များစုံ/ မခွဲ၍ စံနစ်တစ်ကျရောင်း‌ချ‌မှု၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးတို့အတွက် ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများ  သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းဈေးအပေါ်ရောင်းချနေမှုအခြေအနေကိုစစ်ဆေးခြင်း၊ မြို့နယ်အတွင်း စက်သုံးဆီကျန်ရှိမှု၊ ဆီရောင်းချမှုအခြေအနေများကို လေ့လာဆောင်ရွက်ခဲ့ပြီး၊ ဆီဆိုင်များ တစ်နေ့လျှင် နံနက် (၀၆း၀၀)နာရီမှ နေ့လယ် (၁၅း၀၀)နာရီအထိ ရောင်းချနေမှုများသိရှိရပြီး၊ အချိုဆီဆိုင်များ ဆီပြတ်လပ်၍ ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး၊ ဆီဆိုင်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် လုပ်ဆောင်နိုင်ရေးကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ် မတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိပါသည်။

                   စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ (၃.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်ရေသန့်လုပ်ငန်းများ၊ (၄.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာမြို့ရှိ ဆေးဆိုင်များတွင်ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေး၊ (၅.၃.၂၀၂၆)မလှိုင်မြို့ ကုန်စုံဆိုင်များ၊(၆.၂.၂၀၂၆)တွင် ရမည်းသင်းမြို့ ကုန်စုံဆိုင်များတွင် အရန်သင့်အစားအစာများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး၊ (၆.၃.၂၀၂၆)ရက်နေ့တွင် ပျော်ဘွယ်မြို့ရေသန့်လုပ်ငန်းများ၊ (၉.၃.၂၀၂၆)ရက်နေ့တွင် သာစည်မြို့ကုန်စုံဆိုင်များ၊ ဝမ်းတွင်းမြို့ဆေးဆိုင်များ၊ (၁၀.၃.၂၀၂၆)ရက် နေ့တွင် မိတ္ထီလာမြို့ စားသောက်ကုန််လုပ်ငန်းများ၊ပျော်ဘွယ်မြို့ ရေသန့်လုပ်ငန်းများ၊ မလှိုင်မြို့ ဆေးဆိုင်များ၊သာစည်မြို့၊ကုန်စုံဆိုင်များ(၁၁.၃.၂၀၂၆)ရက်နေ့တွင်  ရမည်းသင်းမြို့ ကုန်စုံဆိုင်များ တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(မန္တလေး)

၂၀၂၆ ခုနှစ် မတ်လအတွင်း စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေး ဟောပြောခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့၊ ကြာအင်းကျေးရွာနှင့် လူးခင်းကြီးကျေးရွာတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ (၆.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် ခြင်းလုပ််ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Talk Show ကျင်းပဆောင် ရွက်ခဲ့ပါသည်။(၁၀.၃.၂၀၂၆)ရက်နေ့တွင် သာစည်မြို့နယ် ၊ ကန့်ဖြူကျေးရွာ၊ (၁၅.၃.၂၀၂၆) ရက် နေ့တွင် မိတ္ထီလာမြို့၊ပညာရေးဒီဂရီကောလိပ်၊ပညာပါရမီခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်လျှက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာ မှုများအတွက် ဖြေရှင်းပေးမှုများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် လည်း တခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ခရိုင်ရုံးများတွင်ဖွင့်လှစ်ထား သော စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံး များတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅ ) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ လက်ကမ်းစာ စောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို လုပ်ငန်းရှင်များ ထုတ်လုပ်သော ကုန်စည်များတွင် ဖော်ပြပါရှိနိုင်စေရေး ရေးဆွဲအကောင်အထည်ဖော် စိစစ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ ‌ကုန်စည်များကို ထုတ်လုပ်ရာတွင်လည်းကောင်း၊ ရောင်းချရာတွင်လည်းကောင်း ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်နိုင်ရေးကို အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ MSME လုပ်ငန်းရှင်များနှင့် ကုန်စည်ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မအူပင်ခရိုင်ဦးစီးမှူးရုံး၌ (၁၈.၃.၂၀၂၆) ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်လုပ်သော ကုန်စည်များကို အရည်အသွေးပြည့်ဝကောင်းမွန်ပြီး စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိအောင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများတွင် ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မှန်ကန်စွာဖော်ပြပါရှိစေရေးအတွက် စိစစ်မှုများဆောင်ရွက်ပေးလျက်ရှိရာ မိမိရုံးတွင် လာရောက်၍ စိစစ်လျှောက်ထားနိုင်ပါကြောင်း ဟောပြောဆွေးနွေးအသိပညာပေးခဲ့ ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ကုန်စည်ပစ္စည်းများရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို စစ်ဆေးရေးအရာရှိမှ အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးလျက်ရှိသလို၊ ဈေးကွက်မရောက်မီ ကုန်စည်များကိုလည်း လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်ရောက်ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း ပပျောက်စေရေး စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး  ဟောပြောပွဲသို့ တက်ရောက်လာသူ လုပ်ငန်းရှင်(၄၈)ဦးမှ သိလိုသည်များ မေးမြန်းဆွေးနွေးကြကာ၊ ကုန်အညွှန်းအမှတ်အသားလျောက်ထားမှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Talk Show ဖြင့် အသိပညာပေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့်မိတ္ထီလာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍မိတ္ထီလာမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတွင် ၂၀၂၆ ခုနှစ် ၊ မတ်လ ၆ ရက်နေ့တွင်နေ့လည် (၁:၀၀) ချိန်တွင် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ၊ ဒေါ်စိမ်းစိမ်းထွေး  မှ Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ကြော် ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်ကြေညာခဲ့ကြောင်း၊Online Shopping ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက် ထားပြီးမှ လုပ်ကိုင်ရမည်။အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ အရေးယူခံရ မည်ဖြစ်ကြောင်း၊ Online Shopping ရောင်းချသူများသည် မှတ်ပုံတင်မရှိဘဲ ရောင်းချပါက ဥပဒေအရ အရေးယူခံရနိုင်ခြင်း၊ စားသုံးသူများမှ မိမိလုပ်ငန်းအပေါ်  ဝယ်ယူအသုံး ပြုရန် ယုံကြည်စိတ်ချမှု မရှိနိုင် ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်း တစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/မရှိ ၊ ငွေပေးချေမှုစနစ်များကို သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့်အချက်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပျော်ဘွယ်မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

                 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ် မြို့နယ်တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်    (၁၁.၃.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                     ထိုသို့ကွင်းဆင်းရာတွင်  ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမှရှိစေရေးနှင့် ကုန်ဈေးနှုန်း များတည်ငြိမ်စေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိစစ်ဆေးခဲ့ပြီး ဆန် အမျိုးအစား အလိုက်လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ပါသည်။ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

ပျော်ဘွယ်မြို့နယ် စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံ၊ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်း ချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင် ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ရမည်းသင်းမြို့နယ်ရှိဆန်စက်များ MyRo တွင်ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/စပါးသိုလှောင်မှုလုပ်ငန်း ၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိ သဖြင့် ရမည်းသင်းမြို့နယ်၊သဲကျွန်းကျေးရွာရှိ ဒေါ်သဉ္ဇာအောင်၊ဆန်အရောင်းဆိုင်အား MyRo တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေးကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

                             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်အား တန်ချိန်(၂၅)တန်နှင့် အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည်MyRoတွင်ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မှတ်ပုံတင်ရာတွင် www.myro.com.mm တွင်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့်အချက်အလက်များကို ရှင်းလင်း ပြောကြားဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်အတွင်း ဆန်/စပါး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      (၁၉-၃-၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ရန်ကင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ပူးပေါင်းပြီး ရန်ကင်းမြို့နယ်ရှိ ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်/ စပါးဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်း များအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုရှိ/မရှိတို့ကိုစစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေး နိုင်ရေးဆွေးနွေးခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာ ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည် ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ