သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း 

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေးစည်ပင်ရုံးတွင် (၅-၂-၂၀၂၆ ) ရက်နေ့၊ နံနက် (၁:၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)သည် စားသုံးသူတို့၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်နှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် သက်တမ်းလွန်‌နေသောကုန်ပစ္စည်းများဟုတ်/မဟုတ်ကို သေချာ စိစစ်မှပြီးဝယ်ယူကြရန်၊  စားသုံးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါရှိသည့်ကုန် စည်များကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ  အခန်း(၁၈) ပါ ကုန် အညွှန်းအမှတ်အသားနှင့်ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့်စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိ၍ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ မုဒုံမြို့ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းချကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျောက်ပန်းချီအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင်(အငယ်တန်းစာရေး)တို့ ပါဝင်သော အဖွဲ့သည် (၁၈-၂-၂၀၂၆) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ကျောက်ပန်းချီ အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေး စမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေ ရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကိတ်နှင့်မုန့်မျိုးစုံရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင်၍ ‌ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင် (အငယ်တန်းစာရေး) တို့ ပါဝင်သောအဖွဲ့သည် 20-၂-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံ ရောင်းချသော လုပ်ငန်းရှင် ဦးရန်နိုင်ရှိုင်းအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံရမည့်အကြောင်း ၊အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အ ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ကုန်စည်/ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

“ ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချသော သွားတိုက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ယခုလအတွင်း စစ်ဆေးရမည့် သွားတိုက်ဆေးအမျိုးမျိုးတို့အား ဖေဖော်ဝါရီလ (၆) ရက် နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်အေးမင်း၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့ နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း သွားတိုက်ဆေးအမျိုးမျိုး ရောင်းချသည့်ဆိုင်များဖြစ်သည့် နွေးနွေး (အလှကုန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)၊ ဦးလှရှိန် (ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)၊ ဒေါ်ငြိမ်းငြိမ်းသူ (ကုန်မျိုးစုံရောင်းဝယ်‌ရေး)ဆိုင်တို့မှ Signal(ဆစ်ဂနယ်)သွားတိုက်ဆေး၊ 3D သွားတိုက်ဆေး၊ လေဆာသွားတိုက်ဆေး၊ Colgate သွားတိုက်ဆေးများတွင် ပါရှိရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စိစစ်ဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါသွားတိုက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိကြောင်း တွေ့ရှိခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူတိုင်းနေ့စဉ် သုံးစွဲနေရသော ကုန်စည်များတွင် သွားတိုက်ဆေးသည် သွားကျန်းမာရေးအတွက် အဓိကအရေးကြီး ကုန်စည်ဖြစ်သောကြောင့် သွားတိုက်ဆေးများကို ယခုကဲ့သို့ စစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် အခြားကုန်စည်များတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း ပိုင်ရှင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းတို့အား ဈေးစောင့်ကြည့် စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ  ဖေဖော် ဝါရီလ (၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးဆီအမျိုးမျိုးတို့အား စစ်ဆေးရန် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသော ဆိုင်များဖြစ်သော ဒေါ်စန်းဌေး ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာ ကုန်မျိုးစုံဆိုင်၊ ဦးတင်ဦး ကုန်မျိုးစုံဆိုင်ရောင်းဝယ်ရေး တို့မှ အမေထွား (သဘာဝမြေပဲဆီ)၊ Meizan (မေဇင်အဆင့်မြင့်စားအုန်းဆီ)၊ Duck (ဘဲလေး အဆင့် မြင့်သန့်စင် ထားသောစားအုန်းဆီ)၊ ဧရာဝတီ (မြေပဲဆီ ပဲဆီစစ် ပဲဆီသန့်)တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့် ကိုက် ညီမှုရှိ/ မရှိ စိစစ် ဆောင်ရွက်ခဲ့ကြသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးဆီများကို လူတိုင်းမပြတ် နေ့စဉ်စားသုံးနေရကြသောကြောင့် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော စားသုံးဆီများကို ဝယ်ယူရောင်းချကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ၂၀.၂.၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ် (၇၇) ယာဉ်ထိန်းတပ်ဖွဲ့စိတ် (မုဒုံ)၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ထိန်းသိမ်းမှုကော်မတီတို့နှင့်ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် သယ်ယူပို့ဆောင်ရေးမော်တော်ယဉ်များ၌ သတ်မှတ်လူဦးရေ ထက် ပိုမိုတင်ဆောင်ခြင်းရှိ/မရှိ၊ ယာဉ်မောင်းအရက်သေစာသောက်စားထားခြင်းရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးထုတ်ပြန်ထားသောသက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်မှုနှင့်ကုန်စည်တန်ဆာပို့ဆောင်ရေးစသည့် ဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ် ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့် ရရှိစေရေး စစ်ဆေးခြင်း၊ ကားလက်မှတ်ကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်းများကို တန်ဆာခရယူသယ်ဆောင်ရာတွင် ပေးပို့သူက စိတ်ချလုံခြုံမှု ရရှိနိုင်မှု ရှိ/မရှိ၊ ကုန်စည်များကို သတ်မှတ်ရက်အတွင်း ပို့ဆောင်မှု ရှိ/မရှိ၊ ပစ္စည်းများတစိတ်တဒေသ ပျက်စီးခြင်း၊ အားလုံးပျက်စီးခြင်း ဖြစ်ပေါ်ပါကပေးလျော်ရန် သတ်မှတ်ချက်များ ရှိ/မရှိ၊ ရှိပါက ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ/မရှိ၊ ခရီးသည်များလိုက်ပါစီးနင်းသောခုံများသည် သင့်လျော်သောအခြေအနေ ရှိ/မရှိ၊ ယာဉ်ထွက်ခွာရန် သတ်မှတ်သောအချိန်တွင် ထွက်ခွာခြင်း ရှိ/မရှိ၊ ယာဉ်အတွင်း မကောင်းသောအနံ့များ မရှိစေရန်၊ ကွမ်းတံထွေး၊ အမှိုက်ကဲ့သို့သော ပစ္စည်းများမရှိစေရန် သန့်ရှင်းမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၁၉.၂.၂၀၂၆ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ် တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ သထုံမြို့၊ မြို့မဈေးရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

    အလားတူအဆိုပါနေ့တွင်ပင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း ကျိုက်ထိုမြို့နယ် အတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချနေသော လျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှု ရှိ/မရှိ၊ ကြိုတင်သတိပေးချက်ဖော်ပြပါရှိခြင်း ရှိ/မရှိ၊ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိ၊ စားသုံးသူများအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်ခြင်း ရှိ/မရှိနှင့် ထုန်ကုန်ဘေးကင်းလုံခြုံမှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ စံချိန်စံညွှန်းပြည့်မီပြီး ထုန်ကုန်ဘေးကင်းလုံခြုံမှုရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်ခွင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   မန္တလေးတိုင်းဒေသကြီး၊မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင်သည့်အဖွဲ့အနေဖြင့်  လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းနှင့် ၂ဘီး/ ၃ ဘီး မော်တော် ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်နေရာများသို့ သွားရောက်၍   ပြခန်းအတွက် အနိမ့်ဆုံးသတ်မှတ်ထားသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ  ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင် ပြခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။၁၀.၂.၂၀၂၆ ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် Inspire Automotive Ltd. (Zeekr Brand)၏လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်း ပြခန်း ဖွင့်လှစ်ခွင့်တင်ပြထားသည့်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်၊ ၇၈လမ်း၊ ရန်ကုန် - မန္တလေး၊ ခင်စောမူကွေ့နေရာနှင့်သိုလှောင်မည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၇၃ လမ်းနေရာများသို့  သွားရောက်၍  လျှပ်စစ်သုံးမော်တော်ယာဉ် အရောင်းပြခန်းအတွက် သတ်မှတ်ထားသည့်အနိမ့်ဆုံး သတ်မှတ်ချက် များနှင့်အညီ  ဆောင်ရွက်ထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

၂၂ ကြိမ်မြောက်မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပူးပေါင်းခင်းကျင်းပြသခြင်း

    မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြမာလာဥယျာဉ်တွင် (၇၉) ကြိမ် မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၂)ကြိမ်မြောက်မြို့တော်ဝန်ဖလား ဟင်းသီးဟင်း ရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲအား ၁၂.၂.၂၀၂၆ မှ ၁၄.၂.၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။ အဆိုပါပြပွဲနှင့်ပြိုင်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ပြခန်း(၂)ခန်း ပူးပေါင်းပါဝင်ခင်းကျင်းပြသခဲ့ကြောင်းသိရှိရပါသည်။ ၁၂.၂.၂၀၂၆ ရက်နေ့နံနက် ၈:၃၀ နာရီ အချိန် တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့မှ စားသုံး သူရေးရာဦးစီးဌာန ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှဌာနနှင့်ပတ်သက် သည်များ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။  ပြခန်းအတွင်းလာရောက် ကြည့်ရှုသူများအား မြန်မာဆန်စပါးအွန်လိုင်း (My RO ) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည်များ၊ e-Commerce  Online  Sales Registration အကြောင်း သိကောင်းစရာများ၊    စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက် ၍ ၁၅၃၅ Call Center  တွင်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အ ညွှန်းအမှတ်အသားက  လက်ကမ်းစာစောင်များဖြန့်ဝေ၍  အသိပညာပေးခြင်းလုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနပြခန်းအတွင်း မန္တလေး တိုင်းဒေသကြီးအတွင်း ထုတ်လုပ်သည့် MSME  ထုတ်ကုန်နမူနာပစ္စည်းများ၊ ဆန်၊ စပါးနမူနာများ၊ ပြည်ပသို့တင်ပို့သည့် ပဲမျိုးစုံနမူနာများ ခင်းကျင်းပြသခဲ့ပြီး နေ့စဉ်လာ‌ရောက်ကြည့်ရှုသူ(၈၀၀)ဦးခန့်  ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ