သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Gasifier ဆန်စက်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်(၁၉)လုံး အား ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ၉-၂-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် မြို့နည်စည်ပင်သာယာရေးအဖွဲ့ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ခွန်အား၊ သီဟသူ၊ ကောင်းမြတ်သုခ၊ ရွှေပြည်သစ်၊ ထူးဇေအောင်၊ စသောစက်များအား  မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များဖြစ်‌သော ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး ပြည်သူလူထုများအား အသိပညာပေး

         မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည်  (၉.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁) နာရီအချိန်တွင် ပန်းတနော်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးတွင် ဦးအောင်ကျော်သက်က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေသည်  ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရေး၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ စားသုံးသူများထံ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူတိုအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သတ်၍လည်း လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းနိုင်ရန်နှင့် စားသုံးသူအခွင့်အရေးနစ်နာမှု ရှိလာပါက အလွယ်တကူတိုင်ကြားနိုင်သည့် Consumer Call Center 1535 ခေါ်ဆိုနိုင်သည့် အကြောင်း စသည်တို့ကို  အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိပြီး အသိပညာပေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၈..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဆေးကုမ္မဏီများအား ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ/ လက်ကား ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံများနှင့် ပူး ပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်းကွာခြားမှုရှိ/မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန်အသိ ပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးကုမ္မဏီမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲFDAမှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(‌ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှု ဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် ကျောက်တံတားမြို့နယ် အတွင်းရှိ  ဒေါ်လှသန်း(ဆီဆိုင်) နှင့် ဦးရွှေလင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများနှင့် ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၁၈.၂.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှု များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်တွင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးတာဝန်ခံ နှင့်ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုက်ကြီးမြို့မဈေးတွင် ရောင်းချနေသည့် စားသုံးဆီ အမှတ်တံဆိပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးမှာ Meizan၊ Lotus၊ Goody၊ ရန်ကုန်၊ Duck နှင့် ရွှေအုံတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်လက်ပံတန်းစုကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

   မှော်ဘီမြို့နယ်၊ လက်ပံတန်းစုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များ အကြောင်း၊ အခန်း(၁၈)ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူများ အခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Websit www.doca.gov.mm တို့ဖြင့်ဖြစ်စေ၊ Call Center နံပါတ်(1535)သို့လည်း တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်ရောင်ချခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ  ဦးတင်စိုးနိုင် (ဦးစီးမှူး)သည်        ၂၂--၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆိုင်ရာ အသိပညာပေး      Talk Show  ကျင်းပပြုလုပ်ခဲ့ပါသည်။

     ထိုသို့ကျင်းပပြုလုပ်ရာတွင် အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြား၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာ သော အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း  နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်အလက်များ၊ လျှောက်ထားရာတွင် သတိပြုရမည့်အချက်များ၊ ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှု အုပ်စု သတ်မှတ်ချက်များ၊ eComReg System အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထား၊ ထုတ်ယူပုံအဆင့်ဆင့်အား အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ထားဝယ်မြို့ရှိ အသင့်စားမုန့်အမျိုးမျိုးလုပ်ငန်းအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီ၂၃ ရက်နေ့ ၊ နေ့လယ် (၂း၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ရေးလမ်းမကြီးရှိ ရွှေလက်ရာ ပေါင်မုန့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေ ဖြင့် ၎င်းတို့၏ကုန်စည်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်လာ စေရန် ရည်ရွယ်၍  အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် စီးပွား‌ရေးလုပ်ငန်း ရှင်များအနေဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်‌ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင် လျှောက်ထား သည့် ထားဝယ်မြို့၊ ဝဲကျွန်းရပ်၊ ကျိုက်ထီးရိုးလမ်းရှိ အိမ်စည် စားသောက်ကုန်လုပ်ငန်းအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (စစ်ဆေးရေးအရာရှိ)နှင့်အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင် ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၂၁..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တံတားဦးကျေးရွာ၊ အေးမြင့်သာယာအုပ်စု၊ ပုဗ္ဗသီရိမြို့နယ်ရှိ “Kha Kha Fashion Shop” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

 DOCA (ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ