သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၄.၁၂.၂၀၂ ရက်နေ့တွင် အသဲလေး အမှတ်တံဆိပ် ငါးခြောက်မီးသွေးကင်လုပ်ငန်းရှင်၊ ရှောက်သီးဆေးပြား လုပ်ငန်းရှင်၊ “ထူးထူး” အမှတ်တံဆိပ် ဆွဲသားခြင်ထောင်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

     ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် “စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းအသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

     ၂၄..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် စီပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အကြောင်းအရာများအား အကျယ်အဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

      (.၁.၂၀၂၅) နှင့် (၂၁.၁၂.၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများ သည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးဝင်းလွင် နှင့် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ရောင်းချခြင်း၊ သတ်မှတ် အရေအတွက် အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၄၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၈၈၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

       ၂၃..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်ရှိ “Ever Shine Fancy Store” နှင့် “A Thae Lay Halal Food & Cosmetics Online Shop” အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

  ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် အွန်လိုင်းဖြင့် အလှကုန်နှင့်အထည်အလိပ် ရောင်းချသည့်လုပ်ငန်းရှင် (၂) ဦးတို့အား မြို့နယ်တာဝန်ခံရုံး၌ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ညောင်ဦးမြို့တွင် ဆေးဆိုင်များအားဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်း

                  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချမှု ရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၉)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ အင်္ဂလိပ်ဆေးဝါးများ၊ တိုင်းရင်းဆေးများနှင့်စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပဋိဇီဝဆေးဝါး ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးများရောင်းချခြင်းနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းနှင့် ဈေးကွက်နမူနာကောက်ယူခြင်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                                                                                                                         

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ  အောင်ကမ္ဘာကိတ်မုန့်မျိုးစုံ လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ ဦးဝင်းဦး၏ အောင်ကမ္ဘာ ကိတ်မုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ကမ္ဘာအမှတ်တံဆိပ်ကိတ်မုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက်ပါဝင်ရမည့် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ဆွေးနွေးခြင်း၊  ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသော မုန့်များနှင့် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြင်းခြံမြို့ရှိ အချိုရည်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

                 စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် ၂၁.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၄:၀၀)အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ “Chan” အမှတ်တံဆိပ် မစ်ရှိတ်အချိုရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင်ထည့်သွင်းဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍လာရောက်လျှောက်ထားမှုအားစိစစ်ရှင်းလင်းမှုများဆောင်ရွက်ခဲ့ပါသည်။

                   စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေဩဇာဆိုင်အား ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့တို့ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ သစ်တို ကျွန်းကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာအမျိုးမျိုးအရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် ဈေးနှုန်းတို့အား စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့စစ်ဆေးရာတွင် အာဗိုအမှတ်တံဆိပ် ၁၆ ပတ်လည် 50Kg တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်၊ သံကွင်းတီစူပါ 50Kg တစ်အိတ်လျှင် (၁၅၅၀၀၀) ကျပ်၊ Multi (သီးစုံ) ၂၀:၁၂:၁၂ 50Kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ခြင်္သေ့တံဆိပ်(သီးစုံ) ၁၀:၁၀:၅ 50Kg တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချနေပြီး ထိုဈေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့်အမြတ် အစွန်း အနည်းငယ်သာယူ၍ ရောင်းချနေသဖြင့် ဈေးနှုန်းသင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုး ရေးတောင်သူများ အဆင်ပြေကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြင်းခြံမြို့ရှိ လက်ဖက်နှပ်နှင့်ပဲကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

                            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် ၂၁.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ “ရှယ်ရိုးရာ” အမှတ်တံဆိပ် လက်ဖက်နှပ်နှင့်ပဲကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် လျှောက်ထားမှုအား  စိစစ်ရှင်းလင်းမှုများဆောင်ရွက်ခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေသိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ