သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

KAT ”ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံး၌(၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ထိန်တောကျေးရွာရှိKAT ” ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင် ဒေါ်မြင့်မြင့်သန်းအား ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ လုပ်ငန်းသုံးစားအုန်းဆီ ‌‌လျှောက်ထားနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။  

          ထိုသို့ဆွေးနွေးရာတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူ‌ရောင်းချမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့် အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် လုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းပမာဏနှင့် အမှန်ကုန်ကျမည့်ဆီပမာဏများအား လုပ်ငန်းခွင်သို့ ကွင်းဆင်းစိစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်()ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မိဘပြည်သူဦးရေ (၁၀၀)ဦးအား  စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီးပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံး များတွင်တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ်(၁၅၃၅)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘားအံမြို့ရှိ အ.ထ.က (၅) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၂၈-၇-၂၀၂၆) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က (၅) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၃)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးအွန်လိုင်းသင်တန်း (၃/ ၂၀၂၆)ကြိမ်မြောက် ကျင်းပပြုလုပ်

           စားသုံးသူရေးရာဉီးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်မြို့နယ်များရှိဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ပြုလုပ်ရာ၌ အဆင်ပြေချောမွေ့စေရေးနှင့် ဝန်ထမ်းများစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးအွန်လိုင်းသင်တန်း (/၂၀၂၆) အား(၁၆..၂၀၂၆) ရက်နေ့မှ (၁၇..၂၀၂၆)ရက်နေ့ထိ()ရက်တာသင်တန်းအား သင်တန်းနည်းပြ ()ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းက စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ ယုံကြည်စိတ်ချစားသုံးကြဟူသော ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးရာတွင် အသက်အရွယ်အပိုင်းအခြားအလိုက် အသိပညာပေးသင့်သည့်အချက်များ၊ CICC တိုင်ကြားရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အမှုဖြစ်စဉ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘားအံမြို့ရှိ အ.ထ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၈-၇-၂၀၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က (၅)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းများနှင့် ပလတ်စတစ်အမှိုက်များ လျော့ချ၍ စနစ်ကျစွန့်ပစ်စေရေးများကို ဟောပြောခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၅) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၇၀)ဦး စုစုပေါင်း ဦးရေ(၈၅) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေး TALK SHOW ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၄.၇.၂၀၂၆)ရက် နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါအစီအစဉ်တွင်  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအပေါ် ကုန်စည် /ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း ရေး/ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေရေး၊ စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင်မှုများကိုဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအတိုင်း စားသုံးသူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောပွဲများ၊ ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဈေးကွက်ရောက်ပြီး ကုန်စည်များအား   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာအုပ်စု၊ ခရိုင် ဆီလုပ်ငန်းရှင်အသင်းရုံး၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့  နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့ပေါ် ကုန်စုံဆိုင်လုပ်ငန်းရှင်များ၊ ကုန်စို/ကုန်ခြောက်ရောင်းချသူလုပ်ငန်းရှင်များနှင့် ဆီလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၅ ခုနှစ် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ (၂၁) တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ တာဝန်ယူဆောင်ရွက်ရမည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့်အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ အာမခံကာလအတွင်း ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်းကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော  ညွှန်ကြားချက်အမှတ် (၁/၂၀၁၉) နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ၊ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်များကို သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၉.၇.၂၀၂၆) နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ မင်းစန်းဦးကုန်စုံဆိုင်၊ ဦးဇော်ထွန်းဝင်းကုန်စုံဆိုင်၊ ဦးနေဝင်းဇော်ကုန်စုံဆိုင်နှင့် ဦးစိုးမြင့်ကုန်စုံဆိုင် စသည့် စားအုန်းဆီလက်ကား၊ လက်လီဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် အဆိုပါဆိုင်များမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ကြောင်း၊ စားအုန်းဆီများပြည့်စုံမှန်ကန်စွာ ရောင်းချပေးရန်၊ စျေးနှုန်းမြင့် တင် ရောင်းချမှုများမရှိစေရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စားသောက်ကုန်လုပ်ငန်းရှင်များအား အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး

              အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့် ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်း  စနစ်ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်   လျှောက်ထားခြင်းအဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ် သရက်ချောင်းကျေးရွာရှိ ဓမ္မာရုံတွင် ပြည်သူ(၁၄၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့် စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် Consumer Call Center သို့ ဆက်သွယ် မေးမြန်းနိုင်စေရေး  အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်စင်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ