သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging များတွင် ရောင်းချရန်အတွက် သင့်တင့်မျှ တသောဆန်စျေးနှုန်းများအား ထုတ်ပြန်ကြေငြာလျက်ရှိရာ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တို့သည်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ရှိ ဆန် အ‌ရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ တိုးချဲ့ရပ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ တိုးချဲ့ရပ်သို့ သွားရောက်၍ စားအုန်း ဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စားလှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်ခရိုင်းအတွင်းရှိ ထုတ်ကုန်များအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိ စေရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် မြိတ်မြို့၊ ဇေယျာသီရိ(၁)ရပ် ရှိ Lucky Food Service လုပ်ငန်းရှင်သည် မြိတ်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်မြို့အတွင်း ထုတ်ကုန်အသစ်ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာဌာန ခွင့်ပြုချက်များရယူရန် ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားအား ပြည့်စုံစွာဖော် ပြပါရှိစေရန်နှင့် ကုန်းအညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များအား ရှင်းလင်းပြောကြားပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ပေးပို့ ရေးပြုလုပ်သည့် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းကားဂိတ်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့သည် ပခုက္ကူ မြို့ပေါ်ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာများ ပေးပို့သည့် ယာဉ်လိုင်းများအား  ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါကြောင်း၊  မိမိတို့ ယာဉ်လိုင်း များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူ များ၏ လိုအင်ဆန္ဒများနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ခရီးသည်ပို့ဆောင်မှု အခြေအနေများ၊ ကုန်စည်တန်ဆာများပေးပို့မှု အခြေအနေများ၊ အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးခြင်းဖြင့် ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာတစ်ခုထိ လျော့ချနိုင်ကြောင်း၊ ဥပမာ သတ်မှတ် လူဦးရေထက်ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်းအရက် သေစာ သောက်စားထားခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိစေရန် လိုအပ်ကြောင်း၊ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်မှု နှင့် ကုန်စည်တန်ဆာ ပေးပို့ ရေးစသည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိရာ ထိုဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူ များအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ နစ်နာဆုံးရှုံး မှုများဖြစ်လာပါက ဖြစ်သင့် ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရန်နှင့် မိမိတို့ဘက်မှ သတင်းအချက်အလက်များကိုလည်း  ရှင်းလင်း စွာ ကြိုတင်အသိပေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူများ အနေဖြင့် စားသုံးသူ အခွင့်အရေးပြည့်ဝစွာရရှိမည်ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများကို နှစ်ဦးနှစ်ဖက်၊ စားသုံးသူ(သို့မဟုတ်) လုပ်ငန်းရှင်များဘက်မှ ဖြစ်ပေါ်လာသည်ဆိုပါက သက်သေအထောက်အထားများနှင့်တကွ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်း စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလ အတွင်းတွင် ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့်  ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အ.မ.က(၇၊ ၈၊ ၉၈၊ ၁၅၀) ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/သူများ၊ ခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ အနောက် ပိုင်းရပ်ကွက်ရှိ အ.မ.က ကျောင်းများတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ် တာဝန်ခံမှ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၁)ကြိမ် စုစုပေါင်း(၈)ကြိမ် ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြ လာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာ ပေးလျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလအတွင်းတွင် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန် ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ ကုလားပဲမှုန့်၊ မြေပဲဆုံဆီ နှင့် စားသုံးဆီ ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၅)ကြိမ်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် အနောက် ပိုင်းရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးဆိုင်၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီ လုပ်ငန်း ရှင်များထံသို့ တွေ့ဆုံမှု(၂)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ ငှက်ပျောကြော် လုပ်ငန်းရှင် (၁)ကြိမ် တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံမှု (၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလေးမြို့ပေါ်ရှိ အ-ထ-က ( ၇ ) ကျောင်းအတွင်းရှိ မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အထက ( ၇ ) ကျောင်းဝန်းအတွင်းရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းအား ( ၁၆.၁၂.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသည့် မုန့်ဆိုင် ( ၃ ) ဆိုင်တွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိနှင့် ကျောင်းသား/ ကျောင်းသူများ အတုယူလွဲမှားစေနိုင်သည့် အစားအသောက်ပုံစံများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်ဇာဇာချိုဦးသည် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းအား Talk Show အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show ပွဲတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ အကြောင်းအား စားသုံးသူများ သိရှိစေရန် ဆွေးနွေးရာတွင် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထား ရယူခွင့်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်ရှိခြင်း၊ အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အခွင့်အရေးများရရှိနိုင်ပြီး၊ စားသုံးသူ တာဝန်များဖြစ်သော ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ် မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း  စသည့်အချက် များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Hay Ko collection Online Shopလုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်() ရပ်ကွက်ရှိ Hay Ko collection Online Shop လုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ စစ်ဆေးရာတွင်  မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက Hay Ko collection Online Shop လုပ်ငန်းအား online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းလျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထား သည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင် လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး online စနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ် ထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

M/S WILHELMSEN PORT SERVICES (S) PTE. LTD ကုမ္မဏီပိုင် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောရောက်ရှိ

    ၂၉.၁၂.၂၀၂၅ ရက်နေ့ (၁၁:၄၅) ချိန်တွင် M/S WILHELMSEN PORT SERVICES (S) PTE. LTD ကုမ္မဏီပိုင် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.TAIYYEB IFTIQHAR ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၃ ဦး၊ မလေးရှားနိုင်ငံသား သင်္ဘောသား ၁ ဦး၊ ပေါင်း ၁၄ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd ၏ ပြည်ပမှတင်သွင်းလာသည့် ဓာတ်ဆီ (92) ၂၇၆၆.၁၆၁ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

      အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ (မွန်ပြည်နယ်)၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲ တပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီဝင်ရောက်မှုမှာ ၉.၆.၂၀၂၅ မှ ၂၉.၁၂.၂၀၂၅ ရက်နေ့ထိ သင်္ဘော (၂၄) စီးတွင် ပရီမီယမ်ဒီဇယ် (၇၃၈၈) တန်၊ ရိုးရိုးဒီဇယ် (49376.773) တန်၊ 95 (၈၃၃၇.၀၇၈) တန်၊ 92 (၂၃၇၉၃.၇၂၄) တန်၊ စုစုပေါင်းတန်ချိန် (၈၈၈၉၅.၅၇၅) တန် ဝင်ရောက်ပြီးဖြစ်ကြောင်း သိရှိရသည်။

 DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ