သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့၊ မာန်အောင်ဈေးအတွင်းရှိ ကြက်ဥ၊ဘဲဥဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

          ကရင်ပြည်နယ်၊ဘားအံမြို့ရှိ မာန်အောင်ဈေးအတွင်းသို့ (၂၄-၇-၂၀၂၆)ရက်နေ့နံနက်(၁၁၀၀) နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးတင်မိုးသာ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဇာခြည်အောင်နှင့် အငယ်တန်းစာရေး ဦးရန်အောင်ထွန်း တို့ပူးပေါင်းအဖွဲ့သည် ကြက်ဥ/ဘဲဥဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ဖြစ်သော ကြက် ဥနှင့် ဘဲဥများအား ဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းချနေမှုရှိစေရေး၊ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက် အတွင်းတည်ငြိမ်မှန်ကန်သော ဈေးနှုန်းအတိုင်းရောင်းချစေရန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးချက်အရ လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများအနေဖြင့် ကြက်ဥဈေးနှုန်းမှာ (၆၀၀/၆၅၀)ကျပ်နှင့် ဘဲဥဈေးနှုန်းမှာ (၇၀၀)ကျပ်တို့ဖြင့်အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ တာဝန်ရှိသူများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခြင်း နှင့် ဈေးနှုန်းအခြေအနေများကို စာရင်းပြုစုကောက်ယူခြင်းဖြင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

           (၁၀.၇.၂၀၂၆)ရက်နေ့ ညနေ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

                       ဟောပြောပွဲတွင် ဦးတင်ဌေး(ရုံးအုပ်) မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက် နှင့်  စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုစပ်လျဉ်း၍ဆုံးရှုံးနစ်နာမှုများတိုင်ကြားလာမှုအပေါ်စုံစမ်းစစ်ဆေးခြင်းနှင့်ဆောင်ရွက်ပေးနိုင်သည့် အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်ကြားနိုင်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့်နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါကတိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းရှင်းလင်းဆွေးပြောကြားခဲ့ပြီးဟောပြောပွဲအတွင်းရှိ ကျောင်းသူ/ကျောင်း သားများကို မိမိတို့ ကိုယ်တိုင်သည်လည်း စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး ဆိုင်ရာနစ်နာမှုများတစ်စုံတစ်ရာ ဖြစ်ပွားလာပါက Consumer Call Center(၁၅၃၅)ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

           အဆိုပါဟောပြောပွဲကို (၁၅:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပြီး ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၄၅)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ကြခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Telmisartan Tablet အမှတ်တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)အတွင်းရှိ ဆေးနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချနေသော Telmisartan Tablet အမှတ် တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ Telmisartan Tablet အမှတ်တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ထောက်ခံချက်နှင့်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းနောက် စစ်ဆေး ရေးမှူးနှင့် တာဝန်ရှိသူ များသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုလုပ်ရန်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါး မှတ်ပုံတင်အမှတ် Import Registration No.(IR)များ ဖော်ပြထားသော ဆေးနှင့် ဆေးဝါးပစ္စည်းများကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။

DOCA(ရှမ်း)

ဘားအံမြို့နယ်ရှိ စားအုန်းဆီသန့်စက်ရုံ လုပ်ငန်းလည်ပတ်မှုအခြေအနေများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

          ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ စားသုံးပြည်သူများ ဘေးကင်လုံခြုံစိတ်ချရသော စားသုံးဆီများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စက်ရုံများ၏လုပ်ငန်း လည်ပတ်မှု အခြေအနေများမှန်ကန်စေရေးအတွက် ယနေ့(ဇူလိုင်လ ၂၃ရက်နေ့)နံနက် ၁၀၃၀နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်နိုင်၊စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြေးမုံထွန်းနှင့် အငယ်တန်းစာရေး ဦးရန်အောင်ထွန်းတို့ပါဝင်သော ပူပေါင်းအဖွဲ့သည် ဘားအံမြို့၊ အမှတ်(၇၀)ရှိ “ရွှေငါးသုံးကောင်” စားအုန်းဆီသန့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

          ကွင်းဆင်းဆောင်ရွက်ချက်များအရ အရည်အသွေးစစ်ဆေးရာတွင် စက်ရုံအတွင်း စားအုန်းဆီ သန့်စင်ထုတ်လုပ်နေမှုလုပ်ငန်းစဉ်များ၊ သန့်ရှင်းသပ်ရပ်မှုနှင့် သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စက်ရုံအတွင်းလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးလုံခြုံ ရေးနှင့် စက်ပစ္စည်းများကြံ့ခိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥပဒေလမ်းညွှန် ချက်များအရ စားသုံးသူပြည်သူများထံ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မှီသော စားအုန်းဆီများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရေးအတွက် ပြည်နယ်ဦးစီးမှူးဦး ဉာဏ်လင်းနှင့် တာဝန်ရှိသူများက စက်ရုံတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

DOCA(ကရင်)

စန်းသော်တာနှင့် ရူဘီ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

              ၂၀၂၆ ခုနှစ်၊  ဇူလိုင်လ (၁၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃) အတွင်းရှိ စန်းသော်တာနှင့် ရူဘီ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းများအား ထုတ်ကုန် များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် စန်းသော်တာနှင့် ရူဘီ အမှတ်တံဆိပ် ကိတ်မုန့်နှင့် ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်လုပ်ငန်းရှင်အားစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး ၃/၂၀၂၆ ကျင်းပပြုလုပ်

          စားသုံးသူပြည်သူတို့၏ အခွင့်အရေးများနှင့်ရပိုင်ခွင်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ စားသုံးသူတိုင်ကြားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိ စေရန်၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၊စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင်ရွက်ကြစေရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရိုင်စားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး(၃/၂၀၂၆)ကို ၁၃.၇.၂၀၂၆ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှ  အဖွင့်အမှာစကားပြောကြားရာတွင် ကျိုင်းတုံခရိုင်၊ ကော်မတီကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် အဖွဲ့ဝင်(၅)ဦးဖြင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အတည်ပြု ဖွဲ့စည်းထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုသည်မှာ စားသုံးသူများအတွက် ထိခိုက်နစ်နာမှု ဖြစ်စေသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဆိုးကျိုးများမှ ကာကွယ်ပေးခြင်းနှင့် စားသုံးသူများ၏ အကျိုးစီးပွားကိုကာကွယ်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်အတွက်မဟုတ်ဘဲ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်း ဖြစ်သည့်အတွက်  အားလုံး ဝိုင်းဝန်းကူညီဖြေရှင်းသုံးသပ်အကြံပြုပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဦးသန့်ဇင်က စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အမှာစာများဖြင့် အသေးစိတ်ရှင်းလင်းခဲ့ပြီး ဆောင်ရွက်ချက်များအား မှတ်တမ်းတင် ထားရှိနိုင်ရေး တင်ပြခဲ့ပါသည်။ ယင်းနောက် အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ပြီး  ကော်မတီဥက္ကဋ္ဌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှစားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းတင်ပါကြောင်းနှင့်စားသုံးသူအကျိုးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ် ပြောကြား၍ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် ကျိုုင်းတုံခရိုင်၊ ကော်မတီအစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၉ ) ရက်နေ့၊ နေ့လယ် ( ၁၄:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုး မျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာ အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေ ဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အရန်သင့်အစားအစာများကို သာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား  အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ မှန်ကန်စွာသုံးစွဲမှုရှိစေရေး လုပ်ငန်းခွင်များသို့ သက်ဆိုင်ရာဌာနများနှင့်ကွင်းဆင်း

          မြင်းခြံမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လျှောက်ထား၍လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများသို့ ၁၅.၇.၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစိစစ်မှုများဆောင်ရွက်ခဲ့ပါသည်။

            ပူးပေါင်းအဖွဲ့သည် လုပ်ငန်းခွင်များ၌ အမှန်လိုအပ်ပြီးသုံးစွဲသောဆီပမာဏနှင့်လျှောက်ထားမှု ပမာဏများ ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းများအမှန်လည်ပတ်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ လိုင်စင်နှင့် ထောက်ခံချက်များရှိ/မရှိ၊ ရရှိလာသောစားအုန်းဆီများ လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိ/မရှိ၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည်အဓိကအခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်အတွင်း ရေရှည်တည်တံ့နိုင်စေရေးအတွက် စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သောဖြည့်ဆည်းမှုများဆောင်ရွက်ပေးစေရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းသုံးစားအုန်းဆီများကို လည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

DOCA(မန္တလေး)

 

 

လွိုင်ကော်မြို့ပေါ်ရှိ ဝေယံစားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ‌‌‌‌‌ ဒေါ်‌‌‌‌‌‌‌နော်ကြူကြူ( ဦးစီးမှူး )  ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၂၁ ) ရက်နေ့ နံနက်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ ‌ဝေယံစားသောက်ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ များသန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ မိမိတို့ဆိုင် မှပေးအပ်သည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/မရှိ နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ ဈေးနှုန်း အားပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်အနေဖြင့် မိမိဆိုင်တွင် အစားအသောက်ပြုပြင် ရောင်းချသည့် နေရာများအား သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေးကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခထပ်မံကောက်ခံမည်ဆိုပါကလုံလောက် သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊ အစားအသောက် ထားသိုသည့်နေရာတွင် အသား/ငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များအား စနစ်တကျထားသိုသိမ်းဆည်းရန်၊ သက်ဆိုင်ရာဌာန၏ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့‌‌‌‌ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သူဌေးမစားသောက်ဆိုင်၊ ခရေစန်းစားသောက်ဆိုင်၊ KING STAR စားသောက် ဆိုင်သို့ (၁၄.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့ အဖွဲစုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ ရောင်းချသည့် အစားအသောက်များ၏အမျိုး အစားအလိုက်ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ / မရှိနှင့် စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန်သင့်/မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ