သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီဖြန်ဖြူးရောင်းချနေမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၉-၇-၂၀၂၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ်နှင့် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာရှိ အများပြည်သူများသို့  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ်  အရောင်းဆိုင်များအား  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  ကုမ္ပဏီကိုယ်စားလှယ်များ ဖြင့်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ် ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန်ထုတ်ပေးသည့် စားအုန်းဆီများကို စားအုန်းဆီလက်လီ အရောင်း ဆိုင်များမှရောင်းချရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိ/မရှိ၊ အလေးအချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ သတ် မှတ်ရည်ညွှန်ဈေး အတိုင်းရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင် သာစေရန် ရောင်းချသည့် နေ့ရက်နှင့်ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍ ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာရောင်းချမှုရှိ/မရှိ၊ စားသုံးသူပြည်သူများထံသို့  အပြည့်အဝရောက်ရှိမှုရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုရှိ/မရှိ၊ စားသုံးသူ လက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ချမှုရှိ/မရှိ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက် များနှင့်အညီ  လိုက်နာရောင်း ချမှုရှိ/မရှိ တို့ကိုကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်၊ဘားအံမြို့မဲဘောင်ဈေးအတွင်း စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းဦးဆောင်၍ ဇူလိုင်လ ၂၁ရက်နေ့ နေ့လယ် ၁၃:၀၀နာရီ အချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့မဲဘောင်ဈေးရှိ စားအုန်းဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်း(၄)ဦး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်ပါဝင်ခဲ့ကြပြီး ဈေးကွက်အတွင်း စားအုန်းဆီများ ရောင်းချရာတွင် သတ်မှတ်ဈေးမှန်ကန်မှုရှိစေရေး၊ပြည်သူများသင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စံချိန်စံညွှန်းကိုက်ညီမှုရှိစေရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၇-၇-၂၀၂၆) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က (၁) ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၆)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်း များသည် ၁၇-၇-၂၀၂၆ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ် အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့်ပြောကြားခဲ့ပြီး (၁၅၃၅) သို့ဖုန်းခေါ်ဆိုမှုများလက်တွေ့ သရုပ်ပြခေါ်ဆိုခဲ့ပြီး ကျောင်းသား (၁) ဦးနှင့်ကျောင်းသူ (၃) ဦးမှ သိလိုသည်များမေးမြန်ကာ ဆရာ၊ ဆရာမ (၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၈၀)ဦး စုစုပေါင်း ဦးရေ(၂၀၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကရင်)

မန္တလေးတိုင်းဒေသကြီးတွင်  MSME One Stop Service ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

   မန္တလေးတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာ အောင်မြေမြို့နယ်အတွင်း    ရက်(၁၀၀)စီမံချက်ဖြင့် MSME One Stop Service  ရုံးဖွင့်ပွဲ အခမ်း အနားအား ၂၀.၇.၂၀၂၇ ရက်နေ့နံနက်(၀၉:၃၀)နာရီအချိန်၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေး၊ လျှပ်စစ်၊ စွမ်းအင် စက်မှုနှင့် လမ်းပန်း ဆက် သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်၊ MRCCI အသင်းဝင်များ၊ MSME လုပ်ငန်းရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊သက်ဆိုင်ရာဌာနများနှင့်အတူ စားသုံးသူရေး ရာ ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ညွှန်ကြားရေးမှူးနှင့်အတူ  တက်ရောက် အင်အား(၈၀)ဦး ဖြစ် ကြောင်း သိရှိရပါသည်။အခမ်း အနားပထမပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဌမန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်က MSME One Stop Service  ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။   ဆက်လက်၍ အခမ်း အနား ဒုတိယပိုင်းအား ကျင်းပရာ အေဂျင်စီဥက္ကဌ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်ဒေသတွင်း စီးပွားရေးလုပ်ငန်း များ၏လိုအပ်ချက်များကို တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်၍MSME One Stop Service (OSS)ရုံးအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊လုပ်ငန်း ရှင်များ အတွက်လိုအပ်သောလုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်း၊လိုအပ်သောငွေကြေးအထောက် အပံ့ များ ရယူနိုင်ခြင်း၊ထုတ်လုပ်မှုနည်းပညာများ အကြံဉာဏ်ပေးနိုင်ခြင်း၊ စျေးကွက်ချိတ်ဆက်မှုများ ရရှိ နိုင်ခြင်း၊ ဥပဒေအကြံဉာဏ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ လုပ်ငန်းအခက်အခဲများ လျော့ချ၍ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုနှင့် အကြံဉာဏ်များတစ်နေရာတည်း ရရှိ နိုင်ခြင်း၊လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ချိတ်ဆက်မှုကိုမြှင့်တင်ပေးမည့် ပလက်ဖောင်း တစ်ခုလည်းဖြစ်ပါကြောင်းနှင့် OSS ရုံး၏ ဝန်ဆောင်မှုများကို အသုံးချသွားကြရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုအနေဖြင့် နေ့စဉ်ရုံးဖွင့်ရက်နှင့်ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအတွင်းရေးမှူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးက MSME One Stop Service ရုံးမှ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေးမှ လုပ်ငန်းရှင်(၃)ဦးသို့ ယာယီလုပ်ငန်းလိုင်စင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်း များသည် ၁၄-၇-၂၀၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.ကခွဲ(၂)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေး က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်း အမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသူကျောင်းသားများအား Call Center (1535) သို့ဖုန်းခေါ်ဆို၍ သိလိုသည်များ မေးမြန်း ရှင်းလင်းပြောကြားခဲ့ရာ ဆရာ၊ ဆရာမ (၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၂၀)ဦး စုစုပေါင်း ဦးရေ(၁၄၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၆) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က ခွဲ (၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၄)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

“ သန်လျင်မြို့မဈေးအတွင်း ရောင်းချနေသော စားအုန်းဆီလက်လီ/ လက်ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ သန်လျင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေသော ကိုယ်စားလှယ်များအား အပတ်စဉ်သောကြာနေ့တိုင်း ရည်ညွှန်းဈေးများထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ်အခြေခံပြီး စားသုံးသူပြည်သူများ အဆင်ပြေစွာဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ တင့်သင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မပြုလုပ်ကြရန်၊ အိမ်ထောင်စုအလိုက်ခွဲတမ်းရရှိသောဆီများအား နေ့စဉ်အပြည့်အဝ ထုတ်ပေးကြရန်နှင့် စားအုန်းဆီထုတ်ပေးမှုနှင့်ပတ်သက်၍ မှတ်တမ်းများထားရှိရန်တို့ကို စားအုန်းဆီအရောင်းဆိုင်မှ ဆီကိုယ်စားလှယ်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေတာရှည်မြို့နယ်အတွင်းရှိ အောင်ချမ်းသာအခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

            တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၈.၇.၂၀၂၆) ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ယင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ  ဒေါ်ပပလင်းက စားသုံးအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်း သတိပြုရမည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ ပါသည်။

          ထိုနောက်ဆက်လက်၍ဟောပြောပွဲ၌ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်သော်ဇင်အောင်က ကျောင်းသား၊ ကျောင်းသူများအား သရုပ်ပြပုံပြင်နှင့်၊ လူကုန်ကူမှုပပျောက် ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးများ မဖြစ်စေရန်သတိပြုရမည့် အချက်များ အားရှင်းလင်း ပြောကြားခဲ့ပြီး  နံရံကပ်စာစောင်များလည်းလိုက်လံပြသပေးခဲ့ခြင်းနှင့် ဟောပြောပွဲပြီးသည့်အချိန်တွင် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပခဲ့ ပါသည်။၎င်းဟောပြောပွဲ သို့ ကျောင်းသား၊ ကျောင်း သူ(၂၅၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ပဲခူး)

 “ကော့မှူးမြို့နယ်ရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှု အခြေအနေ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်းကျေးရွာများတွင် စားအုန်းဆီလက်/ လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇူလိုင်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်  အနောက်ခြမ်းကျေးရွာများရှိ စားအုန်းဆီလက်လီဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆီကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ကျေးရွာစားအုန်းဆီလက်လီ အရောင်းကိုယ်စား လှယ်များအား စားအုန်းဆီခွဲတမ်းများ သတ်မှတ်ခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့ကျေးရွာအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုနှင့် လူဦးရေ စာရင်းအရ ဖြန့်ဖြူးရောင်းချပေးကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားစရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ