သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ စက်သုံးဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကော့မှူး-ဒလ ဗိုလ်ချုပ် လမ်းမကြီးဘေး ဝဲယာကျေးရွာများတွင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မတ်လ(၅)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် စက်သုံးဆီအမျိုး အစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရုံး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူတို့သည် ကော့မှူး-ဒလ ကားလမ်း၊ ဗိုလ်ချုပ်လမ်းမကြီးဘေး ဝဲယာကျေး ရွာများဖြစ်သော မကျီးကန်းကျေးရွာအုပ်စုရှိ A Pex(ရတနာ) စက်သုံးဆီဆိုင်၊ ဇလုပ်ကြီးကျေးရွာအုပ်စုရှိ Max စက်သုံးဆီဆိုင်၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ရောက်ရှိ/ ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချစေရေး၊ ယာဉ်ကြောပတ်ဆို့မှုမရှိစေရေး၊ တရားမဝင်သိုလှောင်ရန် ပေပါခွံများ၊ ဆီထည့်ပုံးအလွတ်များဖြင့် လာရောက်ဝယ်ယူပါက လုံးဝရောင်းချရေးတို့ကို အသိပေးမှာကြား ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက စက်သုံးဆီအမျိုးအစားအလိုက် သိုလှောင်ကန်များ၏ ဆီလက်ကျန်အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်၊ အရိုးကုန်းဈေးရှိ ဆန်လက်လီ/လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (--၂၀၂) ရက်နေ့၊ နံနက်(၁၁:၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းဈေးရှိ ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့၍ MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့်သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး) သည် ၅.၃.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေါပုံမြို့နယ်၊  CAPITAL  Hypermarket ရှိ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် CAPITAL Hypermarket ရှိ  ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်များမှာ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(မြေပဲဆီ)၊ ကောင်းမှကောင်း(မြေပဲဆီ)၊ သူကြီးကတော်(မြေပဲဆီ)၊ မေဇင်(မြေပဲဆီ)၊ ဧရာဝတီ(မြေပဲဆီ)၊ နှစ်သက်(မြေပဲဆီ)၊ သပြေညို (ဆုံဆီ)၊  အမေထွား(မြေပဲဆီ)များမှာ ဥပဒေပါအခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  ထိုနောက် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးဆီ အမှတ်တံဆိပ်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ် လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်မပြည့်စုံ သောကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းသိကောင်းစရာများ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်း စရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထို့နောက် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်အေးမျိုးမျိုးစံ က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာများ ကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံနှင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားကို မတ်လ (၁၅) ရက်နေ့တွင် ကျင်းပကြောင်း၊ အာဆီယံ နိုင်ငံများနှင့်ပူးပါင်းဆောင်ရွက်မှု အခြေအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းမှု အခြေအနေများအား အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

သွားတိုက်ဆေးအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကောင်းသစ်(ကုန်စုံဆိုင်)ရှိ သွားတိုက်ဆေး အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ  ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ရောင်းချသော သွားတိုက်ဆေးအမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်   ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေထည့်သွင်းဖော်ပြမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မော်လမြိုင်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းသိကောင်းစရာများ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်း စရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သိလိုသည်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံမှာ“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အထိမ်းအမှတ်အခမ်းအနားများ ကျင်းပနေမှုအခြေအနေများ၊ အာဆီယံနိုင်ငံများနှင့်ပူးပါင်းဆောင်ရွက်မှု အခြေအနေနဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေ ပြဌာန်းမှု အခြေအနေများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရွှေဘိုမြို့၌ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ထူထောင်ရေးရပ်ရှိ အောင်ကမ္ဘာသောက်ရေသန့် စက်ရုံမှ ထုတ်လုပ်သည့် သောက်ရေသန့်များတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အောင်ကမ္ဘာသောက်ရေသန့်စက်ရုံမှ ၁လီတာ၊ ၀.၃လီတာနှင့် ၂၀လီတာဗူးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းအကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေး များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရွှေဘိုမြို့၌ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုလစဉ်ဆောင်ရွက်လျက်ရှိရာရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးတန်းရပ်ရှိ Bright Baby Storeဆိုင်ရှိ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ ရောင်းချသည့် ကလေးကစားစရာ အရုပ်များတွင် ကုန်စည်၏အမျိုးအမည်ကို အင်္ဂလိပ်စာသားဖြင့်ဖော်ပြထားပြီး ကျန်အချက်အလက်များမှာ တရုတ်စာသားများဖြင့်သာ ဖော်ပြထားသည့်အတွက် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစားစရာအရုပ်များတွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်များကို အန္တရာယ်ဖြစ်စေနိုင် ကြောင်း၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင် သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ရမည့် အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါကConsumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၉.၃.၂၀၂၆)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ A That’s Beauty House (အသက်အလှကုန်) အလှကုန်ပစ္စည်းများရောင်းဝယ်ရေး Online Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီး တန်းစာရေး)တို့သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ“ဒေါ်ပါကြည်”ကုန်စုံဆိုင်တွင်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့စစ်ဆေးရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ