မင်းဘူးမြို့ပေါ်ရှိ "ဘူးမင်း" အာလူးကြော်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ် တာ ဝန်ခံဦးမြင့်ကြည်နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ထုတ်လုပ်သော ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြစေရေးအတွက် စည်ပင် သာ ယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:30)အချိန်တွင် မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရှမ်းစုရပ်ရှိ "ဘူးမင်း" အာလူးကြော်လုပ်ငန်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် မင်းဘူးမြို့နယ်တာဝန်ခံမှ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသောအခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား(၈)ချက်အား ပြည့်စုံ မှန်ကန်စွာထည့်သွင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မကွေး)









