သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်သိုလှောင်ရုံများ၊ ဆန်ပွဲရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မိုး အောင် ဦးဆောင်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးနှင့် မြောက်ပိုင်းခရိုင်ဦးစီးမှူး၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပါဝင်၍ (၅.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်သိုလှောင်ရုံများ၊ ဆန်ပွဲရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဆန်လက်လီ/ လက်ကား ရောင်းချသူများအား ဆန်များကိုသင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဆန်အမျိုးအစားလိုက် ဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရောင်းချပါ က ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo) တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်း

    ၂၀.၂.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်မှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့ပေါ်ရှိ အွန်လိုင်းဖြင့် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံကာ ထိုလုပ်ငန်းရှင် ဖွင့်လှစ်ထားသည့် ကျိုက်ထိုမြို့နယ်၊ အောင်သပြေရပ်ကွက်ရှိ အထည်ဆိုင်သို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး အွန်လိုင်းရောင်းချခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်  ပြဋ္ဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာရန်၊ အွန်လိုင်းဖြင့် ရောင်းချပါက eComReg System တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး eComReg System တွင် မှတ်ပုံတင်လျှောက်ထားပါက ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်ပြုလုပ်ထားသူ၏ လိုက်နာရမည့် စည်းကမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၆  ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၊ ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ် မြို့ပေါ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေး ဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ၊ သက်တမ်းကုန်လွန်သော အလှကုန် ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များမပါရှိသည့် အလှကုန်များအား ရောင်းချမှုများ မရှိစေရေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး အသိပညာပေး

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူ စားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ကုမ္ပဏီများအား စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ၂၀-၂-၂၀၂၆ ရက်နေ့ ၁၃:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ များ ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ(၁)ခုသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် သောက်ရေသန့်လုပ်ငန်းအနေဖြင့် စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားပြီး   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အား လိုက်နာဆောင်ရွက်ထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

     သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက် များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များ၊ စားသုံးသူသည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိထုတ်ကုန်များသန့်ရှင်းသပ်ရပ်မှုရှိရန်လိုအပ်ကြောင်း၊ မိမိထုတ်ကုန်သည်ရေသန့်ဖြစ်သည့်အတွက် အထူးဂရုပြုရန်လိုအပ်ကြောင်း၊ မိမိဝန်ထမ်းများလည်းသေချာဂရုတစိုက်လေ့ကျင့်သင်တန်းများပေးရန် လိုအပ်ကြောင်း၊ တိုင်ကြားမှုများရှိလာပါက လုပ်ငန်းရှင်ကတိုက်ရိုက်ဖြေရှင်းရမည်ဖြစ်သည့်အတွက် တာဝန်ရှိသူဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

စားသုံးသူများအား အသိပညာ‌ပေး‌ဟောပြောခြင်း

      စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက်အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေး နိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)တို့သည် ၂၀-၂-၂၀၂၆ ရက်နေ့ ၁၁:၅၀ နာရီအချိန်တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်( ၂ )၊ စားသုံးသူပြည်သူ  (၁၄ )ဦးအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ အသိပညာပေး ဟောပြောရာတွင် ဦးဘောမ်ဇုံး ( ရုံးအုပ် ) က စားသုံးသူကာကွယ်ရေးဥပဒေပါ၊ စားသုံးသူ ကာကွယ်ရေးနှင့်စားသုံးသူ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး( ၈ )ချက်နှင့် တာဝန် (၄)ချက်အကြောင်း၊ ကုန်စည်/ဝန်‌ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့် အခွင့်အရေး‌များအကြောင်း၊ Online Shopping များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့် သည့် အချက်များအကြောင်း ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်နှင့်ဝယ်ယူသုံးစွဲသည့်ပစ္စည်းများသည် သက်တမ်းကုန် ပစ္စည်းများ ဟုတ်/မဟုတ် သတိပြုရန်လိုကြောင်း၊ မိမိပစ္စည်းဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးတစ်ချက် ဖြစ်သည့် ဘောက်ချာသို့မဟုတ် ပြေစာအထောက်အထား ရယူရန်လိုအပ်ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု များအတွက်လည်းတိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းပေးနေမှုအခြေအနေများ အကြောင်း၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြောခြင်း

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ) ဦးဆောင်၍ ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင်(အငယ်တန်းစာရေး) တို့ ပါဝင်သောအဖွဲ့သည် ၁၉-2-၂၀၂၆  ရက်နေ့တွင် မိုးညှင်းမြို့ရှိ အိတ်မျိုးစုံရောင်းဝယ်သော လုပ်ငန်းရှင် (၃) ဦးတို့အား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူရာတွင်  စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်း ရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလာဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌ နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ အား Onlineမှတဆင့် ဝယ်ယူခြင်းမပြုရန်၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော Online Shopများတွင်သာ ကုန်ပစ္စည်းဝယ်ယူကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာဝယ်ယူရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း 

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေးစည်ပင်ရုံးတွင် (၅-၂-၂၀၂၆ ) ရက်နေ့၊ နံနက် (၁:၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)သည် စားသုံးသူတို့၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်နှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် သက်တမ်းလွန်‌နေသောကုန်ပစ္စည်းများဟုတ်/မဟုတ်ကို သေချာ စိစစ်မှပြီးဝယ်ယူကြရန်၊  စားသုံးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါရှိသည့်ကုန် စည်များကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ  အခန်း(၁၈) ပါ ကုန် အညွှန်းအမှတ်အသားနှင့်ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့်စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိ၍ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ မုဒုံမြို့ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းချကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျောက်ပန်းချီအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင်(အငယ်တန်းစာရေး)တို့ ပါဝင်သော အဖွဲ့သည် (၁၈-၂-၂၀၂၆) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ကျောက်ပန်းချီ အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေး စမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေ ရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကိတ်နှင့်မုန့်မျိုးစုံရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင်၍ ‌ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင် (အငယ်တန်းစာရေး) တို့ ပါဝင်သောအဖွဲ့သည် 20-၂-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံ ရောင်းချသော လုပ်ငန်းရှင် ဦးရန်နိုင်ရှိုင်းအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံရမည့်အကြောင်း ၊အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အ ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ကုန်စည်/ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ