သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

      ၁၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးသည် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

          ပထမဦးစွာ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အခမ်းအနားကို ဆောင်ပုဒ်များဖြင့် ကျင်းပခြင်းအကြောင်းအရာများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ၌ စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ပြသ

      နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများကို မော်လမြိုင်မြို့၊ သမိန်ဗရမ်းကွင်း၌ မတ်လ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ဖွင့်လှစ်ပြသရာ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ပြသခဲ့ကြသည်။

     စားသုံးသူရေးရာဦးစီးဌာနပြခန်းတွင် ဌာနနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၊ ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြည်ပဈေးကွက် အလား အလာရှိသော ဒေသထွက်ကုန်များ၊ အိန္ဒိယနှင့်တရုတ်နိုင်ငံများသို့ တင်ပို့ရန် ကြိုးစားနေသော ကွမ်းသီးခြောက်နှင့် ကွမ်းသီးနုပေါင်းများ၊ တရုတ်နိုင်ငံသို့ တင်ပို့နေသော ဝဥထုတ်ကုန်များ ပြသ ခဲ့ကြောင်း သိရှိရပါသည်။

   မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများတွင်  ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန် ပြခန်းများ၊ ဒေသထွက်သစ်သီးဝလံပြခန်းများ၊ MSMEs ထုတ်ကုန်အရောင်းပြခန်းများ၊ မွန်ရိုးရာ စားသောက်ဆိုင်များ ပါဝင်ပြသခဲ့ရာ အဆိုပါပြခန်းများသို့ နိုင်ငံတော်အကြီးအကဲများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

    နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့တွင် ပြခန်းများ ပြသခြင်းအပြင် ကလေးကစားကွင်းများ၊ ဇာတ်ပွဲသဘင်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးအတွက် ရည်ရွယ်၍  (၁၇.၃.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ၊ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဒေါ်နီလာထွေးစာသင်ဝိုင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမ (၁) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ဆရာမကြီးဒေါ်နီလာထွေးက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဆိပ်ဖြူ မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြောကြားပြီး စားသုံးသူကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပယ်ကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ဌာနမှ ယခုဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉)ပါ၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိ၍ ကုန်စည်များကို သာ ရောင်းချရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ရွေးချယ်ဝယ်ယူ စားသုံးသင့်ကြောင်း၊ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများနှင့် ကြုံခဲ့ပါက တိုင်ကြားနိုင်ခွင့်၊ ကုစားခွင့်များရရှိရန် CICCရုံးများ ဖွင့်လှစ်ထားရှိကြောင်း၊ တိုင်ကြား နိုင်မည့်သူများနှင့် နေရာများကိုလည်း အသေးစိတ်ရှင်းလင်းပြီး Consumer Call Center 1535 သို့လည်း အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်းများ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သိရှိစေရေး ပခုက္ကူုပညာရေးဒီဂရီကောလိပ်သို့ သွားရောက်အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် (၁၅.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူပညာရေး ဒီဂရီ ကောလိပ်သို့ သွားရောက်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာများ အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဆရာ၊ ဆရာမ(၃၅)ဦး၊ သင်တန်း သူ၊ သင်တန်းသား (၄၀၅)ဦး၊ စုစုပေါင်း (၄၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်း ဆောင် ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ သည့် မြို့ကြီးများနှင့် ဆောင်ပုဒ်များအကြောင်းနှင့် ယနေ့ကျရောက်သော ၂၀၂၄ခုနှစ် ဆောင်ပုဒ်မှာ "မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု"ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက် နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများ နှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း၊  အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝ၌ နေထိုင်နိုင်ရန်အတွက် စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ NGO ၊ INGO  အသင်းအဖွဲ့ များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Power Point ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခြင်းနှင့် အမေးအဖြေကဏ္ဍတွင် မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ထံသို့လည်း စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်ပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  (၁၅.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  (World Consumer Rights Day) ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်ပေး” Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

       Talk Show တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးပြီး ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင် ချက်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ အထိမ်းအမှတ်ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ စားသုံးသူများရရှိမည့် အခွင့်အရေး (၈)ချက်၊လိုက်နာရမည့်တာဝန် (၄)ချက်နှင့် နှစ်အလိုက်စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်များ၊ မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးများနေ့ကို နှစ်အလိုက် ကျင်းပဆောင်ရွက်ခဲ့သည့် တိုင်း၊ ပြည်နယ်၊ မြို့များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူလိုက်နာရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အစားအသောက်များ ဘေးကင်းလုံခြုံရေးအတွက် ဌာနမှလုပ်ဆောင်နေမှုများ၊ ကုန်စည်၊ဝန်ဆောင်မှု အာမခံချက်များနှင့် မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့် လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလိုလျှင် Facebook စာမျက်နှာတွင် လည်းကောင်း၊ DOCA Myanmar Application တွင် လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535)တွင်လည်းကောင်း၊ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့်သူများအကြောင်း ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ များ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသကဲသို့ နယ်ပယ်အစုံ၊ အသက်အရွယ်အစုံ၊ အလွှာအုပ်စု အစုံရှိ ပြည်သူအများ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက်လည်း ဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးရုံးမှ ချောင်းဦးမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာနွယ်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ၎င်းဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ စတင်ဖြစ်ပေါ်လာပုံ၊ မြန်မာ နိုင်ငံတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ စတင်ကျင်းပခဲ့သည့်ခုနှစ်၊ ကျင်းပခဲ့သည့်နေရာနှင့် ဆောင်ပုဒ်များ၊ နှစ်စဉ်ကျင်းပခဲ့သည့် ခုနှစ်၊ နေရာနှင့်ဆောင်ပုဒ်များ၊ ၂၀၂၄ ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်နှင့် ဆောင်ပုဒ်ရည်ရွယ်ချက်များ၊ ဆောင်ပုဒ်ပါ AI ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ AI နည်းပညာ၏ အားသာချက်၊ အားနည်းချက်များ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် အခမ်းအနားအစီအစဉ်များ စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

         မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မကွေးမြို့နယ်ဦးစီးမှူး၊ ဦးမျိုးဝင်းသည် (၁၄.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒေါ်ခင်ဝင်းသိန်း(ဦးစီးအရာရှိ) မှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်လင်းပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ပေါ်ပေါက်လာပုံ၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စားသုံးသူကာကွယ်ပေးရေး၏ အနှစ်သာရတို့အား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားပုံ နည်းလမ်း များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊     ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်   ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးယဉ်ထွေး၊  ယာဉ်အမှတ် 9K/7917၊ FUSO မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင်ပိသာ ( ၁၁၀)     ပါသည့် စားအုန်းဆီ ၉၃ ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ ပေပါအား   ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် ဆီဆိုင် (၁၄) ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘိုကလေးမြို့(၉)ရပ်ကွက်ရှိ ရွှေကမ္ဘာဆန်စက်သို့ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မတ်လ(၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၉)ရပ်ကွက်ရှိ    ရွှေကမ္ဘာဆန်စက်သို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်     MSMEs  လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ရွှေကမ္ဘာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ မြိတ်မြို့သို့  တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ  မှန်ကန်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များ လုံခြုံမှု ရှိ/မရှိစိစစ်ခြင်းနှင့် MSMEsလုပ်ငန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ် များ၊ခေတ် မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက် စီးပွားရေးစနစ်  ကျယ်ပြန့်လာနိုင်သလို၊ မှီခိုအားထားနေရသော အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများလည်း စနစ်တကျ   စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ “မိုး” သုံးထောင့်မုန့်လုပ်ငန်းရှိ လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မတ်(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ဘိုကလေးမြို့(၁)ရပ်ကွက် ဗိုလ်ဗထူးလမ်း “မိုး” သုံးထောင့်မုန့်လုပ်ငန်းရှိ လုပ်သား(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေးများ ၊ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်း အမှတ်အသား  ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားလိုက်သတ်မှတ်များနှင့်အညီ သိသာ ထင်ရှားစွာဖော်ပြ ဖော်ပြရမည့်အချက်များ၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက လူကိုယ်တိုင် လည်းကောင်း ၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင် ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြော ခဲ့ပါကြောင်း သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ