သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများ လစဉ် လူထုဆန္ဒဖော်ထုတ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်ဦးစီးမှူးရုံးသည် ၁.၃.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် တာဝန်ထမ်းဆောင်သူဝန်ထမ်း စုစုပေါင်း (၁၅)ဦး တက်ရောက်သည့် ၂၀၂၄ခုနှစ်( ၂/၂၀၂၄)ကြိမ်မြောက်ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်း(လက်ထောက်ညွှန်ကြားရေးမှူး) မှ ခရိုင်ရုံးရှိဝန်ထမ်းများအား လုပ်ငန်းအခက်အခဲများနှင့် ဝန်ထမ်းတို့၏ တင်ပြစရာရှိသော ကိစ္စရပ်များကို ပွင်းလင်းစွာ တင်ပြဆွေးနွေးနိုင်ကြောင်းနှင့်၊ မိမိတို့ ဌာန၏ လက်ရှိလုပ်ငန်းနေသော လုပ်ငန်းများ၏ အမိန့်၊ ညွှန်ကြားချက်များကို ဝန်ထမ်းများသိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသန္တရမိတ်ဖက် ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပူးပေါင်းဆောင်ရွက်သင့်သည်ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့ဌာန၏အဓိကလုပ်ဆောင်နေသော စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်ကို အသိပညာပေးရာတွင်  ဌာန၏ ရည်ရွယ်ချက်၊ အဓိကလုပ်ဆောင်ချက်၊ အဖွဲ့အစည်းလုပ်ပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှု၊ပြစ်ဒဏ်နှင့် အထွေထွေကိစ္စရပ်များအတွက် သေချာလေ့လာထားရန်၊ ဥပဒေ၊ နည်းဥပဒေများကို သိရှိထားရန်၊ စားသုံးသူအခွင့်အရေးအတွက် တိုင်ကြားလာသည့်အခါ ပြစ်ဒဏ်ထက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်လုပ်ငန်းများကို ဖြေရှင်းလုပ်ဆောင်တတ်စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသာမက၊ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများကိုပါ လေ့လာသင်ယူပြီး၊ မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းနှင့် ဥပဒေများကိုပါလေ့လာပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မတ်လလုပ်ငန်းစီမံလျာထားချက်များကို ဌာနခွဲအသီးသီးမှ တင်ပြကြရန် ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများမှ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများးကို တင်ပြကြပြီး၊ မတ်လအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်များကို တင်ပြကာ ဌာန၏ အမိန့်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး၊ မိတ်ဖက်ဌာနတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် မတ်လအတွင်း အငြိမ်စားခွင့်ခံစားမည့် ဦးမြင့်သူ(ဒု-ကြီးကြပ်ရေးမှူး)မှ နေ့လယ်စာထမင်းနှင့် ဝန်ထမ်းများအား နှုတ်ဆက်ဧည့်ခံကျွေးမွေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို နေ့လယ်(၁၂:၀၀)တွင် ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ် ကျေးရွာအုပ်စုရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် စားသုံးသူပြည်သူ(၁၅၀)ဦးအား (၁.၃.၂၀၂၄)နေ့၊ နံနက် (၁၁:၃၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ် ကျွဲတဲကုန်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် စားသုံးသူပြည်သူ(၂၀၀)ဦးအား (၄.၃.၂၀၂၄)နေ့၊ နံနက် (၁၁:၀၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဘိလပ်မြေအမျိုးအစားများကိုဝယ်ယူသုံးစွဲရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်ရည်ရွယ်၍ ကုန်အမာဆိုင်ကြီးများသို့ ၂၀၂၄ခုနှစ်၊ မတ်လ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်၊ ဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်၊ အမှတ်(၁၀၀) စည်ပင်လမ်း၊ မကျီးကန်ရပ်ကွက်၊ ဓနအောင်ကုန်အမာဆိုင်တို့တွင် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘိလပ်မြေအမျိုးအစားများဖြစ်သော Alpha၊ ကြံ့နှစ်ကောင်၊ (ဘားအံ၊ မြိုင်ကလေးထုတ်)  နာရီအမှတ်တံဆိပ် စသည့်ဘိလပ်မြေများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိ မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် Alpha ဘိလပ်မြေတစ်မျိုးကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အခြားဘိလပ်မြေအမျိုးအစားများအား ကော့မှူးဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမရှိကြောင်း၊ ယခုဆိုလျှင် Alpha ကုမ္ပဏီမှ တစ်ရက်ခြား (၂၅၀)အိတ်ပုံမှန်ဝယ်ယူရရှိနေသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက ကော့မှူးမြို့နယ်သည် အကြီးစားစက်မှုလက်မှုလုပ်ငန်း အကောင်အထည်ဖော်တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများလည်းမရှိသဖြင့် ယခုကဲ့သို့သော ဆိုင်(၁)ဆိုင်လျှင် တစ်ရက်ခြား (၂၅၀)အိတ်ရရှိနေသည့်အပေါ်  မိမိတို့မြို့နယ်အနေဖြင့် လုံလောက်မှုရှိသောကြောင့် ဘိလပ်မြေများကို မိမိတို့၏ဆိုင်တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားရှိမှုများမပြုလုပ်ကြရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ကာ ဘိလပ်မြေမြေပြင်လက်ကျန်များအား စစ်ဆေးရေတွက်ခဲ့ပြီး ဈေးကွက်အတွင်း အသိပညာပေးဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့၊ မြို့နယ်ထွေ/အုပ်ရုံးတွင် သဘာဝဘေးလျော့ပေါ့ရေးစေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွား သင်တန်းသူ/သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

       ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ  အချိန်တွင် မြို့နယ်ထွေအုပ်ရုံး၌ သဘာဝဘေးလျော့ပေါ့ရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းသူ/သား(၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးခြင်းအပေါ်  သတင်းရရှိပါသည်။    

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်၊ ဈေးကွက်အတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၅) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူများ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေသောစားသုံးဆီများကို အများပြည်သူများ သိသာစွာ ဝယ်ယူနိုင်ရေးအတွက် စားသုံးဆီ ရောင်းချနေသောဈေးဆိုင်များတွင် ဈေးနှုန်းဆိုင်းဘုတ်များ ချိတ်ဆွဲရောင်းချကြရန်နှင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin အစရှိသော ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ အနံ့ဆီရောနှော ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။  

DOCA(ဧရာဝတီ)

“စားသုံးသူအခွင့်အရေးမြှင့်တင်ရေး ဝိုင်းဝန်ကြိုးပမ်း‌ဆောင်ရွက်ပေး” Talk Show

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သော “စားသုံးသူအခွင့်အရေးမြှင့်တင်ရေး ဝိုင်းဝန်ကြိုးပမ်း‌ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်ခဲ့ပါသည်။

 

ဒေးဒရဲမြို့နယ် ၊ စားသုံးဆီဆိုင်များသို့ မြို့နယ်စစ်ဆေးရေးမှူးမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အမှတ်(၁) ရပ်ကွက် ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးမှုအရ ဒေးဒရဲမြို့နယ်ရှိ စားသုံးဆီဆိုင်များတွင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်တင်သွင်းလာသည့် ပုစွန်တံဆိပ်ပါ  စားသုံးဆီများ ရောင်းချမှုမရှိကြောင်းနှင့် စားအုန်းဆီ များကိုလည်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ တရားမဝင် တင်သွင်းလာသည့် ပုစွန်တံဆိပ် စားသုံးဆီများနှင့် အလားတူဆီများ ရောင်းချခြင်းမပြုရန်၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ လိုက်နာ ဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အင်းစိန်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) အပါ ဝန်ထမ်း(၄)ဦးတို့သည် (၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၅) နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမဦးစွာ ရွှေဗျိုင်းဖြူဆိုင်တွင် ဆိုင်မန်နေဂျာပါ (၂)ဦးပူးပေါင်းပါဝင်လျက် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဆီထည့်ရန်ကားများလည်း တန်းစီမှုမရှိဘဲ ပုံမှန်အတိုင်း လာရောက်ဝယ်ယူခဲ့ပြီး ပုံး/ပေပါများကိုလည်းရောင်းချခြင်းမရှိကြောင်း၊ ဆီများ ရောင်းချရာတွင်လည်း စနစ်တကျဖြင့် ရောင်းချနေကြောင်း၊ ဆက်လက်၍ နံနက် (၁၁:၅၀) နာရီအချိန်တွင် Denko အောင်ဆန်းသို့လည်းကောင်း၊ နေ့လယ် (၁၂:၃၅) နာရီအချိန်တွင် 360 တညင်းကုန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများပြတ်လပ်မှုနှင့် ကားများဆီထည့်ရန် တန်းစီမှုများရှိခဲ့လျှင် မိမိတို့ဌာနသို့အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်၊ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၌ စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ကူးရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး (ဒုဦးစီးမှူး) က ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် နေ့စဉ် စက်သုံးဆီဆိုင် (၇၀)ဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ