သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် (၉.၃.၂၀၂၄)ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ 

     အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း(၉၉၀) ဦးအတွက် စားအုန်းဆီ ၉၉၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များ အသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ် ၉ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင်၅၉၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို၊ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

     ၂၀၂၄ ခုနှစ်၊ မတ်လ  ၇  ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချ၊ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြု လုပ်ရန်ပြော ကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင် ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား  လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန၌ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် မတ်လ ၅ရက်နေ့ ၊နေ့လယ် (၁၃း၀၀)နာရီ အချိန် တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သင်တန်းသား (၁၈) ဦး တက်ရောက်ခဲ့ပါသည်။

     စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉)ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် pamphlet များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဘိလပ်မြေဆိုင်များအား မြေပြင်လက်ကျန်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင်အတွင်းမြို့နယ်များတွင် ရောင်းချနေသော ဘိလပ်မြေဆိုင်များ၌ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကိုသိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ခရိုင်မှူးများသည်  (၇-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်၌ ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)ရှိ စက်မှုကုန်ထုတ်လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကြုံတွေ့နေရသည့်အခက်အခဲနှင့် လုင်ငန်းအမျိုးအစားတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့်   အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးအောင်နိုင်ဦးတို့ပါဝင်သော အဖွဲ့များသည် (၇-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, ယုဇန(၁)နှင့် MV, 527  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပို့ဆောင်မည့် စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိူးများကိုသာစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ  ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းကို Zoom ဖြင့် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်းများ တက်ရောက်

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးတွင် ပြည်နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိ (၄)ဦးတို့သည် နေပြည်တော်ရုံးချုပ်၌ ပြုလုပ်သည့် အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို Zoom ဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါသင်တန်းကို (၄.၃.၂၀၂၄) ရက်နေ့မှ (၈.၃.၂၀၂၄) ရက်နေ့ထိ သင်တန်း(၅) ရက်ကြာ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သင်ခန်းစာများမှာ နိုင်ငံဝန်ထမ်းနည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး နှင့်ပြည်ပတင်ပို့မှုဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝင်ငွေနှင့်အသုံးစရိတ်များ၊ ဌစစာရင်းများရေးသွင်းခြင်းနှင့် ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ICT နည်းပညာနှင့် E-Government ဆိုင်ရာဆောင်ရွက်မှုများ၊ Food Safety ဘာသာရပ်နှင့် အရည်အသွေးစီမံခန့်ခွဲခြင်း ဘာသာရပ်၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်းဘာသာရပ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဘာသာရပ်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာနှင့် စပ်လျဉ်း သည့်ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်း၊ အာဆီယံစားသုံးသူကာကွယ် ရေးကော်မတီနှင့် အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေးဆောင်ရွက်မှု အခြေအနေနှင့် NCPPရေးဆွဲမှု၊ အမျိုးသားပို့ကုန်မဟာဗျူဟာဘာသာရပ်၊ မူပိုင်ခွင့်ဦးစီးဌာနမှ သင်ခန်းစာများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သင်ခန်းစာများကို ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ ကွမ်းခြံကုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ မတ်လ(၂)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းမကြီး၊ ဘေးဝဲယာတွင် စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်းမကြီးဝဲယာတွင် ရောင်းချလျက်ရှိသော Up ဆီဆိုင်၊ Winner ဆီဆိုင်နှင့် Apex ဆီအရောင်းဆိုင်တို့တွင် ယာဉ်များတန်းစီဝယ်ယူစောင့်ဆိုင်းထားခြင်းရှိ/မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှုရှိ/မရှိ၊ အပြည့်အဝဖြန့်ဖြူးရောင်းချနေရခြင်းရှိ/မရှိတို့အား မေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူ မန်နေဂျာတို့က မိမိတို့၏ဆီဆိုင်များအတွက် သတ်မှတ်ထားသည့် ခွဲတမ်းများကိုလည်း အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီသိုလှောင်ကန်များတွင် စက်သုံးဆီရှိလျက် ဆီဖြန့်ဖြူးရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားမှုအခြေအနေအား ဖွဲ့စည်းမိန့်နှင့်အညီ ပြန်လည်တင်ပြရန် မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီးနောက် စက်သုံးဆီဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီဆိုင်များတွင် တပ်ဆင်ထားသော CCTV များမှာ ထိန်းချုပ်စနစ်ကောင်းမွန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ ဆန်၊ ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း၌ ဆန်၊ ဆီဝယ်ယူစားသုံးမှုအဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးနယ်နိမိတ်အတွင်း/အပြင်ရှိ ဆန်၊ ဆီ လက်လီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆန်၊ ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ စည်ပင်သာယာဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ ဖွင့်လှစ်ရောင်းချနေသည့် ဆန်၊ ဆီတို့နှင့်တွဲလျက်ရောင်းချနေသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး စားအုန်းဆီများလက်လီရောင်းချရာတွင် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOP ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ်တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေခြင်းများမပြုလုပ်စေရန်နှင့်  စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှုများကိုစစ်ဆေးရန်တို့အတွက် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုစိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းနောက် ဌာန၏ သတ်မှတ်ချက်များနှင့်မကိုက်ညီသောဆန်များကို ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတောစွန် ကျေးရွာပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်း မြို့နယ်ဝါးတောစွန်းကျေးရွာသို့ (၄.၃.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန  တို့ပူးပေါင်း၍ ပြည်သူ(၁၂၀)ဦးအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဌာနတို့မှ ၎င်းတို့ဌာနများ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် ရွေးချယ်ရန် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသား၊ ပြည်တွင်း ဆန်/စပါး၊ ပဲမျိုးစုံတို့၏ ဈေးနှုန်းအခြေအနေများကို ယခင်နှစ်များနှင့် ယခုနှစ် ဈေးနှုန်းခြားနားချက်နှင့် ထွက်ရှိသည့် သီးနှံများအား နိုင်ငံတော်မှ ချမှတ်ထားသည့် ပန်းတိုင်၊ ရည်မှန်းချက်ပြည်မှီရေး ကြိုးစားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ပြည်သူများ သိရှိလိုသည်များကို မေးမြန်းကြ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ