သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပြီး စားသုံးရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃) ပါတားမြစ်ချက်များနှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

တရားမဝင်ကုန်သွယ်မှုပပျောက်ရေးနှင့်စပ်လျဉ်း၍ Thursday Talk  အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတတိုးပွားစေရန် “တရားမဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၃) ဦးတက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြင့်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက တရားမဝင် ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကုန်သွယ်ရေး၏ အခြေခံ သဘောတရားများ၊ ကုန်သွယ်ရေးအမျိုးအစားများ၊ တရားမဝင်ကုန်သွယ်မှု၏အဓိပ္ပါယ်၊ တရားမဝင် ကုန်သွယ်မှု၏ သဘောတရားများ၊ တရားမဝင်ကုန် သွယ်မှုဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ တရားမဝင်ကုန်သွယ်မှုဖြစ်ပေါ်ခြင်း၏ သက်ရောက်မှုများ၊ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စီးပွား ရေးနှင့် ကုန်သွယ်မှုသမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများ၊ တရားမဝင်ကုန်သွယ်မှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော တရားမဝင်စီးပွားရေးများ၊ တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ကုန်သွယ်မှုနှင့် စီးပွားရေးအပေါ်သက်ရောက်မှုများ၊ တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းစေရေး ဖြေလျော့ပေးရန်လိုအပ်သည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် တားဆီးကာကွယ်ရေးနည်းလမ်းများ စသည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ဝန်ထမ်းများက သိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၄:၀၀)နာရီအချိန် တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍  အသိပညာဗဟုသုတတိုးပွားပြီး ဌာနဆိုင်ရာများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ် ကြောင်းသိရပါသည်။

DOCA(ကယား)

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

   ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၆-၁၁-၂၀၂၂)ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေး တို့တွင် လည်းကောင်း စုစုပေါင်း စည်ပင်သာယာဈေး (၂)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့ ဖွဲ့စည်းခြင်း

       မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အအေးခန်းစက်ရုံလုပ်ငန်းရှင်များ စုစုပေါင်း(၁၉)ဦး တက်ရောက်ပါသည်။

          အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော အအေးခန်းစက်ရုံ လုပ်ငန်းရှင်များက မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ စာရင်းစစ်များ တင်မြှောက်ခဲ့ပြီး မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့အား အဖွဲ့ဝင်(၁၅)ဦးဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

 

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၅-၁၁-၂၀၂၂)ရက်နေ့တွင် ပျဉ်မနားမြို့နယ်၊ အာဟာရသုခဈေးတွင် လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိ မြို့နယ်၊ ပုဗ္ဗသီရိဈေးတွင်လည်းကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၄)ဈေးတွင် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

      မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရော်ဘာလုပ်ငန်းရှင်များ စုစုပေါင်း(၃၀) ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မှ လမ်းညွှန်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ (Online) ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စာတမ်းရှင်(၆)ဦးမှ တစ်ဦးချင်းစီအလိုက် စာတမ်းဖတ်ကြားခြင်း၊ တက်ရောက်လာသူများမှ အဖွဲ့လိုက် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် အချက်အလက်များ ဆွေးနွေးဖော်ထုတ်ခြင်း၊ အဖွဲ့လိုက် ကိုယ်စားလှယ်တစ်ဦးမှ အချက်အလက်များအား ဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးပွဲတွင် ရရှိလာသောရလဒ်များမှ လုပ်ငန်းရှင်များ၏ ရင်ဆိုင်နေရသောအခက်အခဲတစ်ခုချင်းစီကို ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ဖြေကြားပေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ(၄)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

        (၂၄-၁၁-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်မနားမြို့နယ်၊ ယုဇနဈေးတွင် လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးတွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးဈေးတွင်လည်း ကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၃)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“မြဘုရင်နို့ချက်လုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည် မြို့၊ရဲစုရပ်ရှိ မြဘုရင်နို့ချက်လုပ်ငန်းအား သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်စက်ရုံ၏ ကုန်ကြမ်းရရှိမှု၊ထုပ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသောအခက် အခဲများအား မေးမြန်းလေ့လာခဲ့ပြီးနောက် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးအရာရှိ ဦးဇော်မင်းလတ်က စက်ရုံအတွင်းရှိ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်း ခဲ့ပါကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ နှင့် အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကို ထုတ်လုပ်ရာတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား ၊ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့်ပမာဏ ၊ ပါဝင်မှုအချိုးအစား ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကျောက်ဆည်မြို့၌ စားသုံးဆီရောင်းချနေမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည်(၂၅-၁၁-၂၀၂၂)ရက်နေ့တွင် အေးမြကြည်လင်စျေး နှင့် မြို့မစျေးတို့ရှိ နေလသုခ ဆီဆိုင်တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးမှ မိမိတို့ဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများသုံးစွဲနိုင်ရေး ၊ စားသုံးသူပြည်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိရေး၊ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး ၊ စျေးနှုန်း တည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း ၊ ဝယ်ယူခွင့် ရရှိသည့် ကုန်သည်များအနေဖြင့် စားသုံးဆီများကို ရန်ကုန်အထိုင်စျေး ၊ ရည်ညွှန်းလက်ကား စျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထက်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောစျေးနှုန်းဖြင့်ရောင်းချရမည်ဖြစ်ပြီး စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့်  ရောင်းချစေရေး ၊ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးအတွက် ကွင်းဆင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ စားသုံးသူပြည်သူများသို့ စားအုန်းဆီ(၁) ပိဿာလျှင် (၄၆၀၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

တောင်ကုတ်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်)လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ရခိုင်ပြည်နယ် ‌ တောင်ကုတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)သည် (၂၄-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် တောင်ကုတ်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်)ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်ခရိုင်ဦးစီးမှူးမှ  ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၅)၊ပုဒ်မ၂၈အရကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရရှိစေရေးနှင့်  ပတ်သက်၍လည်းကောင်း ၊ စားသုံးသူ ဘေးဉပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မုန့်ဖတ်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းသန့်ရပ်မှု ရှိ/မရှိ စစ်ဆေးခြင်း ၊မုန့်တီဖတ်(မုန့်ဖတ်)များမှာ အသင့်စားအစားအစာ ဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး(Formalin) လုံးဝ သုံးစွဲမှုမပြုလုပ်စေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ