သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ခရိုင်အတွင်း (COVID_19) ကူးစက် ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် အိမ်သုံးဆေးဝါးများပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း အဆမတန် မြင့်တက်မှုမရှိစေရေးနှင့် ဆေးဆိုင်များပုံမှန်ဖွင့်လှစ် ရောင်းချနိုင်စေရေးအတွက် ပြည်ခရိုင် ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြင့် ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ပြည်မြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်မြို့ရှိ လက်လီ / လက်ကား ရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးကုမ္ပဏီကြီးများမှ လိုအပ်သော ဆေးဝါးများ ပြန်လည်မှာယူရရှိလာပြီး၊ ဈေးနှုန်းများမှာလည်း အဆမတန် ကြီးမြင့်မှု မရှိတော့ခြင်း၊ ( COVID_19 ) ရောဂါနှင့်ပတ်သက်သော ဆေးဝါးများဝယ်ယူမှုနည်းပါးသွားခြင်း၊ ဆေးဆိုင်ဝန်ထမ်းများအနေဖြင့် ( COVID_19 ) ကူးစက်ရောဂါကာကွယ်ဆေးများထိုးနှံပြီးစီးပြီဖြစ်၍ ဆေးဆိုင်များမှာလည်း ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

၇.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၇.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ မကွေးမြို့ မြို့မဈေးကြီးနှင့် ကန်သာဈေး အတွင်းရှိ ကြက်ဥ လက်လီ လက်ကားရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း

          COVID-19 ကူးစက်မြန်ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကြက်ဥအပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ Mask အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်း ရုတ်ချည်း မြင့်တက်လာသဖြင့် (ရုံးချုပ်)၏ ညွှန်ကြားချက်၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်များဖြင့် (၁၅.၇.၂၀၂၁)ရက်နေ့နှင့် (၁၆.၇.၂၀၂၁)ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ စည်ပင်မှတာဝန်ရှိသူပါဝင်လျှက် မကွေးမြို့ မြို့မဈေးနှင့် ကန်သာဈေးများတွင် လက်လီလက်ကားရောင်းချလျက်ရှိသော ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစုံစမ်းခဲ့ရာတွင် လက်ကားရောင်းချလျက်ရှိသော ဆိုင်ကြီးများတွင် လက်လီ ကြက်ဥတစ်လုံး (၂၀၀)ကျပ်ဖြင့် ရောင်းချသော်လည်း အလုံး(၃၀၀)အထက်ယူလျှင် (၁၄၀)နှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ လက်လီရောင်းချသောဆိုင်များတွင် ကြက်ဥအသေးတစ်လုံး (၁၅၀)ကျပ်၊ အလတ်(၁၆၀)၊ အကြီး(၁၇၀-၁၈၀)ထိ ရောင်းချပါကြောင်း စိစစ်တွေ့ရှိရပါသည်။ လက်ကားရောင်းချ လျက်ရှိသော အရောင်းဆိုင်ကြီးမှလည်း ဥစားကြက်မွေးမြူရေးလုပ်ငန်းမှာ ငွေကြေး ရင်းနှီးမှုများပြီး ကြက်စာကိုလည်း ပြည်ပမှ မှာယူတင်သွင်းရသည့်အတွက် ဒေါ်လာဈေးမြင့်တက်လာသည်နှင့်အမျှ ထုတ်လုပ်မှုစရိတ် မြင့်တက်လာသော်လည်း ကြက်ဥဈေးနှုန်းမှာ မကောင်းသည့်အတွက် ကြက်ခြံများမှ ကြက်များကို ဇွန်လကုန်ပိုင်းတွင် ထုတ်ရောင်းလိုက်ချိန်၊ ကူးစက်ရောဂါ ပြင်းထန်လာချိန် ပြည်တွင်းစားသုံးမှု မြင့်တက်လာသည့်အတွက် ကြက်ဥဈေး မြင့်တက်လာကြောင်း၊ Stay at Home ဖြစ်သည့်အတွက် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကုန်စည်ဒိုင်များပိတ်သိမ်းချိန်၊ ကုန်စည်ပို့ဆောင်ရေးများ ရပ်တန့်ထားခိုက် အခိုက်အတန့်အားဖြင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြက်ဥများ လက်လီရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ စားသုံးသူများလိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်းမပြုစေရေး အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား ဈေးကစားခြင်းမျိုးမပြုစေရေး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အမိန့်ကြော်ငြာစာ ပြဌာန်းထားပြီးဖြစ်၍ အလွန်အကျွံ ဈေးနှုန်းမြှင့်တင်ရောင်းချပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ချပြရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း စိုးရိမ်ကြောင့်ကျစိတ်များဖြင့် အရေအတွက် များများဝယ်ယူခြင်း မပြုစေလိုပါကြောင်း အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရားဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး

၃.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၃.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၃၁.၈.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၃၁.၈.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် ဈေးနှုန်း

(၃၀.၈.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဆေးခန်း/ဆေးဆိုင်/ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ မှ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ဆေးခန်း/ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ (၂၁)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အဖွဲ့၏ ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များထဲမှ သက်ပိုင်ဆေးခန်း/ဆေးဆိုင်လုပ်ငန်းရှင်မှ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းမရှိကြောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက်မှာယူရာတွင် ဘဏ်ငွေလွှဲမှု အခက်အခဲများရှိသဖြင့် မြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်ကြီးများမှ လိုအပ်သောဆေးဝါးများသာ မှာယူနေကြောင်း တင်ပြ ဆွေးနွေးပြီးနောက် ဆက်လက်၍ ထူးသစ္စာ ဆေးဆိုင်လုပ်ငန်းရှင်မှ ဆေးများ ဝယ်ယူ ရာတွင် ယခင် တောင်ကြီးမှ မှာယူရောင်းချလျှက်ရှိရာ ယခုအခါ ဘဏ်ငွေလွှဲမှု အဆင်မပြေသဖြင့် မြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်ကြီးများမှ မှာယူရောင်းချလျှက်ရှိကြောင်း၊ ဆေးဝါးအမျိုး အစား အများစုမှာ ပြတ်လပ်နေသဖြင့် ရှိသည့်ဆေးသာ ရောင်းချနေရပါကြောင်း တင်ပြဆွေးနွေးကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အေးအေးမော်(ကယား)

ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

       လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဝင်း ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် လ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့သည် Covid-19 ရောဂါကူးစက်မှု မြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဆိုင်များ အားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းကုမ္ပဏီများနှင့် ဆေးဆိုင်များမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဦးစားပေး ကူညီဆောင်ရွက်ပေးရန် အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ် (DOCA)

မွန်ပြည်နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

    ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်ရေးအတွက် ရည်ရွယ်၍ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော မွန်ပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့သည် ဈေးအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ၁၇.၈.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချနေသော မော်လမြိုင်မြို့ အမှတ် (၁) ဈေးရှိ ဆိုင်ခန်းပေါင်း (၂၄) ခန်းတို့အား ကွင်းဆင်း စိစစ်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် ၁၆.၈.၂၀၂၁ ရက်နေ့တွင် မုဒုံမြို့၌ ဆေးဆိုင် (၇) ဆိုင်၊ ၁၇.၈.၂၀၂၁ ရက်နေ့တွင် သထုံမြို့ပေါ်ရှိ ဆေးဆိုင် (၃) ဆိုင်၊ ၁၈.၈.၂၀၂၁ ရက်နေ့တွင် ကျိုက်ထိုမြို့၌ ဆေးဆိုင် (၈) ဆိုင်၊ ၂၀.၈.၂၀၂၁ ရက်နေ့တွင် ဘီးလင်းမြို့၌ ဆေးဆိုင် (၄) ဆိုင်တို့အား သက်ဆိုင်ရာ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံများ၊ FDA ၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များသည် ဆေးဆိုင်များသို့ စစ်ဆေးရာတွင် ဆိုင်ခန်းဖွင့်လှစ်မှုအခြေအနေ၊ ဆေးဝါးပြတ်လပ်မှုအခြေအနေများနှင့် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသခြင်းဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မိုးမိုး (DOCA-MON)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ