သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“အဖွားလက်ရာ” အမှတ်တံဆိပ်ပါ စည်သွပ်ဗူးများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦး သည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၇.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှု ရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသည့်အပေါ် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်‌ဗူးများ အများဆုံး ရောင်းချ လျှက်ရှိပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ(အသားဟင်း/ ငါးဟင်း စည်သွပ် ဗူးများ) ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသော ကုန်စည်များကို ဝယ်ယူရောင်းချမှု မဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

      ဆက်လက်၍ ဗိုလ်တထောင်ဈေးပြင်ပရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တို့ ရှိ “အဖွား လက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌ သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှုရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်၊ မြို့မဈေးတာဝန်ခံနှင့်အတူ (၁၀.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ စည်သွပ်အစားအစာအမျိုးမျိုး ရောင်းချသောဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိဈေးကွက် စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Ready အမှတ်တံဆိပ်တွင် ဆာဒင်းငါးသေတ္တာ၊ ပဲကြက်သားဟင်း၊ မျှစ်ကြက်ကချင်ချက်၊ ငါးသလောက်ပေါင်း၊ တူနာငါးနေကြာဆီနှင့် OBO တံဆိပ်ဖြင့် မုန့်ဟင်းခါးဟင်းရည်အနှစ်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချ ရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ရုံးမှ ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးတာဝန်ခံနှင့်အတူ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စည်သွပ်အစားအစာအမျိုးမျိုး အား ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်(၅)ဆိုင်မှ ရောင်းချနေသော စည်သွပ်အစား အစာအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့်ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ကုန်စည်များဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် Thursday Talk ပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၁၂.၅.၂၀၂၅)ရက်နေ့ မွန်းလွဲ(၀၁:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်သော Thursday Talk ကို Zoom Meeting ဖြင့်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးစွာအဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးပွဲကိုစတင်ခဲ့ပါသည်။ ထို့နောက် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ဒု-ဦးစီးမှူး ဒေါ်ခင်စန်းအေးသည် Power Point ဖြင့် ဂွတ်ရှယ်သုံးထောင့်မုန့် လုပ်ငန်းနှင့်စပ်လျဉ်း၍ Thursday Talk ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သုံးထောင့်မုန့် လုပ်ငန်း၏ မုန့်လုပ်နည်း အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုပြောကြားချက် များအပေါ်ဦးစွာ ဟင်္သာတ ခရိုင်မှ ခရိုင်ဦးစီးမှူးမှသုံးသပ်ပြီး ဆက်လက်၍ မြောင်းမြခရိုင်၊ မအူပင်ခရိုင် နှင့် ဖျာပုံခရိုင်မှ ခရိုင်ဦးစီးမှူး များကလည်း သုံးသပ်တင်ပြပြီး ဆက်လက်၍ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းမှလည်း  သုံးသပ်တင်ပြခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ သုံးသပ် တင်ပြသွားသော ဒုတိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား ကျေးဇူးတင်စကား ပြောကြားပြီး လိုအပ်သည်များကိုလည်း ဖြည့်စွက်ပြောကြားကာ အစည်းအဝေးပွဲကို မွန်းလွဲ(၁:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စည်သွပ်အစားအစာအမျိုးမျိုးအား စစ်ဆေး

  (၁၀.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များ သို့ စည်သွပ်အစားအစာအမျိုးမျိုးအား အမှတ်တံဆိပ်ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံ ဦးပြည့်ဖြိုးမောင်မှပါဝင်လျက် ကုန်မျိုးစုံ(၄)ဆိုင် တွင် ရောင်းချနေသော စည်သွပ်အစားအစာများမှာ အိမ်ချက်အမှတ်တံဆိပ်ဖြင့် ကုလားပဲနှပ်၊ သီးစုံ ပဲကုလားဟင်း၊ Ready အမှတ်တံဆိပ်ဖြင့် ဆိတ်သားဟင်း၊ ပဲကြက်သားဟင်း၊ ငါးသလောက်ပေါင်း၊ တူနာငါးနေကြာဆီတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) တွင် ဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား၍ အလေးချိန်တွင်လည်း ဂရမ်ကို မြန်မာလိုရေးသား ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာ ရောင်းချရန် ပြည့်စုံခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စည်သွပ်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ၉.၄.၂၀၂၅ ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ စည်သွပ် အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 ထိုသို့စစ်ဆေးခဲ့ရာတွင် သန့်စင်စတိုးမှ တာဝန်ခံ ဦးဟိန်းမင်းသူမှပူးပေါင်းပါဝင်လျက် ရောင်းချ လျက် စည်သွပ်အစားအစာများမှ အိမ်ချက်အမှတ်တံဆိပ်ဖြင့် (၆)မျိုး၊ Foody အမှတ်တံဆိပ်ဖြင့် (၅) မျိုး၊ Ready အမှတ်တံဆိပ်ဖြင့် (၉)မျိုးနှင့် OBO အမှတ်တံဆိပ်ဖြင့် မုန့်ဟင်းရည်အနှစ်တို့တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား အမှတ်တံဆိပ်ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၃၀.၄.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မင်းရပ် ရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်ငွေနှင်းဖြူ (ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်       Iso+  အမှတ်တံဆိပ်ပါ  စွမ်းအားမြင့်ရေဓာတ်ဖြည့် အချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငွေနှင်းဖြူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။

DOCA (ကချင်)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းကြီးမြင့်မှုအခြေအနေ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော မြို့မဈေးရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ဘိလပ်မြေအမျိုးအစားများအလိုက် လက်လီ/လက်ကားဈေးနှုန်းများ၊ ယခင်လ/ယခုလ ကွာခြားချက်ဈေးနှုန်းများ အတက်အကျ ဖြစ်သည့်အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား လက်ကျန်ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)     

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် ၃၀.၄.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် အတွင်းရှိ ဖြူစင် (ရေသန့်စက်ရုံ)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဖြူစင် (သောက်ရေသန့်) အမှတ်တံဆိပ်ပါ သောက်ရေသန့် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံ ပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှု ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း  ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီသယ်ယူမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဆီကိုယ်စားလှယ်များအား ဆွေးနွေးပြောကြားခဲ့ပြီး လက်လီ/လက္ကားရောင်းချ နေသော စိန်ဇော်ဂျီဆိုင်တွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချ ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထား သည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားပြီး စားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ