သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လှိုင်သာယာမြို့နယ်တွင်း အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၅) ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ “နတ်သုဒ္ဓါ” ၊ “YOMA NOMINEE LIMITED” ၊ “ဝင်းပြည့်သျှန်” ၊ “Glowbi အလှကုန်ဂျပန်တိုက်ရိုက်လုပ်ငန်း” နှင့် ဒီမိုးမတ်လူသုံးကုန်ပစ္စည်းဆိုင်” အမည်ရှိ Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့အား အချက် (၁၈) ချက်နှင့်အညီ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် ဟင်္သာတမြို့နယ် ကုန်ကြီးကျေးရွာရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆီထုတ် ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာရှိ ရွှေကိန္နရီ လက်လီ ကုန်မျိုးစုံဆိုင်များသို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြိတ်ခရိုင်ရှိ Royal ကော်ဖီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ Royal ကော်ဖီလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက် ရန်၊ သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၏ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ “ငွေမျှင်ချို” ငံပြာရည်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀)တွင် မြန်အောင်မြို့၊ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ “ငွေမျှင်ချို” ငံပြာရည်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ငံပြာရည်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/ မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှု တို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ ခွဲတမ်းရ စားအုန်းဆီရောင်းချနေသော ဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/ မရှိ၊ အိမ်ထောင်စုများ ဆီရရှိမူအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသောဆီများအား လက်လီ ကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာရောင်းချခြင်း၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လက်ပံတန်းမြို့နယ်၌ပြည်သူများအားအသိပညာပေးဟောပြောခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊မြို့မရပ်ကွက်၊ လမ်းမတော် လမ်း၌ (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ပြည်သူ(၁၇၈)ဦးနှင့်တွေ့ဆုံ၍စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးရုံးမှဦးစီးမှူးဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်း အရာများ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူသူရေးဦစီးဌာန ဆိုတာကတော့    ယခင်ကုန်သွယ်လယ်ယာဌာနကို ပြောင်းလဲ၍ဖွဲ့စည်းထားသည့် ဌာန ဖြစ် ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ခုနှစ် ဧပြီလ(၁)ရက်နေ့ တွင် စတင်  ဖွဲ့စည်း ခဲ့ပါကြောင်း  စားသုံးသူရေးရာဦးစီးဌာနရဲ့ ဆောင်ပုဒ်ကတော့ စားသုံးသူအခွင့်အရေးဦးစားပေး မျှော်မှန်းချက်ကတော့    ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်တို့ဖြစ်ပြီး ရည် မှန်း ချက်(၄) ချက် ကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍စားသုံးသူရေးရာဦးစီးဌာနဆိုတာ  စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ်ပြီးစားသုံးသူရေးရာဦးစီးဌာနလက်အောက်မှာတော့ဌာနခွဲ(၆)ခုရှိပါတယ်၊ ဌာနခွဲတိုင်းဟာလည်းဌာနခွဲအလိုက်လုပ်ငန်းတာဝန်များလုပ်ဆောင်လျှက်ရှိပါကြောင်း၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိရှိစေရန်နှင့်  စားသုံးသူရေးရာဦးစီး ဌာနတွင် Online  Sale ဖြင့် မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကိုဌာနမှ တာဝန်ယူ၍ လုပ်ဆောင် ပေးလျှက်ရှိကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင့်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

 

အုတ်ဖိုမြို့တွင်ဘူးသွတ်ဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအေးဇော်ထိုက် ဦးဆောင်လျက် ၇.၁၁.၂၀၂၅ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့မဈေးအတွင်း ရောင်းချနေသော ဘူးသွတ်ဆီ အမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှုရှိမရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ Goody (ဟင်းသီးဟင်းရွက်ဆီ)၊Mas (အဆင့်မြင့်စား အုန်းဆီ)၊Lo Tus (ဟင်းသီးဟင်းရွက်ဆီ)၊Fortune (နေကြာဆီ) စသောတံဆိပ်အမျိုးအစားများဖြင့် 1Litre၊ 5Liters ဘူးများဖြင့် ရောင်းချကြပြီး ကုန်းအညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

အင်္ဂပူမြို့နယ် သိုက်တူးကွင်းကျေးရွာရှိ “မြင့်ရတနာ ”ဆန်စက်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  အင်္ဂပူမြို့ဦ သိုက်တူးကွင်းကျေးရွာရှိ  “မြင့်ရတနာ” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုမရှိစေ ရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ပေးခြင်း၊  လုပ်ငန်းရှင်များဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့်အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့မှ ဆန်သိုလှောင်ရုံများအား  ကွင်းဆင်းစစ်ဆေး

     ၈.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မွန်ပြည်နယ်ဆန်ကုန်သည်အသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပါဝင်သော ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့သည် မော်လမြိုင်မြို့၊ ဈေးကြိုပွဲရုံအတွင်းရှိ ဆန်သိုက်ဆန်ဆိုင်၊ မေတ္တာမွန်ဆန်ဆိုင်၊ သစ္စာဆန်ဆိုင်၊ ရွှေဝါဆန်ဆိုင်၊ အောင်သစ္စာဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များအား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

  DOCA (မွန်)

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့်ဆေးဆိုင်များသို့ကွင်းဆင်း၍ဆေးနှင့်ဆေးပစ္စည်းများကိုဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့်ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ