သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် ဌာန၏ မျှော်မှန်း ချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထား ချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိ ပညာပေးခြင်း (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင် မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန် များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ် များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။

 DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများ သည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်း ရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလအတွင်း စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ် (၁၁)ကြိမ်၊ နတ်မောက်မြို့ နယ် (၁)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၅)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ ချောက်မြို့နယ် (၆)ကြိမ်၊ ရေနံချောင်းမြို့ နယ် (၆)ကြိမ်၊ စုစုပေါင်း (၃၁)ကြိမ် ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)

 

အေသင် (စတိုး) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် 5..၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် ရှိ အေသင် (စတိုး) သို့ ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ OK အမှတ်တံဆိပ်ပါ ဝက်သားစည်သွပ်ဘူးသည် စည်သွပ် အစားအစာအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်း ချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၅.၂.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးမောင်ကြည်(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် VeVe အမှတ်တံဆိပ်ပါ သီးစုံအချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၅.၂.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော လမ်းပြကြယ်(စတိုးဆိုင်) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Babi Mild အမှတ်တံဆိပ်ပါ ကလေးရေချိုး ဆပ်ပြာရည်တွင် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

            ၅.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော လူငယ်ရေးရာဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

                 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၅)အတွင်းရှိ Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။    

  DOCA(ရှမ်း)

 

အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်

                  ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက် နံနက် ၁၁:၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူ မြို့မဈေးရှိ (၁၀)ဂရမ်နှင့်အထက်အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

                         ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့မဈေးရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များရှိ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်ကိုက်ညီမှုမရှိသောအလှကုန်ပစ္စည်းမျိုးမျိုးအားရောင်း ချခြင်းမပြုရန်နှင့် သက်တမ်းကုန်ဆုံးနေသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၂/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါ သည်။

           မုံရွာခရိုင်အနေဖြင့် (၂/၂၀၂၆) လအတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ဖေ‌ဖော်ဝါရီလ ပထမ အပတ်တွင် မြဝတီရပ်ကွက်ရှိ မနော်ဝတီ စတိုးဆိုင်သို့ ၄.၂.၂၀၂၆ရက်နေ့  နံနက် ၁၁နာရီ အချိန်ခန့်တွင် အသင့်စားမုန့်အမျိုးမျိုးတွင် ရှိသော ကုန်ညွှန်း အမှတ်အသားများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင််း ရှိ/မရှိ၊ ညွှန်ကြားချက် ၂/၂၀၁၉ နှင့် ကိုက်ညီမှု့ ရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်  ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လာရောက်လျှောက်ထားသော လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေ

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်ခြင်းအတွက် အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်  ၂၀၂၃၊ဇူလိုင်လ ၂၁ ရက်နေ့တွင်  အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်ရက်မှစ၍ မှတ်ပုံတင်မှုမရှိဘဲ  ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း  Online Sale မှတ်ပုံတင်ခြင်းတွင်  လိုအပ် သည့်အချက်များနှင့် မိမိကိုယ်တိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ရုံး (သို့မဟုတ်) မြို့နယ်ရုံးများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း  မိမိကိုယ်တိုင် https://www.ecomreg.gov.mm သို့ဝင်ရောက် ကြည့်ရှု့လျှောက်ထားနိုင်ကြောင်း မှတ်ပုံတင်လျှောက်ထားရာတွင်  ကုန်စည်အုပ်စု၊ ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များရှိပြီး ကုန်စည်အမျိုးအစား (၂၂)မျိုး၊ ဝန်ဆောင်မှုအမျိုးအစား (၁၄) မျိုးရှိကြောင်း တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်ဇန်နဝါရီလအတွင်းအွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၅) ဦး စုစုပေါင်း (၅) ဦး တို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ