သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ Mytel Mini Wifi သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ  “Mytel Mini Wifi” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက်ထား လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

My RO မှတ်ပုံတင်နိုင်ရေး ပြည်ရွှေဘို ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းအေးသာဇံမြို့နယ်၊ ပြည်ရွှေဘိုဆန် ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(မန္တလေး)

My RO မှတ်ပုံတင်နိုင်ရေး မျိုးသိန်းနိုင် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်မြသာစည်မြို့နယ်၊ မျိုးသိန်းနိုင်ဆန် ရောင်းဝယ်ရေးဆိုင် သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များ လည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(မန္တလေး)

ကျောက်ပန်းတောင်း မြို့နယ်ရှိ MyRO နှင့်ပတ်သက်၍ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း

    မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၁၆)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (My RO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၃၀ နာရီအချိန်တွင် ကျောက်ပန်း တောင်းမြို့ သာယာအေးရပ်ကွက်ရှိ ‘‘ကျော်ကြား’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ကွင်းဆင်း၍ ညွှန်ကြား ချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင် ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲများရှိပါက လာရောက်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)         

                                                                                                   

ဟင်္သာတမြို့နယ် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံရုံးမှအငယ်တန်းစာရေးသည်(၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၄၅) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်က ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရာတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိဝန်‌ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် မှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟုမ္မလင်းတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

 (၆.၁၁.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့ အတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်ယုံးမဆိုင်သို့ သွားရောက်၍ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် (သို့မဟုတ်) အာမခံပေးထားသည့် ကာလအတွင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ကုန်စည်ထုတ်လုပ်ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်တွင် တာဝန်ရှိကြောင်း၊ ပုဒ်မ(၃၈)(၃၉)တွင် ဖော်ပြထားသော မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်/ ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံပြီး (သို့မဟုတ်) ပြုပြင်ပြောင်းလဲပြီးမှ စားသုံးသူသို့ ရောင်းချမှုပြုလျှင်    ၎င်းတို့နှင့်စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းရန် တာဝန်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်/ ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့်ကာလ (သို့မဟုတ်) အာမခံပေးထားသည့်ကာလ   သက်တမ်းအတွင်း အပိုပစ္စည်းများရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ရောင်းချပြီးနောက် လိုအပ်သော ဝန်ဆောင်မှုများထပ်မံပေးခြင်းနှင့် သဘောတူညီချက်တွင် ပါရှိသည့်အာမခံချက်နှင့် အညီဆောင်ရွက်ခြင်းပြုရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့၊ IDEA  ကိုယ်ပိုင်ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး   

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ IDEA ကိုယ်ပိုင် အထက်တန်းကျောင်း ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)                            

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းအတွင်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 (၇.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေ အတွင်းရှိ ဖောင်းပြင်မြို့တွင် ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                  ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် အသင့်စား အစားအစာများ၊ ဖျော်ရည်များကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပြီး  စာသင်ကြားနေသည့် ကျောင်းသား/သူများအနေဖြင့် အတုယူမှားစေသည့် ဆေးလိပ်ပုံ ချိုချည်များ၊ အရက်ပုလင်းပုံစံဖြင့် ထုတ်လုပ်ရောင်းချသည့် အချိုရည်ဗူးများ ရောင်းချရန်မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားများအား မြန်မာစာဖြင့် ဖော်ပြပါရှိရမည့်အချက်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်းနီးကပ်သည့် အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များ မရောင်းချမိစေရန်အတွက် အထူးဂရုပြုရောင်းချပေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးရှိ အသင့်စား အစားအစာအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် မြို့မစည်ပင် သာယာဈေး၌ ရောင်းချ နေသော အသင့်စား အစားအစာအမျိုးမျိုးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ အသင့်စား အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့် အစား အစာများ ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော အစားအစာများ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့ကိုက်ညီသော ကုန်စည်များကိုသာ ဆက်လက်ဖြန့် ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)      

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ