သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(..၂၀၂) နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် စပါးရောင်းဝယ်မှုအခြေအနေများ၊ စပါး/ ဆန်ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရာတွင် ကုန်ပို့လွှာနှင့် အတူ တင်ပိုဆောင်ရွက်ရန်ကိုလည်းကောင်း တင်ပြမေးမြန်းဆွေးနွေးပြီး၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo တွင် လစဦ်ကုန်ရ၊ ကုန်ထုတ် စာရင်းများကို လဆန်းရက်များတွင် မဖြစ်မနေဖြည့်သွင်းရန်၊ သက်တမ်းတိုးပြည့်မီသူ လုပ်ငန်းရှင်များက သက်တမ်းတိုးလုပ်ငန်းကို ဆောင်ရွက်ရန်ကိုလည်းကောင်း၊  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ် ပေးရေးဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

                 စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့ နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာရှိ (အ.လ.က)ကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံဒေါ် ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ကျေးရွာရှိ (အ.လ.က‌)ကျောင်းနှင့် ကျွန်းလှမြို့ နယ်၊ ကျောင်းအင်းရွာ (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုသေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ် သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကိုရှင်း လင်းဆွေးနွေး အသိပညာပေးခဲ့ပြီး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

                       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြတ်နန်းဦးသောက်ရေသန့် လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း ပြီးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာတို့ကို ရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကိုဆွေး နွေးခဲ့ကြောင်း၊ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ KKKဆီစက်လုပ် ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန် ကြားချက်များနှင့်အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကိုဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြ ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Msme လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဆွေးနွေးခြင်း

         ၅.၁.၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် မအူပင်မြို့နယ် Msmeလုပ်ငန်းရှင်(၇)ဦးအား မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ လစဉ် ဆီရရှိမှုများကိုလည်း လုပ်ငန်းရှင်ထံသို့ ရရှိမှုပိဿာများအတိုင်း မှန်ကန်စွာထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်းကောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းရှင်တိုမှ ထုတ်လုပ်သော ကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်စေရေးတို့ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းကျင်စဉ်နှင့် အညီထုတ်လုပ်ပြီး သက်ဆိုင်ရာဌာနဆို့၏ ထုတ်ပြန်ထားသော ဥပဒေ၊ ပြဌာန်းချက်၊ အမိန့်ညွှန်ကြားချက်များကို လိုက်နားဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်နှင့်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)အား တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ တက်ရောက်ခြင်း

 

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၊ ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းဝေး (၁/၂၀၂၆)အား တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူးမှ ယခင်အစည်းအဝေးဆုံးဖြတ်ချက် များမှ လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ယခုအစည်းအဝေး အစီအမံများအား အတည်ပြုချက်ရယူခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများမှ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ကော်မရှင်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြား၍ အစည်းအ‌‌‌ဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဟင်္သာတမြို့နယ် ပြည်သူအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၅.၁.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ(၇၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ကုမ္မဏီများမှစားသုံဆီ ဖြန့်ဖြူးပေးနေသည့်အပေါ် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြီးကြပ်စီစစ်ဆောင်ရွက်မှုများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(ConsumerInformation and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေး ဆွေးနွေးခဲ့  ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စစ်ကိုင်းမြို့တွင် သယ်ယူပိုဆောင်ရေးဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေး

                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ခရီးသည် ပိုဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေအ‌နေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးရန်၊ အများသုံး သယ်ယူပိုဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ ခရီးသည် ပို့ဆောင်မှုနှင့်  ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှု ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ကုန်းလမ်း ပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ ကားကြီးကွင်း ရှိ “မြတ်မန္တလာထွန်း” နှင့် “နယူးမန္တလာထွန်း” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယာဉ်လိုင်းတာဝန်ခံ များအား ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါကစားသုံးသူ စိတ်ကျေနပ်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး မှသာ မော်တော်ယာဉ်အား စေလွှတ်ခြင်းများ ဆောင်ရွက်ရန်  ရှင်းလင်ပြောကြားပြီး အသိပညာပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         (၆.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊  စံပြဖဆပလရပ်ကွက်၊ ဖဆပလဈေးအတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဧရာဝတီပေါ်ဆန်း၊ ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်နိုင်မှု အခြေအနေ

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

               ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအကာအကွယ် ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့ နံနက်(၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်၊  သဖန်းဆိပ်ကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ် ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူ အခွင့် အရေး()ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက် နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်း များကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံး သူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း) 

 

 

                                                                   

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

                   ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ()ရက်နေ့၊ နံနက် (၀၈;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ တပ်ကုန်းရပ်ကွက်ရှိ KKK” မြေပဲ ဆီသန့်စက် လုပ်ငန်းရှင် နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း()ကြိမ် ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများ ထုတ်လုပ် ရောင်းချခြင်း နှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှုအခြေအနေ၊  ထွက်ရှိသည့် ဆီများ/မြေပဲပတ်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကိုမေးမြန်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း စီးပွားရေး လုပ်ငန်းရှင်တိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၄)ပါ ပြစ်မှု /ပြစ်ဒဏ် များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်း ရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင် ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန် ပြီး()လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင် အသက်ဝင် လာပြီး မှတ်ပုံတင် မရှိဘဲ Online Sales ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ()အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့တွင် စတင်အသုံးပြုခဲ့တာ ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်း နှင့် မှတ်ပုံတင် မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက် များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထား ဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး လျှောက်ထား ဆောင်ရွက်ရန် လိုအပ်သည့် အချက်အလက်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။    

 DOCA(စစ်ကိုင်း)                                                                                                             

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ