သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့မှ ဆန်သိုလှောင်ရုံများအား  ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့နှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာရှိ ပြုံးကမ္ဘာဆန်စက်နှင့် ဦးကြည်လိန်ဆန်စက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံ တင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များ အား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

 DOCA (မွန်)

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးကျော်နိုင်မှ စားအုန်းဆီ ရောင်းချနေမှုအား စစ်ဆေးခြင်း

      ၉.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ သထုံမြို့နယ် အခွန်လွတ်စျေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၁၉၆) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၅)ရပ်ကွက်ရှိ၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်၊    လပွတ္တာမြို့နယ်       တာဝန်ခံ ဦးမြင့်ဌေးသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီခွဲအချိန်တွင် လပွတ္တာမြို့ (၅) ရပ်ကွက်ရှိ စတိုးဆိုင်များတွင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့၊ (၅)ရပ်ကွက်ရှိ  မီးပြတိုက် Mini Mart စတိုးဆိုင်တွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့အတွင်းရှိ ရာသက်ပန်ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်၊ ဖိုးလပြည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ချိုချိုဆေးအရောင်းဆိုင်တို့အား ဆေးဝါးပြတ်လပ်မှု မရှိစေရေး၊ စျေးနှုန်းမြှင့်တင်‌ရောင်းချမှု မရှိစေရေးတို့အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းတစ်မျိုးချင်းစီအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စံမမှီ ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ စျေးကွက်အတွင်း ဆေးဝါးပြတ်လတ်မှု ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။

  မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိကြောင်းနှင့် စျေးနှုန်းစျေးကွက်တည်ငြိမ်လျက်ရှိပြီး ပှံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

    DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မိုးကောင်းကင်ဆန်ဆိုင်၊ ထက်ဆန်ဆိုင်၊ ဧရာမင်းဆန်ဆိုင်တို့အား ဆန်စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် တာဝန်ခံတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     ကျိုက်ထိုမြို့နယ်သည် ဆန်လိုမြို့နယ်ဖြစ်သောကြောင့် မြို့နယ်အတွက် လိုအပ်သော ဆန်၊စပါးများကို ဝေါမြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပဲခူးတိုင်းတို့မှ ဝယ်ယူ၍ မြို့နယ်အတွင်း ပြန်လည်ရောင်းချနေကြကြောင်း သိရှိရပါသည်။

        DOCA (မွန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ ဆေးဆိုင်နှင့်ကုန်မျိုးစုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊    အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိမ်မဲမြို့ အိမ်မဲကြီးရပ်ကွက်ရှိ ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်ရှိ  ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဘူသီးဒိုက်ပါတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ Puma Power International Port Terminal ဆိပ်ကမ်းသို့ ရောက်ရှိ

       ၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ လမ်းပန် ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆန်းနိုင်၊ သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော် တို့သည် Luex အမျိုးအစား၊ အနက်ရောင် ယာဉ်အမှတ် 3Q/ 8081  ယာဉ်ပါ ၁၀ စီး ဖြင့် ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ အတွင်းရေးမှူး ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဦးနှင့် ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေး တို့မှ ကြိုဆိုခဲ့ကြကြောင်း၊ ယင်းနောက် Zar Min Industry Co.,Ltd ဧည့်ခန်းမ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ စက်သုံးဆီ သိုလှောင်ထားမှုနှင့် ဖြန်ဖြူပေးနေမှု အခြေအနေတို့အား မေးမြန်းရာ ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေး မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Myanmar Energy King (MEK) Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့မှ ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သော စက်သုံးဆီများအား ပြည်ပ (ပင်လယ်ရေကြောင်း)မှ တင်သွင်းဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် Puma Power International Port Terminal ရှိ  ဆီလှောင်ကန်တွင် စက်သုံးဆီများ သိုလှောင်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး စက်သုံးဆီတင် ယာဉ်များ ရပ်နားနိုင်ရန်အတွက် ဆိပ်ကမ်းအနီးတွင် ကားဝင်နေရာတစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ရာ မွန်ပြည်ဝန်ကြီးချုပ်မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းနောက် ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်မှ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီရောင်းချမှု အခြေအနေတို့အား ရှင်းလင်း တင်ပြခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် က မွန်ပြည်နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးတွက် ဆီပန့်များ ထပ်တိုးသွားရန်နှင့် ဆီဖြန့်ဝေမှု ရပ်ဆိုင်းမသွားစေရန်လိုအပ်ကြောင်း၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက စက်သုံးဆီ ဆိုင်များကို စက်သုံးဆီများ အလှည့်ကျစနစ်ဖြင့် ရောင်းချ ပေးရန်တို့အား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ မွန်ပြည်ဝန်ကြီးချုပ်မှ နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး စီစဥ်ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆီအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိပြီ ဆီပြတ်လပ်မှုမရှိစေရေး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းသို့ စက်သုံးဆီရောက်ရှိစေရေးတို့အား လုပ်ဆောင်ပေးရန်၊ မွန်ပြည်နယ် အစိုးရအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့်အရာများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး မွန်ပြည်ဝန်ကြီးနျင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြိးများသည် Yar Zar Min Industry Co.,Ltd Puma Power International Port Terminal ရှိ  ဆီလှောင်ကန်တွင် စက်သုံးဆီများသိုလှောင်ထားရှိမှုနှင့် စက်သုံးဆီတင်သင်္ဘောမှ ဆီလှောင်ကန်သို့ ဆီဖြည့် သွင်းနေမှု၊ ဆီတင်ယာဉ်များ ဆီဖြည့်ပေးနေမှု အခြေအနေတို့အား လှည့်လည်

ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ၀၉၅၀ အချိန် မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

   DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌MZ” အမှတ်တံဆိပ် ဂျယ်လီထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၀.၁၁.၂၀၂ ရက်နေ့တွင် “‌MZ အမှတ်တံဆိပ် ဂျယ်လီထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအား စစ်ဆေးခြင်း

      ၈.၁၁.၂၀၂၅ ရက်နေ့ နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးဝင်းလွင်မှ သထုံမြို့နယ် အခွန်လွတ်စျေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့သည်။

      ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၁၉၆) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ လက်လီလက္ကားစားသုံးဆီဆိုင်များအား ရှောင်တခင်သွားရောက်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက်လီ/လက္ကားရောင်းချသောဆိုင်ရှင်များအား စားသုံးသူပြည်သူများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချဖြန့်ဖြူးပေးရန်၊ သက်ဆိုင်ရာအထက်ဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချပေးရန် စားသုံးဆီခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် ရောင်းချသည့်ဈေးနှုန်းအား ချိတ်ဆွဲထားရှိရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးကြရန်၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ