သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား Online Sale နှင့်ပက်သက်၍ အသိပညာပေးဟောပြောခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူ (၁၂) ဦးအား ကျိုက်လတ်မြို့နယ စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံရုံးတွင် Online Sale နှင့်ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

                        မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက လူထုဆက်သွယ်ရေး နည်းလမ်းများ ဖြစ်သော Facebook page ၊ Tik Tok  အစရှိသော သတင်းမီဒီယာများတွင် Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများနှင့် ပက်သက်၍ Online မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ Online ပေါ်တွင် လိမ်လည်မှုများ ဖြစ်ပေါ်နေ၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် Online မှတ်ပုံတင်ခြင်း၊  မိမိတို့၏ ကုန်ပစ္စည်းနှင့် မိမိလုပ်ငန်းများအား တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် လုပ်ငန်းရှင်ဘက်မှ လိုက်နာဆောင်ရွက်ကြရန် Online မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက် များကို အကျယ်တဝင့် ရှင်းပြခြင်း၊ Online မှတ်ပုံတင်ရာတွင် website မှဝင်ရောက်၍ လျှောက်လွှာရေးသွင်း မှတ်ပုံတင်နည်း အဆင့်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

                                      ထို့အပြင် စားသုံးသူများသာမက ကုန်စည်နှင့် ဝန်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့် ပက်သက်၍ သိရှိလိုသည် များကို မည်သူမဆို မေးမြန်းနိုင်ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါကလူကိုယ်တိုင်သော်လည်းကောင်း၊လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊သက်ဆိုင်ရာဦးစီးမှူးရုံးသို့သက်သေခံအ ထောက်အထား နှင့်အတူ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟော ပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ ရွာသာယာ (အ.မ.က) ကျောင်းတွင် ကျောင်းသား/သူများ အား စားသုံးသူအသိပညာပေးခြင်း

                  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့ သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွာသာယာ အ.မ.က‌ ကျောင်းတွင် ဆရာ/မ (၅)ဦး၊ ကျောင်းသား/သူ (၁၁၁) ဦး၊ စုစုပေါင်း (၁၁၆) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါဟောပြောရာတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ကျောင်းသား/သူများအား မုန့်များကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသောမုန့်များကိုဝယ်ယူစားသုံးရန်နှင့် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား များတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ လိပ်စာအပြည့်အစုံ စသည့်ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သော မုန့်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေး၊တာရှည်ခံ ဆေးများဖြင့် ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကိုဝယ်ယူသုံးစွဲ ခြင်းမပြုရန် ကျန်းမာရေးအတွက် အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးရန်လိုအပ်ကြောင်း ဟော ပြောခဲ့ပြီး ကျောင်းမုန်းဈေးတန်းရှိ မုန့်ဆိုင်များအား ရောင်းချနေ သောမုန့်များတွင် FDA ထောက်ခံချက် များ ပါ/မပါ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကြံခင်းမြို့နယ် ဆန်ဆိုင်နှင်ဆန်စက်လုပ်ငန်းရှင်များအား MyRo တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၁၂.၂၀၂၅)ရက် နေ့လည်(၁၂:၀၀) အချိန်တွင် ကြံခင်းမြို့နယ်ထွေအုပ်ရုံး ဧရာဦးခန်းမ၌ ဆန်စက်လုပ်ငန်းရှင်(၂၀)ဦး အား My Ro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ ပြည်တွင်း ၌ ဆန်စပါး ဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်း ဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်‌ ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ်တကျစာရင်း ပြုစု မှတ်တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်လုပ်ငန်းစဉ်များအား အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မှတ်ပုံ တင်ထားပြီးသည့်   ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လ ဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

                          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည်  (၂၄.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ဆန် စပါးသိုလှောင်ရုံပိုင်ဆိုင်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် အမိန့်အမှတ် ၈၂/၂၀၂၄ အရ ထုတ်ပြန်ထား သည့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်အညီ MyRo တွင် မှတ်ပုံတင်လျှောက်ထား မည့် ဆန်စပါးသိုလှောင်ရုံသည် ဆန်တန်ချိန် (၂၅)နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်နိုင်သည့် အကျယ်အဝန်းရှိရမည်၊ ကုန်တင်ယာဉ်များ လွယ်ကူစွာ ဝင်ထွက်သွား လာနိုင်သည့်နေရာ၊ ဆန်စပါးသိုလှောင်ရုံ ဘေးပတ်ဝန်းကျင်တွင် ရေစီး‌ရေလာ ကောင်းမွန်စေရေး၊ သိုလှောင်ရုံအတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး စီမံဆောင်ရွက်ထားရှိရမည်၊  အမိုး/အကာ/ အခင်းများ ခိုင်ခံ့ပြီး ကောင်းမွန်မှုရှိရမည်၊ မီးဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်မှုများ စီမံထားရှိခြင်း၊ ကုန်ကြမ်းစပါးနှင့်ကုန်ချော ဆန်များကို သီးခြားထားရှိရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံပိုင်ဆိုင်သူ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါက တာဝန်ခံပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသား စစ်ဆေးရေးကတ်ပြားမိတ္တူ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေး ကတ် ပြားမိတ္တူ၊ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူသည် အိမ်ထောင်စုလူဦးရေစာရင်း၊ ပိုင်ဆိုင်ကြောင်း သက် ဆိုင်ရာထောက်ခံချက်၊ ဆန်စပါးသိုလှောင်ရုံ တည်နေရာ၊ အတိုင်းအတာနှင့်အမျိုးအစားမှန်ကန် ကြောင်း ဦးစီးမှူးရုံး၏ ထောက်ခံချက်၊ ပိုင်ဆိုင်သူ၏ ဝန်ခံကတိပြုစာ၊ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ၊ သိုလှောင်ရုံ၏ရောင်စုံဓါတ်ပုံ (ရှေ့၊နောက်၊ဘယ်၊ညာ၊အတွင်း) စသည်တို့ကို ပြည့်စုံစွာဖြင့်   ဖြည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ကြေးကို သိုလှောင်ရုံအကျယ်အဝန်း အလိုက် ဝန်ကြီးဌာန၏ သတ်မှတ်နှုန်းထားများအတိုင်း ဦးစီးဌာနက သတ်မှတ်သည့် ဒီဂျစ်တယ် ငွေပေးချေမှုဖြင့် ပေးသွင်းရပြီး မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ စတင်ထုတ်ပေးသည့်နေ့ရက်မှ တစ်နှစ်တိတိ ပြည့်မြောက်သော နေ့ရက်အထိဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ဘိုကလေးမြို့နယ် “ဇာမဏီ” ဖယောင်းတိုင်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးတိုးတက်ရေး ကွင်းဆင်းစိစစ်

                    ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀ နာရီ အချိန်တွင် (၁၅)လမ်း၊ (၉) ရပ်ကွက်ရှိ ဦးဟန်မင်းဦး ပိုင်ဆိုင်သော “ဇာမဏီ” ဖယောင်းတိုင်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

             လူသုံးကုန်ဖြစ်သော “ဇာမဏီ” ဖယောင်းတိုင် လုပ်ငန်းမှ ကုန်ကြမ်းအနေဖြင့် ဖယောင်းခဲနှင့် ကြိုးတို့ပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှု အနေဖြင့် ဖယောင်းတိုင် အကြီး/အသေး အထုပ်(၂၀၀) ခန့် ယခုလတွင် ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဖယောင်းတိုင် အတို(ရှယ်) ဈေးနှုန်း (၃၀၀၀) ကျပ်၊ (၁၅) တိုင်ပါ အသေးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ (၃၂) တိုင်ပါ (ရှယ်) တစ်ထုပ်လျှင် (၁၉၀၀) ကျပ်၊ (၃၂) တိုင်ပါ အနီကြီး တစ်ထုပ်လျှင် (၁၇၀၀) ကျပ်ဖြင့် အမျိုးအစားအစုံကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိသည်။ လုပ်သားအနေဖြင့် (၃) ဦးထားရှိပြီး နေ့စားခ(၆၀၀၀/၇၀၀၀) ကျပ်နှုန်းဖြင့် ပေးချေရသည်။ ဈေးကွက် အနေဖြင့် ဒေသအတွင်း၌သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

               ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အရည်အသွေး ပြည့်မီသည့် ကုန်စည်များကိုသာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး Talk Show ပြုလုပ်

                  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေး Talk Show ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ပြုလုပ်ခဲ့ပါသည်။

                    စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ ၊ အခန်း(၁၈) ၊ ပုဒ်မ (၄၁) (၄၂) (၄၃) တို့အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြချက်(၈)ချက်မှာ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် ၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်/ သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ စသည်တို့ကို စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရန်လိုကြောင်း ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိ စေရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံဦးစီးမှူးများအား ဆန်စက်နှင့် သိုလှောင်ရုံ ကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေး

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် မြို့နယ်တာဝန်ခံ(၄)ဦးနှင့် ZoomMetting အသုံးပြု၍ မိမိတို့ဌာန၏ အရေးကြီးလမ်းညွှန်ချက်များကို စီမံဆောင်ရွက်နိုင်ရန်ဆွေးနွေးပွဲကို ၂၃-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀၃၀ အချိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

            မအူပင်ခရိုင်ဦးစီးမှူး ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးများ မိမိမြို့နယ်အတွင်းမှ အခြားဒေသသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် ကုန်ပို့လွှာများ ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်များရှိ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ယနေ့အထိ ဆန်နှင့်ဆန်ကွဲတင်ပို့မှုစာရင်းအား နေ့လည် ၁၄:၀၀နာရီအရောက် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြရန်နှင့် ခရိုင်ဦးစီးမှူးရုံးမှ တိုင်းရုံးသို့ ဆက်လက်တင်ပြရမည်ဖြစ်၍ အလေးထားဆောင်ရွက်ပေးပါရန်ကိုလည်းကောင်း၊ MyRo တွင် မှတ်ပုံတင် ထားသော လုပ်ငန်းရှင်များအနေဖြင့် (၁)ရက်နေ့မှ (၇)ရက်အတွင်း မိမိမြို့နယ်ရှိ ဆန်၊ စပါးလက်ကျန်စာရင်း မဖြစ်မနေဖြည့်သွင်းရန်ကို အသိပေးဆောင်ရွက်စေရန်၊ ဆန်စက် ကြီး၊ လတ်၊ငယ် စာရင်းများ လစဉ်စာရင်း ကောက်ခံထားရန်၊ Gasifier Boiler အရေအတွက်ကို ကောက်ခံထားရန်၊ စပါးသစ်လက်ကျန်၊ စပါးဟောင်းလက်ကျန် စာရင်များကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပတ်စဉ် တင်ပြနိုင်ရေးအတွက် မိမိမြို့နယ်အလိုက် စာရင်းပြုစု ပေးပို့ဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ စားအုန်းဆီနှင့် ပတ်သက်၍ မှန် ၆မှန်အတိုင်းတိကျစွာဆောင်ရွက်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပြည်တွင်းကုန်သွဘ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို တက္ကသိုလ်၊ တပ်ရင်းတပ်ဖွဲ့နှင့်၊ အသင်းအဖွဲ့၊ ဘဏ်၊ အကျဉ်းထောင်များတွင် အသိပညာပေးခြင်းလုပ်ငန်း ပိုမိုဆောင်ရွက်စေရန် တို့ကို မှာကြားခဲ့ပြီး မြို့နယ်များမှ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးတင်ပြခဲ့ပြီး အစည်းအဝေးကို (၁၁၃၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ

                  မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၃-၁၂-၂၀၂၅)ရက် နေ့၊‌ နေ့လယ်(၁၂:၀၀)အချိန်တွင်ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညောင်တုန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

               အဆိုပါတွေ့ဆုံ  ဆွေးနွေးရာတွင်မြို့နယ်ဦးစီးမှူးဦးအောင်လွင်က  လက်ရှိ စပါးထွက်ရှိမှုအပေါ်ဝယ်ယူနေမှု ဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊မြို့နယ် ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင် ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ မိမိမြို့နယ်အတွင်းမှ အခြားဒေသသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် ကုန်ပို့လွှာများ ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်များရှိ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ယနေ့အထိ ဆန်နှင့်ဆန်ကွဲတင်ပို့မှုစာရင်းအား ခရိုင်ရုံးသို့ အချိန်မီတင်ပြရမည်ဖြစ်သဖြင့် မို့နယ်ဦးစီးမှူးရုံးသို့ ကုန်ပို့လွှာဖြင့် တင်ပို့သော စာရင်းများရှိပါက နေ့စဉ်ပေးပို့နိုင်ရန်ကို ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ဆန်စက်လုပ်ငန်းရှင် (၁၂)ဦးတက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

                  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းနှင့် ဝန်ထမ်းများ သည် ၂၄.၁၂.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် ဓနုဖြူမြို့၊ စည်ပင်သာယာဈေး  ရှိ ဝင်းဝင်း (ကုန်စုံဆိုင်) တွင် ရောင်းချနေသော ငရုတ်ဆီ၊ ခရုဆီ ဟင်းချက် ရသာကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                                 ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပါ ရှာလကာရည်နှင့် ခရုဆီ၊ ငရုတ်ဆီ၊ ဆီသွပ်ဗူး သည် ငရုပ်ဆီနှင့်အချဉ်ရည်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာ တွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး သတ်မှတ်ချက်များနှင့်မညီသော ကုန်စည်များကို ရောင်းချနေကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလုပ်ငန်းရှင်အား  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝာာဝန်ရှိသူဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၄.၁၂.၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် အလယ်ပိုင်းရပ်ကွက် ဘုရင့်နောင်လမ်း အတွင်းရှိ  (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံ ခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ် အမှတ်တံဆိပ် အမျိုးမျိုး အသင့်ဖျော်ကော်ဖီတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရ မည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိ ကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းမရောင်းချရန်၊ သက်ဆိုင်ရာထောက်ခံချက်၊ ခွင့်ပြုချက် သတ်မှတ်ချက်များဖော်ပြပါရှိသော ကုန်စည်များကိုရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ