သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၃-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက ကုန်စုံဆိုင်များမှ ရောင်းချနေသော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များရောင်းချမှု မရှိစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုး ကုန်အညွှန်းစစ်ဆေးခြင်း

        မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၃-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၁၀)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက ကုန်စုံဆိုင်များမှ ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့ရှိ ဆန်ဆိုင်များသို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချစေရေးကွင်းဆင်း  

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ကျော်ကြား ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၂၂.၁၀.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကျော်ကြား ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချ နေသော ဆန်အမျိုးအစားများမှာ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင်ဒေါ်ခင်မြင့်အားဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ဈေးနှုန်းများတည်ငြိမ်စေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြား ခဲ့ပါသည်။

DOCA (မန္တလေး)           

ရေသန့်နှင့် အချိုရည်အမျိုးမျိုး ကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့မဈေးကြီးနှင့် မအူပင်မြို့နယ်၊ မင်္ဂလာဈေးကြီးတို့တွင် ​ရောင်းချသည့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ၃-၁၀-၂၀၂၅ ရက်နေ့ နံနက် (၀၉း)၀၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ၊ မြို့မစျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်း၍ မြို့မဈေးအတွင်း စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန် ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့်ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများ လိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊  လပွတ္တာခရိုင်၊ မှ တာဝန်ရှိသူများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ၊ တိုင်းရင်းဆေးအဖွဲ့နှင့် ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၁.၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ပဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ် မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့်  ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ  စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့ရှိ အာလူးကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် ၁၉.၁၀.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၇) ရပ်ကွက်ရှိ သဲသဲလှုပ် အာလူးကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)                                                                                     

ညောင်ဦးမြို့နယ်ရှိ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း

               မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ညောင်ဦးခရိုင်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

   My RO မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၀:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ‘‘သူ့စိတ်ကြိုက်’’ ဆန်ရောင်း ဝယ်ရေးဆိုင်သို့ကွင်းဆင်း၍ ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါ သည်။ လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁) ရက် နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင် ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာ တွင် အခက်အခဲများရှိပါက လာရောက်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)

 

မြောင်းမြခရိုင်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင် ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ၊ တိုင်းရင်းဆေးအဖွဲ့နှင့် ပူးပေါင်း၍ (.၁၁.၂၀၂၅)ရက်နေ့တွင် ခရိုင်အတွင်း၊ မြို့ပေါ်များပေါ်ရှိဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ပဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့်  ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ  စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းမျာအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည်(၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၇) ရှိ Good” သောက်ရေသန့်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့် ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း ဖြန့်ဖြူးမရောင်းချမီ သောက်ရေသန့်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုဖြင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ်ပုံအဆင့်ဆင့်၊ သောက်‌ရေသန့်များအား ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငွေကြယ်မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ဝန်ထမ်းများသည်(၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၁) ရှိ “ငွေကြယ်” မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြား‌ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး‌ ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခု(သို့မဟုတ်) တစ်ခုထက်ပိုလျက်တွဲလျက် ဖြစ်စေဖော်ပြရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ