သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

      ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)နေ့(၁၂:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသောဘိလပ်မြေအိတ်ဝယ်ရင်း ဈေးထက်အမြတ်%(၁၀%)ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေအရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက်အမြတ် (၁၀%)ထက် ပို၍ရောင်းချခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် လှည်းဆိပ်(အ မ က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

          ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးတင်စိန် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၅) ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် လှည်းဆိပ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ ဆရာမ (၅)ဦး ကျောင်းသူ/ ကျောင်းသား(၈၁)ဦးစုစုပေါင်း(၈၆)ဦးတို့အားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓာတုဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာများအကြောင်း၊ ကျောင်းနေအရွယ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် မုန့်များဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောမုန့်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စာဖတ်ပြည်သူများအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြော

        ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နို၀င်ဘာလ(၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌စာဖတ်ပြည် (၆) ဦးအားစားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးသိန်းမောင်ကစာသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများထဲမှ စားသုံးသူအခွင့်အရေးအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ဆိုင်သည့် ကိစ္စရပ်များအကြောင်း၊ ကုန်စည်၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးပေါ်တိုင်ကြားနိုင်သည့်call center1535 သို့ ဆက်သွယ်‌‌မေးမြန်း တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက ကုန်စည်၀န်ဆောင် မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်သိရှိလိုသည့်များကို မည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ‘ဝတစ်လုံး’ဆန်စက်သို့ ကွင်းဆင်း

          ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဝတစ်လုံးဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါးဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ တည်ငြိမ်မှုရှိ/ မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မိစေရေး၊ အချိန်အတွယ်နှင့် ပတ်သက်၍လည်းသတ်မှတ်ထားသည့် နှုန်းအတိုင်းပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊   MSMEs  လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်တော့ဘဲ စားဝတ်နေရေးအစဉ်ပြေကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ “ရွှေရိုး”ငပိထောင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ကနောင်စုရပ်ကွက်ရှိ “ရွှေရိုး”ငပိထောင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်များ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များ သိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်ရှိ ကျေးရွာအုပ်စုများတွင် ဆီဖြန့်ဖြူးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဒူးယားတိုက်နယ်ရှိ ကျေးရွာအုပ်စုများဖြစ်သော ဒူးယား၊ ကြပ်ကလေး၊ သပြုပင်၊ လှည်းလမ်းတက်ကျေးရွာများအား လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့် အကြိမ်ရေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ ကျေးရွာရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာရောင်းချမှုရှိ/ မရှိတို့ကို ဆီအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့ IDEA ကိုယ်ပိုင်အထက်တန်းကျောင်းတွင်ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ စံပြ IDEA ကိုယ်ပိုင်အထက် တန်းကျောင်းတွင် (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၈:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့်ကျောင်းသား/ကျောင်းသူများအနေဖြင့်ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာဖော်ပြပါရှိသောကုန် ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများပြုလုပ်တတ်စေရန်ကုန်စည်နမူနာများတွင်ပါရှိသောကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်းစားသုံးသူကာကွယ် ရေးဥပဒေနှင့် ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းသား/ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နောက် မြို့နယ်တိုင်းရင်းဆေးနှင့်မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ က သက်ဆိုင်ရာ ဌာနအလိုက် အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၂)ဦး၊ ဆရာ/ ဆရာမ(၇) ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၄၁)ဦး၊ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)           

ဟင်္သာတမြို့နယ် Online မှတစ်ဆင့် ရောင်းဝယ်မှုမှတ်ပုံတင်ထားသော လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ Online မှ တစ်ဆင့် ရောင်းဝယ်မှုပြုလုပ်နေသော လူသုံကုန်ပစ္စည်းအမျိုးမျိုး လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးခဲ့ပြီး၊ Online စနစ်ဖြင့်ရောင်းချနေသော အလှကုန်နှင့် လူသုံးကုန်၊ အဝတ်အထည်အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ ဌေးဝင်းဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ ဌေးဝင်းဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဖောင်းပြင်မြို့တွင် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ( ၇.၁၁.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေ အတွင်းရှိ ဖောင်းပြင်မြို့တွင် ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် အသင့်စား အစားအစာများ၊ ဖျော်ရည်များကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပြီး  စာသင်ကြားနေသည့် ကျောင်းသား/သူများအနေဖြင့် အတုယူမှားစေသည့် ဆေးလိပ်ပုံ ချိုချည်များ၊ အရက်ပုလင်းပုံစံဖြင့် ထုတ်လုပ်ရောင်းချသည့် အချိုရည်ဗူးများ ရောင်းချရန်မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား များအား မြန်မာစာဖြင့် ဖော်ပြပါရှိရမည့်အချက်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်း နီးကပ်သည့် အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များ မရောင်းချမိစေရန်အတွက် အထူးဂရုပြု ရောင်းချပေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ