သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်း ရှိ/ မရှိကွင်းဆင်းခြင်း

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက် သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဇီးကုန်းမြို့နယ်တွင် စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံသူရေးရာဦးစီးဌာန၌ (၇.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁) နာရီတွင် ဇီးကုန်းမြို့နယ်အတွင်းရှိ စားသာက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်ဖြန့်ဖြူး သည့်လုပ်ငန်းရှင်များနှင့် အွန်လိုင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက တွေ့ဆုံ၍ Onlie Sale ရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်း  အရာများကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  On Line ShoppIng မှတ်ပုံတင်လျှောက်ထားမည်ဆိုပါက (e-Commerce Registration  (Online) System) ဖြင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များကိုလည်းကောင်း ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအရစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ကုန်စည်များရောင်းချရာတွင်ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာဖော်ပြပြီးမှ ဈေးကွက် ဖြန့်ဖြူးကြရန် အသိပညာပေး ဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ပဲခူး)

၂၀၂၆-၂၀၂၈ မြို့နယ်ဆီကုန်သည်များအသင်းပြန်လည်ဖွဲ့စည်းရေးဆွေးနွေး

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု တည်ငြိမ်ဖွံဖြိုး တိုးတက် ရေးအတွက် အသင်းအဖွဲ့များ တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး private public production ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကိုခည်း ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ်အတွင်းရှိ  မြို့နယ်ဆီကုန်သည်အသင်းအား ၂၀၂၆-၂၀၂၈ သက်တမ်းအတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ၉.၁၁.၂၀၂၅ ရက်နေ့ နေ့လည်(၁:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာ အစည်းအဝေးခန်းတွင် အသင်းသားများနှင့် တွေ့ဆုံအစည်းဝေးလုပ်ခဖဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွေ့ဆုံပွဲသို့ ယခင်အသင်းဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ အသင်းသူ / အသင်းသား ၃၀ကျော် တက်ရောက်ခဲ့ပြီး အသင်းသစ်သားမြို့နယ်၊အထွေထွေအုပ်ချုပ်ရေး ဌာန၏ လမ်းညွှန်ချက်အတိုင်း အသင်းအဖွဲ့စည်းမျဉ်းနှင့်အညီ ပြန်လည်ဖွဲ့စည်းနိုင်ရန်၊ အသင်းပြန်လည် ဖွဲ့စည်းခွင့်ပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနသို့ လျှောက်ထားတင်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်းစိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဆကာရပ်ကွက်၊‌ တာကလေးရပ်ကွက်၊ မြဝတီရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်နှင့် နတ်မော်လမ်းတို့ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ရောင်းချမှုရှိ/ မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာယာဝတီခရိုင်တွင်ဆန်စပါးသိုလှောင်ရုံ များအား ကုန်ရ/ကုန်ထုတ်စာရင်းများ ဖြည့်သွင်းနိုင်ရေးကူညီဆောင်ရွက်ပေး

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်း ရှင်များအားလစဉ် ကုန်ရ၊ကုန်ထုတ်၊ လက်ကျန်စာရင်းများ ထည့်သွင်းခြင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိရာ (၅.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင်စားသုံးသူ ရေးရာဦးစီးဌာန၊သာယာဝတီခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး၊ သတင်းနည်းဌာနခွဲတာဝန်ခံ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများတို့က သာယာဝတီမြို့နယ် အလယ်ကုန်းဂိုဒေါင် ဧည့်ရိပ်သာဆောင် တွင်  သာယာဝတီမြို့နယ်ရှိ MyRoမှတ်ပုံတင်ထားသောလုပ်ငန်းရှင် များနှင့်တွေ့ဆုံပြီး အသိပညာ ပေးခြင်း၊ ဆွေးနွေးဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

          သာယာဝတီခရိုင် ဦးစီးမှူးရုံးတွင်လည်း ၁.၁၁.၂၀၂၅ ရက်နေ့မှ ၁၀.၁၁.၂၀၂၅ ရက်နေ့ထိ  ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များ ဖြည့်သွင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိရာ  Myro တွင်မှတ်ပုံတင်ထားသူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်လျှက်ရှိပါသည်။သာယာဝတီခရိုင် အနေဖြင့်အောက်တိုဘာလကုန်ထိ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု အခြေအနေမှာ၊ ဆန်ဆိုင်များ၊ ဆန် စပါးသိုလှောင်ရုံစုစုပေါင်း (၂၅၁)ရှိနေပြီး၊ ကျန်ရှိနေသော သိုလှောင်ရုံများကိုလည်း ဆက်လက်၍မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ Myro  သက်တမ်းတစ်နှစ်ပြည့်သူများ  သက်တမ်းတိုးနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့မှငွေစင်လင်းမုန့်လုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တည်ဆောက်ရေး(၉)လမ်းတွင် ရှိသော ဦးကျော်သီဟ၏ ငွေစင်လင်းမုန့်မျိုးစုံလုပ်ငန်းအား ဒု-ခရိုင်မှူး ဒေါ်ခိုင်ခိုင်ရီ၊ ထုတ်လုံတာဝန်ခံ ဦးဇော်ထွန်း၊ သာယာဝတီမြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင်  အရသာ အထူး ကောင်းမွန်သော ပဲအနှစ်ဂျုံ အကာဖြင့်ပြုလုပ်သော မုန့်လုပ်ငန်းခွင်မှ ထုတ်လုပ်မှု အဆင့်ဆင့် ကို လေ့လာခဲ့ပြီး မုန့်(၆)ခုပါ တစ်ဘူး လျှင် ၂၂၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ပြီး၊ဘူးတစ်ဘူးလျှင် (၇)ရက်အထိ ကြာရှည်ခံထားပြီး စားသုံးနိုင်ပါသည်။သာယာဝတီမြို့နှင့်အနီးတဝိုက် ကျေးလက်များ၊ ရန်ကုန်မြို့အထိ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း ငွေစင်လင်းမုန့်၏ ပုံရိပ်များအား သိရှိရေး သားလိုက်ပါသည်။

DOCA(ပဲခူး)

အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇယမ်းဝင်း ထူးထူးရှယ် ရွှေဒင်္ဂါးဝိုင်း နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ခရိုင်ဦးစီးမှူး ဦးဆောင်၍ ( ၈.၁၁.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် ဇယမ်းဝင်း အမှတ်တံဆိပ် ထူးထူးရှယ် ရွှေဒင်္ဂါး နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

      ဇယမ်းဝင်း အမှတ်တံဆိပ် ထူးထူးရှယ် ရွှေဒင်္ဂါး နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အား ပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင် ရွက် ရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်၌အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်  

                    ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများသိရှိလိုက်နာလာစေရန်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းအား(.၁.၂၀၂၅)ရက်နေ့လယ်(၁၃;၀၀)နာရီတွင်ဝက်ကေအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၌ ကျင်းပခဲ့ပါ သည်။

          ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေကအဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ  ဒေါ်မြင့်မြင့်ခင်က စားသုံသူကာကွယ်ရေးဆိုင်ရာ  စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအား ကုန်စည်တိုင်းတွင် ပြည့်စုံစွာဖော်ပြ ပါရှိရေး စားသုံးရန်မသင့်သောအစားအစာများ သတင်းအချက်အလက်များကိုလေ့လာ၍ ရွေးချယ်  ဝယ်ယူစားသောက်နိုင်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေး   နှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ ကိုလည်းကောင်း ၊ ဒုဦးစီးမှူး ဒေါ်ရီရီမြင့်မှ ပုံပြင်စာအုပ်များဖတ်ပြခြင်းဖြင့် ကလေးငယ်များ စိတ်ပျော်ရွင်မှု ရင်းနှီးရိုင်းပင်းစွာ နေထိုင်နိုင်မှု များရရှိလာစေရန်ပြောကြားခဲ့ပါသည်။

          ထိုနောက် ကျောင်းသူ၊ ကျောင်းသားများအား နံရံကပ်စာစောင်များဖြင့် စာအုပ်စာပေ ဖတ်ကြစို့ခေါင်းစဉ်ဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပြသဖတ်ရူစေ၍ အသိပညာပေးဟောပြောမှုအားပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA (ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ  ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃၅၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ