သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ “Soe Pyae Pyae Moe” အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ SP BLOOM LAB Co.,Ltd  သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော SP BLOOM LAB Co.,Ltd  တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများ ကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်းရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  ဆီအသင်းမှရရှိသော စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီစနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူပြည်သူများ မြင်သာထင်သာရှိစေရန် ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲထားရှိရန်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ရုံးလုပ်ငန်းများနှင့် ဆန်စပါးသိုလှောင်ရုံ မှတ်တမ်းတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ထားရှိမှုနှင့် ဆန်/စပါး လက်ကျန်အခြေအနေများ စစ်ဆေး

  မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်း ခရိုင်ဦးစီးမှူးသည် မအးပင်ခရိုင်ရုံးအောက်ရှိ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ရုံးလုပ်ငန်းများ တာဝန်ချဆောင်ရွက်ထားရှိပြီး ပန်းတနော်အနေဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို လစဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ခရို်ငဦးစီးမှူးနှင့် အဖွဲ့သည် ဆန်စပါးသိုလှောင်ရုံ မှတ်တမ်းတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ထားရှိမှုနှင့် ဆန်/စပါး လက်ကျန်အခြေအနေများ ကိုပါ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ပန်းတနော်မြို့နယ်အနေဖြင့် MyRo တွင် ဆန်စပါး မှတ်ပုံတင်ထားရှိမှု၊ သက်တမ်းတိုး ဆောင်ရွက်ထားရှိမှုနှင့် စပါး/ဆန် လက်ကျန်စာရင်းပြုစုထားရှိမှု အခြေအနေများကို လစဉ် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြနိုင်ရေးနှင့် မြို့နယ် ငယ်စာရင်း လုပ်ငန်းရျင်တစ်ဦးချင်းစာရင်းများကို ရက်အလိုက် လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင် ရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရန်ကို မှာကြားဆွေးနွေးခဲ့ပြီး ခရိုင်တာဝန်ရှိသူများမှ အခါအားလျော် စွာ စစ်ဆေးသည့်အခါ မြေပြင်ဖြစ်တည်မှုနှင့် ကိုက်ညီမှုရှိစေရေး အမှန်တင်ပြနိုင်ရေးကို မြို့နယ်တာဝန်ခံအား ခရိုင်ဦးစီးမှူးမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ အောက်တိုဘာ လများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၄၉၅၅၀၀ တင်း၊ ဆန် ၂၉၅၀ အိတ်၊ ကုန်သည် စပါး ၂၂၀၀၀ တင်း၊ ဆန် ၂၅၀ အိတ်၊ ဆန်စက်ပိုင်ရှင်  ၁၈၀၀၀၀ တင်း၊ ဆန် ၅၂၀၀ အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၃၆၀၀ အိတ်၊ စုစုပေါင်း စပါး ၆၉၇၅၀၀ တင်းနှင့် ဆန် ၁၂၀၀၀ ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှု အရသိရပြီး မြေပြင်လုပ်ငန်းရှင်တစ်ဦးခြင်း စာရင်းများကို မြို့နယ်တာဝန်ခံရုံးတွင် စာရင်းပြုစု၍ လစဉ်ဖိုင်တွဲဆောင်ရွက်ထားရှိရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

လက်လီကိုယ်စာလှယ်များမှ စားအုန်းဆီ ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ် စားအုန်းဆီ ကြီးကြပ်ရေးအဖွဲ့သည် မော်လမြိုင်မြို့နယ်ရှိ Central Myanmar Co,ltd မှ မော်လမြိုင်မြို့ကွင်းရပ် လက်လီကိုယ်စားလှယ် ဒေါ်ဌေးဌေးဝင်းမှ စားအုန်းဆီ ၄၄၀ ပိဿာ၊ Central Myanmar Co,ltd မှ မရမ်းကုန်းရပ် လက်လီ ဝေယံထက်လင်း မှ ၃၉၆ ပိဿာ၊ Zabu Kan Tun Co,ltd မှရွှေတောင်ရပ် လက်လီ ဒေါ်မာလာ မှ ၂၂၀ ပိဿာ၊ ထားဝယ်စုရပ် လက်လီ ဒေါ်ယဉ်ဌေး မှ ၂၂၀ ပိဿာ၊ လက်လီ ဒေါ်ပျိုသိန်း မှ အမှတ်၁ ဈေးကြီး ၄၄၀ ပိဿာ၊ ပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်ဆင်း စစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် နေရာ၊အချိန်၊ဈေးနှုန်း၊အချင်အတွယ် မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်း ရှိ/မရှိ‌ စျေးကွက်ကွင်းဆင်း

        ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မြို့နယ်ကျန်းမာရေး၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်း ရှိ/မရှိ‌ စျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်းမရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် လူကြီးဖြည့်စွက်စာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီဗူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စားသောက်ဆိုင်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းချစေရေးအတွက် ကွင်းဆင်းစစ်ဆေးပညာပေးခြင်းကို ၁၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီ က မြို့နယ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က  စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ စားသောက်ကုန်တန်ဖိုးများကို ကြိုတင်အသိပေးကြော်ငြာထားခြင်း ရှိမရှိ၊ အခွန်ပါရှိပါက ကိုတိငသတိပေးထားခြင်း ရှိမရှိ၊ မှာယူမှုများကို အချိန်နှင့် တပြေးညီဝန်ဆောင်မှု ပေးနိုင်ရန်နှင့်၊ အစားအသောက်ချက်ပြုတ်ရာတွင် သန့်ရှင်းသော သားငါး၊ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ရန်၊ ဆိုင်ဝန်ထမ်းများ ကျန်မားရေးစစ်ဆေးချက်များဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားနိုင်ရန် အစရှိသည့် စားသောက်ဆိုင်များအနေဖြင့် အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နေ့စဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် ဆိုင်များကို သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     ၈.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀:၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦး သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများ အား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အထက(၂)ကျောင်း စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂း၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အထက(၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ (၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါကုန်စည်၏အမျိုးအမည်အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၅)ဦး ကျောင်းသား/ ကျောင်းသူ(၁၁၅)ဦး၊ ကျောင်းမုန့်ဈေးသည် (၅)ဦး၊ ပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ